ခင်ပွန်း ဖြစ်သူရဲ့ ပြုစု စောင့်ရှောက်မှုကြောင့် ကံအကောင်းဆုံး အမျိုးသမီး ဖြစ်ခဲ့ဟု ဆို


ဂေးလန်ရှန်ဟာ အသက် (၂၇)နှစ် အရွယ်မှာ မတော်တဆ ဖြစ်စဉ်ကြောင့် ညာဘက်လက် ဆုံးရှုံးလိုက် ရပါတယ်။ ဒါပေမဲ့ ဂေးလန်ရှန်ကို အလွန် ချစ်တဲ့ ခင်ပွန်း ဖြစ်သူကြောင့် ဘ၀ကြီးကို အပြုံး မပျက် နေထိုင် နိုင်ခဲ့ ပါတယ်။ ပြီးခဲ့တဲ့ (၁၃)နှစ်တာ ကာလ အတွင်းမှာ ဂေးလန်ရှန်ဟာ ခင်ပွန်း ဖြစ်သူကြောင့် စိတ်ချမ်းသာ ခဲ့တာကြောင့် သူ့ကိုယ်သူ ကံအကောင်းဆုံး အမျိုးသမီး အဖြစ် ကြွေးကြော် သွားခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံ အကြောင်းကို သြစတြေးလျ ရုပ်သံ အစီအစဉ် တစ်ခုက ရိုက်ကူး ပြသခဲ့ရာ လူကြိုက် အလွန် များခဲ့ တယ်လို့ သိရ ပါတယ်။

ဇနီးမောင်နှံ နှစ်ဦးဟာ တစ်ဦးနဲ့ တစ်ဦး ကြင်နာစွာ နေထိုင် ခဲ့ပြီး ဇနီးဖြစ်သူ မသန်စွမ်း ဘ၀ကို ရောက်နေချိန်မှာ စွန့်ခွာ သွားခြင်း မရှိဘဲ အနီးကပ် ပြုစု စောင့်ရှောက် ခဲ့တဲ့ ခင်ပွန်း ဖြစ်သူရဲ့ လုပ်ဆောင်ချက်တွေဟာ အားလုံးကို အံ့အားသင့် စေခဲ့ ပါတယ်။ မာ့ခ်လန်ရှန်ဟာ ပြီးခဲ့တဲ့ (၁၃)နှစ် အတွင်း ဇနီး ဖြစ်သူကို ထမင်းကျွေးခြင်း၊ အလှပြင် ပေးခြင်း စတဲ့ ကိစ္စ အရပ်ရပ်ကို လုပ်ဆောင် ပေးခဲ့ ပါတယ်။

ဂေးလန်ရှန်က မိမိ ခင်ပွန်း ဖြစ်သူဟာ နှလုံးသား လှသူ ဖြစ်ကြောင်း၊ အဆိုးဆုံး အခြေအနေတွေကို အကောင်းဆုံး ဖြစ်အောင် လုပ်ပေး ခဲ့ကြောင်း၊ မနက် မိုးလင်းပြီ ဆိုရင် သွားတိုက်ဖို့က စပြီး လုပ်ဆောင်ပေးကြောင်း၊ အစားအသောက် စားခြင်း၊ အလှပြင်ပေးခြင်း စတာတွေ အပြင် မြင်းစီး နိုင်အောင်ကိုလည်း ကူညီ ပေးကြောင်း၊ ထို့ကြောင့် မိမိ အနေဖြင့် ဘ၀ကြီးကို အေးဆေးစွာ နေထိုင် ခဲ့ရခြင်း၊ မိမိ အနေဖြင့် စိတ်ပျက်စရာများ ကြုံခဲ့သော်လည်း ကံအကောင်းဆုံး အမျိုးသမီး ဖြစ်ခဲ့ကြောင်း၊ မိမိနှင့် ပတ်သက်ပြီး အံအားသင့် နေသူ အများအပြား ရှိကြောင်း ပြောကြား ခဲ့ပါတယ်။

messenger

မှတ်ချက်များ