အေမနဲ႔ ေျပလည္ေနၿပီဆိုမွ အျဖစ္ဆိုးနဲ႔ႀကဳံခဲ့ရတယ္လို႔ရင္ဖြင့္လာတဲ့ ဇြန္ပြင့္
Zawgyiျဖင့္ဖတ္ရန္
ဟာသသ႐ုပ္ေဆာင္ ကစ္ကစ္ရဲ႕ သမီးေလး ဇြန္ပြင့္ကေတာ့ မိခင္ျဖစ္သူနဲ႔ သူမရဲ႕ ဆက္ဆံေရးက အဆင္ေျပေနၿပီလို႔ ေျပာပါတယ္။ ေဆး႐ုံျပန္တက္ရတဲ့အခ်ိန္မွာလည္း အနီးကပ္ျပဳစုေပးခဲ့ပါေသးတယ္တဲ့။ဟာသသ႐ုပ္ေဆာင္ ကစ္ကစ္ရဲ႕ သမီးေလး ဇြန္ပြင့္ကေတာ့ မိခင္ျဖစ္သူ မကြယ္လြန္ခင္မွာ သူမနဲ႔ ဆက္ဆံေရး အေျခအေနေတြကို ရင္ဖြင့္လာပါတယ္။ သားအမိႏွစ္ေယာက္က ေျပေျပလည္လည္ျဖစ္သြားၿပီလို႔လည္း အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။
ေမေမ ေဆး႐ုံတက္တဲ့အခ်ိန္မွာပဲ ေမေမရယ္၊ သမီးရယ္၊ သမီးေကာင္ေလးရယ္ သုံးေယာက္စလုံး ျပန္အဆင္ေျပသြားပါၿပီ။ အေမကလည္း ေနေကာင္းရင္ ပရိသတ္အထင္လြဲေနတာေလးေတြကို ျပန္ေျဖရွင္းေပးပါ့မယ္လို႔ ေျပာပါတယ္။ အားလုံးအဆင္ေျပၿပီ၊ အားလုံး ေျပလည္သြားၿပီလို႔ ေမွ်ာ္လင့္ကာမွပဲ ဒီလို အျဖစ္ဆိုးမ်ိဳးႀကဳံလိုက္ရတာပါပဲ” လို႔ သူကေျပာပါတယ္။
မိခင္ျဖစ္သူ ေဆး႐ုံတက္ေနရတဲ့အခ်ိန္မွာလည္း ေဘးနားမွာ ျပဳစုေပးခဲ့တယ္လို႔ ဇြန္ပြင့္က ေျပာပါတယ္။ သူမကိုလည္း အေမက အားေပးစကားေတြ ေျပာခဲ့တယ္လို႔ ဆိုပါတယ္။“ ေမေမ ေဆး႐ုံတက္ေနတဲ့အခ်ိန္မွာလည္း တစ္ညလုံး သမီးတစ္ေယာက္ပဲ ေစာင့္ရတာပါ။ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ရယ္ရယ္ေမာေမာ ျဖစ္ေနၾကတာေပါ့။ ေမေမက သမီးကိုေတာင္ စေနပါေသးတယ္။ ၿပီးေတာ့ သမီးအေၾကာင္းကို ရင္ဖြင့္တဲ့အခ်ိန္မွာ အေမက သမီးေလးရဲ႕ ဘဝမွာ အေမရယ္၊ သမီးေကာင္ေလးရယ္ ရွိေသးတယ္တဲ့။ ဘာမွ အားမငယ္နဲ႔လို႔ အားေပးခဲ့တယ္။ ေနာင္ဘဝမွာ အေမ ဒီလိုအျဖစ္ဆိုးမ်ိဳးမႀကဳံေအာင္ သမီးဆုေတာင္းေပးပါ့မယ္” လို႔ ဆိုပါတယ္။
ဇြန္ပြင့္ဟာ မိခင္ျဖစ္သူ ကစ္ကစ္ရဲ႕ ဆုံးမ စကားေတြကို ျပန္လည္ ၾကားေယာင္ေနတယ္လို႔ ဆိုပါတယ္။ သူမဟာ အခုဆိုရင္ မိခင္ကို ဆုံးရႈံးလိုက္ရၿပီျဖစ္တဲ့ သမီးတစ္ေယာက္ျဖစ္ပါတယ္။“ အေမကေတာ့ အၿမဲတမ္းေျပာပါတယ္ လိမ္လိမ္မာမာေနေပါ့။ ဘဝကို အေကာင္းဆုံးျဖတ္သန္းပါလို႔ မွာခဲ့ပါတယ္။ အခု သမီးက ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္မွာေနပါတယ္။ အေမ မရွိေတာ့ဘူးဆိုေတာ့ ေရွ႕ဆက္ရမယ့္ ျဖတ္သန္းမႈေတြအတြက္ ေလာေလာဆယ္မွာ ဘာမွေတာ့ မေျပာႏိုင္ေသးပါဘူး” ဆိုၿပီးေတာ့ ႏိုဝင္ဘာလ ၂၆ ရက္ေန႔ မနက္ပိုင္းက မိခင္ျဖစ္သူ ဟာသသ႐ုပ္ေဆာင္ ကစ္ကစ္ရဲ႕ ဈာပနအလုပ္ေတြလုပ္ေနခ်ိန္မွာ ေျဖဆိုခဲ့တာပါ။
ဟာသ သ႐ုပ္ေဆာင္ ကစ္ကစ္ကေတာ့ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလ ၂၆ ရက္ေန႔ မနက္ ၁၀နာရီ မိနစ္ ၄၀ အခ်ိန္မွာ ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။ သူမဟာ ၂၀၁၈ ခုႏွစ္ ႏွစ္စပိုင္းကတည္းကေန ကြယ္လြန္သြား သည္အထိ ေက်ာက္ကပ္ေဝဒနာကို ခံစားေနခဲ့ရတာျဖစ္ပါတယ္။ ကစ္ကစ္က ဟာသသ႐ုပ္ေဆာင္တစ္ဦးျဖစ္လို႔ သူမရဲ႕ ဟာသေလးေတြကို ပရိသတ္ေတြက ေမ့ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ ကြယ္လြန္သြားတဲ့ သတင္းေၾကာင့္လည္း အႏုပညာအသိုင္းအဝိုင္းက ေမာင္ႏွမေတြေရာ၊ ပရိသတ္ေတြေရာက စိတ္မေကာင္းျဖစ္လို႔ေနၾကပါတယ္။
Unicode ဖြင့်ဖတ်ရန်
ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ သမီးလေး ဇွန်ပွင့်ကတော့ မိခင်ဖြစ်သူနဲ့ သူမရဲ့ ဆက်ဆံရေးက အဆင်ပြေနေပြီလို့ ပြောပါတယ်။ ဆေးရုံပြန်တက်ရတဲ့အချိန်မှာလည်း အနီးကပ်ပြုစုပေးခဲ့ပါသေးတယ်တဲ့။ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ သမီးလေး ဇွန်ပွင့်ကတော့ မိခင်ဖြစ်သူ မကွယ်လွန်ခင်မှာ သူမနဲ့ ဆက်ဆံရေး အခြေအနေတွေကို ရင်ဖွင့်လာပါတယ်။ သားအမိနှစ်ယောက်က ပြေပြေလည်လည်ဖြစ်သွားပြီလို့လည်း အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
မေမေ ဆေးရုံတက်တဲ့အချိန်မှာပဲ မေမေရယ်၊ သမီးရယ်၊ သမီးကောင်လေးရယ် သုံးယောက်စလုံး ပြန်အဆင်ပြေသွားပါပြီ။ အမေကလည်း နေကောင်းရင် ပရိသတ်အထင်လွဲနေတာလေးတွေကို ပြန်ဖြေရှင်းပေးပါ့မယ်လို့ ပြောပါတယ်။ အားလုံးအဆင်ပြေပြီ၊ အားလုံး ပြေလည်သွားပြီလို့ မျှော်လင့်ကာမှပဲ ဒီလို အဖြစ်ဆိုးမျိုးကြုံလိုက်ရတာပါပဲ” လို့ သူကပြောပါတယ်။
