အမြင်အာရုံကို လှည့်စားနိုင်စွမ်းအပြည့်နဲ့ လှပထူးဆန်းတဲ့ ပန်းချီကားများ
အခုဖော်ပြပေးထားတဲ့ အိပ်မက်ဆန်ဆန်ပန်းချီကားတွေဟာ ကိုယ်ဘာကိုကြည့်နေလဲဆိုတာ ဇဝေဇ၀ါဖြစ်စေမယ့် အခြေအနေကို တွန်းပို့ပေးနေပါတယ်။
ဒီပန်းချီကားတွေဟာ စက္ခုအာရုံကို လှည့်စားနိုင်ပြီး ရှုခင်း ၂ ခုဖြစ်စေပေမယ့် လှပတာကတော့ တကယ်အမှန်ပါပဲ။
ကနေဒါပန်းချီပညာရှင် ရော့ဘ်ဂွန်ဆယ်လ်ဗက်စ်ဟာ ပဉ္စလက်ဆန်တဲ့ ပန်းချီကားတွေနဲ့အတူ သူ့ရဲ့ပန်းချီစာအုပ်ကို ပုံဖော်ခဲ့ပါတယ်။
သူဟာ ဒီပန်းချီကားတွေကို ရေးဆွဲဖန်တီးဖို့အတွက် သူ့ကျွမ်းကျင်တဲ့ ဗိသုကာပညာရပ်ကို ထုတ်သုံးခဲ့ပြီး ဒီပန်းချီကားတွေဟာ အဝေးကကြည့်ရင် ရှင်းလင်းနေပေမယ့် အနီးကပ်ကြည့်လိုက်ရင်တော့ ပြောင်းလဲသွားပါလိမ့်မယ်။
ညီမင်းဟန်(ဆန္ဒကူး)







မှတ်ချက်များ