အခ်စ္ေရး ကံမေကာင္းခဲ့ဖူးသူေတြသာ နားလည္ႏိုင္မယ့္ ခံစားခ်က္ (၅)မ်ိဳး


Zawgyiျဖင့္ဖတ္ရန္

လူတိုင္းကေတာ့ ဘဝမွာ ကံေကာင္းခ်င္ၾကတာခ်ည္းပါပဲ။ အထူးသျဖင့္ အခ်စ္ေရးမွာ ရာနႈန္းျပည့္ကံေကာင္းတဲ့သူေတြ ျဖစ္ခ်င္ၾကပါတယ္။ အခ်စ္ေရးကံေကာင္းတဲ့သူ၊ အခ်စ္ခံရတဲ့သူက ဘဝမွာ ပိုျပီးေအာင္ျမင္ေပ်ာ္ရႊင္တယ္လို႕ ေျပာရမွာျဖစ္ျပီး အခ်စ္ေရးကံမေကာင္းတဲ့သူေတြကေတာ့ ဒီအခ်က္ေတြကို ၾကံဳေတြ႕ရတတ္ပါတယ္။

(၁) အခ်စ္မခံရဘူးဆိုတာကို သိေနတယ္

အခ်စ္ခံရ၊ ဂရုစိုက္ခံရတဲ့အခါ ေန႕တိုင္းမွာေနေပ်ာ္တယ္၊ ကိုယ့္ကိုယ္ကို ယံုၾကည္မႈရွိတယ္္၊ ဘာပဲလုပ္လုပ္ တက္ၾကြေနတတ္ျပီး ကိုယ့္အစြမ္းအစနဲ႕ပတ္သက္လို႕ သံသယျဖစ္ေနတာမ်ိဳး၊ ေနာက္တြန္႕ေနတာမ်ိဳးေတြ မရွိပါဘူး။ ဒါေတြနဲ႕ ဆန္႕က်င္ဘက္ေတြျဖစ္ေနတယ္ဆိုရင္ေတာ့ အခ်စ္မခံရဘူးလို႕ ေျပာရမွာေပါ့။ အဲ့ဒီလိုမ်ိဳး အခ်စ္မခံရတာကို သိေနေပမယ့္ ဒီအတြက္ အျပစ္လည္းမျမင္၊ ျပတ္လည္း မျပတ္နိုင္တာမ်ိဳးပါ။

(၂) မ်က္စိမွိတ္ယံုခဲ့မိတာကို ေနာင္တရရတယ္

ကိုယ္က ခ်စ္ရသေလာက္ သူ႕ဘက္က ကိုယ့္ကို မခ်စ္ဘူးဆိုတာ သိေနေပမယ့္ ခ်စ္တဲ့စိတ္ေၾကာင့္ ကိုယ့္ကို နာက်င္ေအာင္လုပ္မွာ မဟုတ္ဘူး၊ သစၥာေတာ့ မေဖာက္ေလာက္ဘူးဆိုျပီး မ်က္စိမွိတ္ယံုေပးတတ္ပါတယ္။ ဒီလို ယံုေပးခဲ့မိတာေၾကာင့္လည္း ေနာက္ဆံုးမွာ ေနာင္တရရတာပါပဲ။

(၃) တန္ဖိုးထားမခံရဘူးလို႕ ခံစားရတယ္

ခ်စ္လို႕ သဝန္တိုတာေလးေတြ ရွိတတ္ေပမယ့္ တကယ္အခ်စ္ခံရတဲ့သူက လြတ္လပ္တဲ့ ခံစားခ်က္မ်ိဳးကို ရပါတယ္။ မလိုအပ္တဲ့ ခ်ဳပ္ခ်ယ္မႈေတြ၊ ထိန္းခ်ဳပ္ထားတာမ်ိဳးေတြ မရွိဘဲ ကိုယ္လုပ္ခ်င္တာကို လြတ္လြတ္လပ္လပ္ လုပ္လို႕ရတာမ်ိဳး၊ ကိုယ္သြားခ်င္တဲ့ေနရာကို လြတ္လြတ္လပ္လပ္ သြားနိုင္တာမ်ိဳးေပါ့။ ခ်စ္လို႕ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႕ ဘာလုပ္လုပ္ ဝင္စြက္ဖက္တာ၊ အရာရာထိန္းခ်ဳပ္ခ်င္ေနတာေတြက အခ်စ္မဟုတ္ပါဘူး။