မိခင်ဖြစ်သူ ဆေးရုံတက်နေရတဲ့အချိန်မှာလည်း ဘေးနားမှာ ပြုစုပေးခဲ့တယ်လို့ ဇွန်ပွင့်က ပြောပါတယ်။ သူမကိုလည်း အမေက အားပေးစကားတွေ ပြောခဲ့တယ်လို့ ဆိုပါတယ်။“ မေမေ ဆေးရုံတက်နေတဲ့အချိန်မှာလည်း တစ်ညလုံး သမီးတစ်ယောက်ပဲ စောင့်ရတာပါ။ ပျော်ပျော်ရွှင်ရွှင်ရယ်ရယ်မောမော ဖြစ်နေကြတာပေါ့။ မေမေက သမီးကိုတောင် စနေပါသေးတယ်။ ပြီးတော့ သမီးအကြောင်းကို ရင်ဖွင့်တဲ့အချိန်မှာ အမေက သမီးလေးရဲ့ ဘဝမှာ အမေရယ်၊ သမီးကောင်လေးရယ် ရှိသေးတယ်တဲ့။ ဘာမှ အားမငယ်နဲ့လို့ အားပေးခဲ့တယ်။ နောင်ဘဝမှာ အမေ ဒီလိုအဖြစ်ဆိုးမျိုးမကြုံအောင် သမီးဆုတောင်းပေးပါ့မယ်” လို့ ဆိုပါတယ်။
ဇွန်ပွင့်ဟာ မိခင်ဖြစ်သူ ကစ်ကစ်ရဲ့ ဆုံးမ စကားတွေကို ပြန်လည် ကြားယောင်နေတယ်လို့ ဆိုပါတယ်။ သူမဟာ အခုဆိုရင် မိခင်ကို ဆုံးရှုံးလိုက်ရပြီဖြစ်တဲ့ သမီးတစ်ယောက်ဖြစ်ပါတယ်။“ အမေကတော့ အမြဲတမ်းပြောပါတယ် လိမ်လိမ်မာမာနေပေါ့။ ဘဝကို အကောင်းဆုံးဖြတ်သန်းပါလို့ မှာခဲ့ပါတယ်။ အခု သမီးက ယုဇနဥယျာဉ်မြို့တော်မှာနေပါတယ်။ အမေ မရှိတော့ဘူးဆိုတော့ ရှေ့ဆက်ရမယ့် ဖြတ်သန်းမှုတွေအတွက် လောလောဆယ်မှာ ဘာမှတော့ မပြောနိုင်သေးပါဘူး” ဆိုပြီးတော့ နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းက မိခင်ဖြစ်သူ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ဈာပနအလုပ်တွေလုပ်နေချိန်မှာ ဖြေဆိုခဲ့တာပါ။
ဟာသ သရုပ်ဆောင် ကစ်ကစ်ကတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ မနက် ၁၀နာရီ မိနစ် ၄၀ အချိန်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူမဟာ ၂၀၁၈ ခုနှစ် နှစ်စပိုင်းကတည်းကနေ ကွယ်လွန်သွား သည်အထိ ကျောက်ကပ်ဝေဒနာကို ခံစားနေခဲ့ရတာဖြစ်ပါတယ်။ ကစ်ကစ်က ဟာသသရုပ်ဆောင်တစ်ဦးဖြစ်လို့ သူမရဲ့ ဟာသလေးတွေကို ပရိသတ်တွေက မေ့နိုင်တော့မှာ မဟုတ်ပါဘူး။ ကွယ်လွန်သွားတဲ့ သတင်းကြောင့်လည်း အနုပညာအသိုင်းအဝိုင်းက မောင်နှမတွေရော၊ ပရိသတ်တွေရောက စိတ်မကောင်းဖြစ်လို့နေကြပါတယ်။
Credit: Burmese Asia


မှတ်ချက်များ