ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေးအမိန့် ရုပ်သိမ်း


စစ်အုပ်ချုပ်ရေးအမိန့်ရုပ်သိမ်းခြင်း

ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၁။ ၂ဝ၁၅) ဖြင့် အရေးပေါ် အခြေအနေ ကြေညာထားသည့် ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိပြီး တည်ငြိမ်အေးချမ်းမှုများ ရရှိနေပြီဖြစ်သဖြင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ ဥပဒေ ကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၂။၂ဝ၁၅)ဖြင့် ထုတ်ပြန်ထားသည့် စစ်အုပ်ချုပ်ရေးအမိန့်ကို ယနေ့မှစ၍ ရုပ်သိမ်းလိုက်သည်။


(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Myanmaalinn

မှတ်ချက်များ