![]() |
| Photo credit - Dailymail |
မယ်လာနီလို့ အမည်ရတဲ့ တောကြောင်လေးက လူတွေရဲ့ အပြုအမူ ၁၀၀ကို သင်ယူတတ်မြောက်ခဲ့ပြီး သူ့ခန္ဓာကိုယ် အရွယ်အစားနဲ့ လိုက်ဖက်တဲ့ စက်ဘီးကိုလည်း ကျွမ်းကျွမ်းကျင်ကျင် စီးတတ်ပါတယ်။ ဒီအတွက် မယ်လာနီဟာ ကမ္ဘာပေါ်မှာ သင်ယူတတ်မြောက်မှု ပါရမီ အရင့်သန်ဆုံး တောကြောင်လားလို့ ဒေးလီးမေးလ် သတင်းစာက မေးခွန်းထုတ်ရတဲ့အထိ နာမည်ကျော်ကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့တစ်လလောက် မယ်လာနီ စက်ဘီးပတ်စီးနေတဲ့ ရုပ်သံဖိုင်ကို YouTube ပေါ်တင်ခဲ့ရာမှာ အခုဆိုရင် ၀င်ရောက်ကြည့်ရှုမှုပေါင်း ၄၂၀၀၀ အထိရှိလာခဲ့ပါတယ်။ မယ်လာနီဟာ စက်ဘီး စီးတတ်ရုံတင်မကဘဲ တံမြက်စည်းလှဲတာ၊ ဈေးဝယ်စင်တာမှာ တွန်းလှည်းတွန်းတာ တို့လို ဟန်ပန်မျိုးတွေလည်း လုပ်တတ်ပါတယ်။
အင်စတာဂရမ် စာမျက်နှာပေါ်မှာ ထောက်ခံအားပေးသူ ၂၅၀၀ ရထားတဲ့ မယ်လာနီဆိုတဲ့ တောကြောင်မလေး ရက်ကွန်အနေနဲ့ မကြာခင်အချိန်အတွင်း ရုပ်သံဇာတ်လမ်းတွေမှာ ပါဝင်ခွင့်ရရင် ပိုပြီး ကျော်ကြားလာနိုင်တယ်လို့ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။
ဒါပေမဲ့ တိရိစ္ဆာန်များအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ PETA ကတော့ သူ့မျိုးရိုးဗီဇနဲ့ ဆန့်ကျက်ဘက်တွေကို လုပ်နေရတာကြောင့် မယ်လာနီ စိတ်အနှောင့်အယှက် ခံစားနေရလိမ့်မယ်လို့ ပြောပါတယ်။
Nz (ရိုးရာလေး)


မှတ်ချက်များ