ျပီးေတာ့ ခ်စ္သူနဲ႕ပတ္သက္လို႕ ဘာဆိုဘာမွ စိတ္္မဝင္စား၊ လံုးဝဂရုမစိုက္ဘဲ ပစ္ထားတာမ်ိဳးကလည္း လြတ္လပ္တဲ့ အခ်စ္ မဟုတ္ပါဘူးေနာ္၊ အဲ့ဒါကက် အေလးမထားတာ၊ လစ္လ်ဴရႈတာျဖစ္သြားပါျပီ။ ဒီအခ်က္ေတြေၾကာင့္ ကိုယ္ဟာ တန္ဖိုးထားမခံရဘူးဆိုတဲ့ ခံစားခ်က္မ်ိဳး အျမဲလိုလိုျဖစ္ေနတတ္ပါတယ္။

(၄) ကိုယ့္ဘက္က အေပးပဲရွိတယ္

ကိုယ့္ဘက္ကပဲ ဂရုစိုက္ရတယ္၊ ကိုယ့္ဘက္ကပဲ အေလွ်ာ့ေပးရတယ္၊ ကိုယ္ကပဲ တစ္ဖက္သတ္ေပးဆပ္ေနရလိုမ်ိဳး ျဖစ္ေနျပီး သူ႕ဘက္က အေပးလံုးဝမရွိ၊ အယူသက္သက္ပဲျဖစ္ေနတယ္။ ဒါကိုလည္း အစကမသိဘဲ ေနာက္မွ သိတာမ်ိဳးပါ။

(၅) အဖက္ဖက္က အနုတ္လကၡဏာပဲျပတယ္

သူနဲ႕ခ်စ္သူေတြျဖစ္ျပီးေနာက္ပိုင္း ကိုယ့္ရဲ႕ ကိုယ္ရည္ကိုယ္ေသြး၊ အစြမ္းအစေတြတျဖည္းျဖည္း ဆုတ္ယုတ္လာတယ္၊ ေပါင္းသင္းဆက္ဆံေရး၊ လူမႈေရးမွာလစ္ဟင္းလာတာေတြ၊ သူငယ္ခ်င္းေတြနဲ႕ အခင္အမင္ပ်က္ရတာေတြ၊ အလုပ္ကို အျပည့္အဝ အာရံုမစိုက္နိုင္လို႕ အလုပ္မွာ လစ္ဟင္းလာတာေတြျဖစ္လာပါတယ္။ ကိုယ့္ရဲ႕ အရာရာ၊ အဖက္ဖက္က အနုတ္လကၡဏာျပေနေပမယ့္ ဒီအခ်စ္ေရးကေနလည္း ရုန္းမထြက္နိုင္တာမ်ိဳးျဖစ္ေနတတ္ပါတယ္။

RAY

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

အချစ်ရေး ကံမကောင်းခဲ့ဖူးသူတွေသာ နားလည်နိုင်မယ့် ခံစားချက် (၅)မျိုး

လူတိုင်းကတော့ ဘဝမှာ ကံကောင်းချင်ကြတာချည်းပါပဲ။ အထူးသဖြင့် အချစ်ရေးမှာ ရာနှုန်းပြည့်ကံကောင်းတဲ့သူတွေ ဖြစ်ချင်ကြပါတယ်။ အချစ်ရေးကံကောင်းတဲ့သူ၊ အချစ်ခံရတဲ့သူက ဘဝမှာ ပိုပြီးအောင်မြင်ပျော်ရွှင်တယ်လို့ ပြောရမှာဖြစ်ပြီး အချစ်ရေးကံမကောင်းတဲ့သူတွေကတော့ ဒီအချက်တွေကို ကြုံတွေ့ရတတ်ပါတယ်။

(၁) အချစ်မခံရဘူးဆိုတာကို သိနေတယ်

အချစ်ခံရ၊ ဂရုစိုက်ခံရတဲ့အခါ နေ့တိုင်းမှာနေပျော်တယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်၊ ဘာပဲလုပ်လုပ် တက်ကြွနေတတ်ပြီး ကိုယ့်အစွမ်းအစနဲ့ပတ်သက်လို့ သံသယဖြစ်နေတာမျိုး၊ နောက်တွန့်နေတာမျိုးတွေ မရှိပါဘူး။ ဒါတွေနဲ့ ဆန့်ကျင်ဘက်တွေဖြစ်နေတယ်ဆိုရင်တော့ အချစ်မခံရဘူးလို့ ပြောရမှာပေါ့။ အဲ့ဒီလိုမျိုး အချစ်မခံရတာကို သိနေပေမယ့် ဒီအတွက် အပြစ်လည်းမမြင်၊ ပြတ်လည်း မပြတ်နိုင်တာမျိုးပါ။

