![]() |
| Abdelhamid Abaaoud ဟာ အကြမ်းဖက်မှုကို အဓိက ကြိုးကိုင်လှုပ်ရှားသူ ဖြစ်တယ်လို့ ပြင်သစ်စုံစမ်းရေးသမားတွေက ပြောပါတယ်။ (Credit: ABC) |
Abdelhamid Abaaoud ဟာ ပဲရစ်မြို့သာမက တခြားဥရောပနိုင်ငံတွေမှာ အကြမ်းဖက်မှုတွေ လုပ်ဖို့ အဓိက စီစဉ်သူ ဖြစ်နိုင်တယ်လို့ ပြင်သစ်ရဲတွေက ပြောပါတယ်။
ပဲရစ်မြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး ပြင်သစ်ရဲတွေက နေအိမ်တွေကို ဝင်စီးပြီး ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။
အဲဒီလို ဝင်စီးမှုအတွင်း ရော့ကက်လောင်ချာတွေ၊ ပိုက်ဆံတွေနဲ့ တခြား လက်နက်တွေလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံသားတွေကလည်း အကြမ်းဖက်မှုမှာ ပါဝင်ခဲ့တာကြောင့် ဘယ်လ်ဂျီယံနိုင်ငံမှာလည်း ဖမ်းဆီးမှုတွေ လုပ်နေပါတယ်။
ဒါပေမဲ့ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ ၈ ယောက်မြောက် လူကို ဖမ်းဆီးနိုင်ခြင်း မရှိသလို အဓိက ကြိုးကိုင်လှုပ်ရှားသူကိုလည်း ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။
ပြင်သစ်သမ္မတကတော့ IS အပေါ် လက်တုန့်ပြန်သွားမယ်လို့ ကြေညာလိုက်ပြီ ဖြစ်သလို အမေရိကန်နဲ့ ရုရှားကိုလည်း ပူးပေါင်းမှုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ABC Radio Australia

မှတ်ချက်များ