တေလာဆွစ်ဇ်ရဲ့စကားတစ်ခွန်းကြောင့် Apple ကုမ္ပဏီမူဝါဒပြောင်းလဲခဲ့


ပရိသတ်တွေကို အခမဲ့ သီချင်းနားထောင်ခွင့် ပေးထားတဲ့ ၃လအတွင်း သီချင်းပိုင်ရှင်တွေကို အခကြေးငွေ ပေးမှာမဟုတ်ဘူးဆိုတဲ့ Apple ဟာ တေလာဆွစ်ဇ်ရဲ့ စကားကြောင့် သူတို့ရဲ့ မူဝါဒကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

Apple Music ရဲ့မူဝါဒနဲ့ ပတ်သက်ပြီး တေလာဆွစ်ဇ်ပြောခဲ့တာက
"သုံးလဆိုတဲ့အချိန်က အကြာကြီးပါ။ ဒီအတောအတွင်း ပိုက်ဆံမပေးပဲ အလုပ်လုပ်ပေးရတယ်ဆိုတာ မတရားပါဘူး။ Apple က ၃လတာ ကာလအတွက် သီချင်းပိုင်ရှင်တွေကို ငွေကြေးပေးချေနိုင်တဲ့ အင်အားမျိုး ရှိပါတယ်။ ကျွန်မတို့လည်း Apple ကုမ္ပဏီ ဆီက Iphone အလကားပေးပါလားလို့
မတောင်းဖူးပါဘူး။ ဒီအတွက် ကျွန်မတို့ရဲ့ တေးသီချင်းကိုလည်း တန်ရာတန်ကြေးမပေးဘဲ မတောင်းသင့်ပါဘူး" လို့ Apple ကုမ္ပဏီထံကို အိတ်ဖွင့်ပေးစာ ရေးခဲ့ပါတယ်။


ဒီနောက်မှာတော့ Apple ကုမ္ပဏီ အမှုဆောင် အက်ဒီကူးက သူတို့ရဲ့မူဝါဒကို ပြန်ပြင်ခဲ့ပြီး ပရိသတ်တွေကို တေးသီချင်း
အခမဲ့စမ်းသပ်နားထောင်ခွင့် ပြုမယ့် ၃ လတာ ကာလအတွက် သီချင်းပိုင်ရှင်ကို ငွေကြေးပေးချေသွားမည်လို့ အတည်ပြုခဲ့ပါတယ်။

Nz (ရိုးရာလေး)

မှတ်ချက်များ