(၂) မျက်စိမှိတ်ယုံခဲ့မိတာကို နောင်တရရတယ်

ကိုယ်က ချစ်ရသလောက် သူ့ဘက်က ကိုယ့်ကို မချစ်ဘူးဆိုတာ သိနေပေမယ့် ချစ်တဲ့စိတ်ကြောင့် ကိုယ့်ကို နာကျင်အောင်လုပ်မှာ မဟုတ်ဘူး၊ သစ္စာတော့ မဖောက်လောက်ဘူးဆိုပြီး မျက်စိမှိတ်ယုံပေးတတ်ပါတယ်။ ဒီလို ယုံပေးခဲ့မိတာကြောင့်လည်း နောက်ဆုံးမှာ နောင်တရရတာပါပဲ။

(၃) တန်ဖိုးထားမခံရဘူးလို့ ခံစားရတယ်

ချစ်လို့ သဝန်တိုတာလေးတွေ ရှိတတ်ပေမယ့် တကယ်အချစ်ခံရတဲ့သူက လွတ်လပ်တဲ့ ခံစားချက်မျိုးကို ရပါတယ်။ မလိုအပ်တဲ့ ချုပ်ချယ်မှုတွေ၊ ထိန်းချုပ်ထားတာမျိုးတွေ မရှိဘဲ ကိုယ်လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်လို့ရတာမျိုး၊ ကိုယ်သွားချင်တဲ့နေရာကို လွတ်လွတ်လပ်လပ် သွားနိုင်တာမျိုးပေါ့။ ချစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘာလုပ်လုပ် ဝင်စွက်ဖက်တာ၊ အရာရာထိန်းချုပ်ချင်နေတာတွေက အချစ်မဟုတ်ပါဘူး။

ပြီးတော့ ချစ်သူနဲ့ပတ်သက်လို့ ဘာဆိုဘာမှ စိတ်မဝင်စား၊ လုံးဝဂရုမစိုက်ဘဲ ပစ်ထားတာမျိုးကလည်း လွတ်လပ်တဲ့ အချစ် မဟုတ်ပါဘူးနော်၊ အဲ့ဒါကကျ အလေးမထားတာ၊ လစ်လျူရှုတာဖြစ်သွားပါပြီ။ ဒီအချက်တွေကြောင့် ကိုယ်ဟာ တန်ဖိုးထားမခံရဘူးဆိုတဲ့ ခံစားချက်မျိုး အမြဲလိုလိုဖြစ်နေတတ်ပါတယ်။

(၄) ကိုယ့်ဘက်က အပေးပဲရှိတယ်

ကိုယ့်ဘက်ကပဲ ဂရုစိုက်ရတယ်၊ ကိုယ့်ဘက်ကပဲ အလျှော့ပေးရတယ်၊ ကိုယ်ကပဲ တစ်ဖက်သတ်ပေးဆပ်နေရလိုမျိုး ဖြစ်နေပြီး သူ့ဘက်က အပေးလုံးဝမရှိ၊ အယူသက်သက်ပဲဖြစ်နေတယ်။ ဒါကိုလည်း အစကမသိဘဲ နောက်မှ သိတာမျိုးပါ။

(၅) အဖက်ဖက်က အနုတ်လက္ခဏာပဲပြတယ်

သူနဲ့ချစ်သူတွေဖြစ်ပြီးနောက်ပိုင်း ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အစွမ်းအစတွေတဖြည်းဖြည်း ဆုတ်ယုတ်လာတယ်၊ ပေါင်းသင်းဆက်ဆံရေး၊ လူမှုရေးမှာလစ်ဟင်းလာတာတွေ၊ သူငယ်ချင်းတွေနဲ့ အခင်အမင်ပျက်ရတာတွေ၊ အလုပ်ကို အပြည့်အဝ အာရုံမစိုက်နိုင်လို့ အလုပ်မှာ လစ်ဟင်းလာတာတွေဖြစ်လာပါတယ်။ ကိုယ့်ရဲ့ အရာရာ၊ အဖက်ဖက်က အနုတ်လက္ခဏာပြနေပေမယ့် ဒီအချစ်ရေးကနေလည်း ရုန်းမထွက်နိုင်တာမျိုးဖြစ်နေတတ်ပါတယ်။

RAY

Credit:Aunty May

မှတ်ချက်များ