![]() |
| လေးကြိမ်မြောက် ရုံးချိန်းလာရောက်သည့် ဒေါ်သန်းကြည်အားတွေ့ရစဉ် (ဓာတ်ပုံ- နန်းအောင်) |
နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်တွင် နေထိုင်သူ အသက် ၉၀ ကျော်အရွယ်ရှိ အဖွားအိုကို နေပြည်တော်စည်ပင်က ကျူးကျော်နေထိုင်သည့်အတွက် စည်ပင်ပုဒ်မ (၂၆) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
ဒေါ်သန်းကြည်နှင့်မိသားစုဝင်များသည် လယ်ဧက ၃၀ နီးပါးကို နှစ်ပေါင်းခြောက်ဆယ်နီးပါးလုပ်ကိုင်စားသောက်နေခြင်း ဖြစ်သော်လည်း စည်ပင်တရားရုံးက လယ်ဧက ၅ ဧက ကျော်အတွက် ငွေကြေး ၄၅ သိန်းလာရောက်ပေးဆောင်ခဲ့သည်ဟု သိရသည်။
သို့သော် စည်ပင်ကပေးသည့် လျော်ကြေးငွေကို မယူဘဲ ထောင်အကျခံ သွားမည်ဟု ဒေါ်သန်းကြည်ကပြောကြားထားသည်။
7day daily

မှတ်ချက်များ