![]() |
| ရှီုရိုက် စစ်သားတွေ IS ကို ရော့ကက်တွေနဲ့ တိုက်ခိုက်စဉ် (Credit: Reuters) |
Baiji မြို့ နေရာ ၉၀% ကို ပြန်လည် ရရှိနေတာဖြစ်ပြီး အဲဒီမြို့နားက ရေနံသန့်စင်ရေးစက်ရုံ တဝိုက်ကိုတော့ ရက်ပိုင်းအတွင်း ပြန်လည် ရရှိနိုင်မယ်လို့လည်း ပြောလိုက်ပါတယ်။
အဲဒီမြို့ကို IS အဖွဲ့က အရင်နှစ်တုန်းက ရှောင်တခင် ဝင်တိုက်ပြီး သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီမြို့က ရေနံသန့်စင်စက်ရုံဟာ အီရတ်နိုင်ငံရဲ့ အကြီးမားဆုံး ရေနံသန့်စင်ရုံ ဖြစ်ပေမယ့် အခုအခါမှာတော့ တိုက်ပွဲဖြစ်ရာ ဒေသ ဖြစ်နေပါတယ်။
အီရတ် စစ်တပ်နဲ့ ရှီရိုက် စစ်သားတွေက ပူးပေါင်းပြီး IS ကို တိုက်ထုတ်နေတာ ဖြစ်ပါတယ်။
အဲဒီမြို့ကို ပြန်သိမ်းပိုက်နိုင်ရင်တော့ Mosul မြို့ကိုလည်း IS ရဲ့ လက်ထဲကနေ ပြန်တိုက်ယူနိုင်ဖို့ အလားအလာ ရှိလာနိုင်ပါတယ်။
ရေနံသန့်စင်ရေးစက်ရုံက ရေနံစိမ်း သိုလှောင်ရေးကန်တွေ၊ ပိုက်လိုင်းတွေ လုံးဝပျက်စီးနေသလို သဘာဝ ဓာတ်ငွေ့ သိုလှောင်ရေးနေရာနဲ့ စွမ်းအင်တွေ ဖြန့်ဖြူးတဲ့ စက်တွေလည်း ပျက်စီးနေတယ်လို့ သိရပါတယ်။
ABC Radio Australia

မှတ်ချက်များ