Zawgyi ျဖင့္ဖတ္ရန္
( Video ဖိုင္ကို ေအာက္ဆုံးမွာတြဲၿပီး တင္ေပးထားပါတယ္ )
ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ျဖစ္ၿပီး ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးတစ္ဦး ျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ သမီးျဖစ္ၿပီးေတာ့ ၿငိမ္းခ်မ္းေရးႏိုဘယ္လ္ဆုရရွိထားသူျဖစ္ကာ သူမရဲ႕ ကိုယ္က်ိဳးမဖက္ အနစ္နာခံမႈေတြေၾကာင့္ ျမန္မာသာမက ကမာၻကပါ သိသူတစ္ဦးပဲ ျဖစ္ပါတယ္….
ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၂၄ ရက္ေန႔က ေဒၚေအာင္ဆန္းစုၾကည္ဟာ ေတာင္ကိုရီးယားႏိုင္ငံ ဘူဆန္ၿမိဳ႕မွာ က်င္းပမယ့္ အာဆီယံ-ကိုရီးယားမိတ္ဖက္ဆက္ဆံေရး ႏွစ္(၃၀)ျပည့္ အထိမ္းအမွတ္ ထိပ္သီးအစည္းအေဝးနဲ႔ ပထမအႀကိမ္ မဲေခါင္-ကိုရီးယား ထိပ္သီးအစည္းအေဝးေတြ တက္ေရာက္ဖို႔ ေနျပည္ေတာ္အျပည္ျပည္ဆိုင္ရာေလဆိပ္ကေန ထြက္ခြာသြားခဲ့ပါတယ္…..
ဘူဆန္ကို ေရာက္တဲ့အခ်ိန္မွာေတာ့ မထင္မွတ္တဲ့ ျမင္ကြင္းတစ္ခုက ဆီးႀကိဳလို႔ေနပါတယ္…. အဲတာကေတာ့ ကိုရီယားေရာက္ ေ႐ႊျမန္မာေတြနဲ႔ အတူ ကိုရီးယားလူမ်ိဳးေတြက ေဒၚေအာင္ဆန္းစုၾကည္ကို ျမနႏၵာသီခ်င္း သီဆိုၿပီး သၾကၤန္ယိမ္းက ႀကိဳဆိုခဲ့တာပဲ ျဖစ္ပါတယ္….. ေဒၚေအာင္ဆန္းစုၾကည္ကလည္း ႀကိဳဆိုတဲ့ လူေတြရဲ႕ သီခ်င္းအဆုံးထိ နားေထာင္ၿပီး တေလးတစားနဲ႔ ျပန္ႏႈတ္ဆက္ေနတာဟာ ၾကည့္ရသူေတြအဖို႔ တကယ့္ကို မဂၤလာရွိ ၾကည္ႏူးစရာေလးပဲ ျဖစ္ပါတယ္….
ျမန္မာျပည္သူေတြသာမက ႏိုင္ငံျခားသားေတြကပါ ခုလို တေလးတစားဆက္ဆံႀကိဳဆိုၾကတာဟာ က်ေနာ္တို႔ ျမန္မာေတြအတြက္ တကယ့္ကို ဂုဏ္တက္စရာပါ…… ပရိသတ္ႀကီးတို႔လည္း ေဒၚေအာင္ဆန္းစုၾကည္ကို ႀကိဳဆိုေနတဲ့ ဗီဒီယိုေလးကို ၾကည့္ရေအာင္လို႔ ေအာက္မွာ ျပန္လည္မွ်ေဝလိုက္ရပါတယ္ေနာ္…
share from: shweman
Unicode ဖြင့်ဖတ်ရန်
မြနန္ဒာ သီချင်းကို ပြိုင်တူ သီဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့ကြတဲ့ ကိုးရီးယား နိုင်ငံသားများ
( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတစ်ဦး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်ပြီးတော့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရရှိထားသူဖြစ်ကာ သူမရဲ့ ကိုယ်ကျိုးမဖက် အနစ်နာခံမှုတွေကြောင့် မြန်မာသာမက ကမ္ဘာကပါ သိသူတစ်ဦးပဲ ဖြစ်ပါတယ်….
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ ကျင်းပမယ့် အာဆီယံ-ကိုရီးယားမိတ်ဖက်ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနဲ့ ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ဖို့ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာသွားခဲ့ပါတယ်…..
ဘူဆန်ကို ရောက်တဲ့အချိန်မှာတော့ မထင်မှတ်တဲ့ မြင်ကွင်းတစ်ခုက ဆီးကြိုလို့နေပါတယ်…. အဲတာကတော့ ကိုရီယားရောက် ရွှေမြန်မာတွေနဲ့ အတူ ကိုရီးယားလူမျိုးတွေက ဒေါ်အောင်ဆန်းစုကြည်ကို မြနန္ဒာသီချင်း သီဆိုပြီး သင်္ကြန်ယိမ်းက ကြိုဆိုခဲ့တာပဲ ဖြစ်ပါတယ်….. ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြိုဆိုတဲ့ လူတွေရဲ့ သီချင်းအဆုံးထိ နားထောင်ပြီး တလေးတစားနဲ့ ပြန်နှုတ်ဆက်နေတာဟာ ကြည့်ရသူတွေအဖို့ တကယ့်ကို မင်္ဂလာရှိ ကြည်နူးစရာလေးပဲ ဖြစ်ပါတယ်….
မြန်မာပြည်သူတွေသာမက နိုင်ငံခြားသားတွေကပါ ခုလို တလေးတစားဆက်ဆံကြိုဆိုကြတာဟာ ကျနော်တို့ မြန်မာတွေအတွက် တကယ့်ကို ဂုဏ်တက်စရာပါ…… ပရိသတ်ကြီးတို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေတဲ့ ဗီဒီယိုလေးကို ကြည့်ရအောင်လို့ အောက်မှာ ပြန်လည်မျှဝေလိုက်ရပါတယ်နော်…
share from: shweman
မှတ်ချက်များ