မြေအောက်ပေ ၇၉၀ က သက်တံသဘာဝလှိုဏ်ဂူ





သဘာဝထုံးကျောက်လှိုဏ်ဂူ Reed Flute Cave (ကျူပလွေလှိုဏ်ဂူ) ဟာ ခရီးသွားတွေရဲ့စိတ်ဝင်စားမှုရရှိခဲ့တာ ၇၈၂ အေဒီ ထန်မင်းဆက်ကတည်းကဖြစ်လို့ နှစ်ပေါင်း ၁၂၀၀ ကျော်ခဲ့ပါပြီ။

အခုဖော်ပြထားတဲ့ဓာတ်ပုံတွေအရ ကမ္ဘာမြေအောက် ပေ ၇၉၀ မှာတည်ရှိနေတဲ့ အရောင်အသွေးအစုံဆုံးလှိုဏ်ဂူရဲ့ မင်သက်ဖွယ်အလှကို မြင်တွေ့နိုင်မှာပါ။ အမေရိကန်ဓာတ်ပုံဆရာ စကော့တ်ဂရေဟမ်ဟာ တရုတ်နိုင်ငံ ကွေ့လင်နယ်က သက်တမ်း နှစ်သန်းပေါင်း ၁၈၀ ရှိတဲ့ ကျူပလွေလှိုဏ်ဂူကို သွားရောက်ပြီး မျက်စိအေးစရာ အပြာရောင် အနီရဲရဲနဲ့ အစိမ်းရောင်တောက်တောက်တွေ ဖုံးလွှမ်းကာ သက်တံရောင်ပေါက်နေတဲ့ သဘာဝလှိုဏ်ဂူကို မှတ်တမ်းတင်ခဲ့ပါတယ်။ 'ကျွန်တော့်ကို ဒေသခံလမ်းညွှန်တစ်ယောက်က မရောက်မဖြစ်နေရာလို့ပြောပြီး ခေါ်သွားခဲ့တာပါ။ ဒီလှိုဏ်ဂူဟာ ကျောက်စက်ပန်းဆွဲတွေ ကျောက်စက်မိုးမျှော်တွေနဲ့ အရမ်းကိုလှပပါတယ်။

တရုတ်တွေရဲ့ အလင်းပေးပုံ ကောင်းမွန်မှုကြောင့် အရမ်းကိုမျက်စိပသာဒဖြစ်ပါတယ်' လို့ စကော့တ်က ဆိုပါတယ်။ ကျူပလွေလှိုဏ်ဂူလို့ အမည်ပေးထားတာကတော့ ဝင်ပေါက်အနီးမှာပေါက်နေတဲ့ ကျူပင်တစ်မျိုးကို အစွဲပြုမှည့်ခေါ်ထားတာပါ။

yoyarlay

မှတ်ချက်များ