




Zawgyi ဖြင့်ဖတ်ရန်




အမျိုးသားများအတွက်…









အမျိုးသမီးများအတွက်…..












အခွင့်အလမ်းများ…..






















shar from: shweman


Unicode ဖြင့်ဖတ်ရန်


ြမြန်မာနိုင်ငံရဲတပ်ဖွဲ့ယာဉ်ထိန်းရဲတပ်ဖွဲ့တွင်တာဝန်ထမ်းဆောင်လိုသူများအားလှိုက်လှဲစွာကြိုဆိုပါသည်




မန်မာနိုင်ငံရဲတပ်ဖွဲ့ယာဉ်ထိန်းရဲတပ်ဖွဲ့တွင်တာဝန်ထမ်းဆောင်လိုသူများအားလှိုက်လှဲစွာကြိုဆိုပါသည်….အဖြူရောင်စိတ်ဓာတ် စေတနာပြည့်နဲ့ယူနီဖောင်းအဖြူနဲ့ လမ်းပေါ်က ကယ်တင်သူယာဉ်ထိန်းရဲသည် လူထဲကလူ……မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တွင်တာဝန်ထမ်းဆောင်လိုသူ အောက်ပါအရည်အချင်းများနှင့်ပြည့်စုံသူများအား လှိုက်လှဲစွာကြိုဆိုပါသည်-



အမျိုးသားများအတွက်…

(က) အသက်(၁၈)နှစ်ပြည့်ပြီး (၃ဝ)နှစ်ထက်မကျော် လွန်သူ။

(ခ ) ပညာအရည်အချင်း(၁ဝ)တန်းအောင်နှင့် အထက်ရှိသူ

(ဂ ) အရပ်အမြင့်(၅ ပေ ၇ လက်မ)နှင့် အထက်ရှိသူ။

(ဃ) ကိုယ်အလေးချိန် (၁၁ဝ)ပေါင်နှင့် အထက်ရှိသူ။

(င ) ကျန်းမာရေးကောင်းမွန်သူ။

(စ ) ပါတီနိုင်ငံရေးကင်းရှင်းသူ။

(ဆ) သတ်မှတ်မျက်မြင်(၁၂)ချက်နှင့်ပြည့်စုံသူ။

(ဇ ) ဥပဓိရုပ်ကောင်းမွန်သူ။

အမျိုးသမီးများအတွက်…..



(က) အသက်(၁၈)နှစ်ပြည့်ပြီး(၂၅)နှစ်ထက်မကျော်လွန်သူ။

(ခ ) ပညာအရည်အချင်းဒုတိယနှစ်အောင်မြင်ပြီးသူ။

(ဂ ) အရပ်အမြင့်(၅ ပေ ၃လက်မ)နှင့်အထက်ရှိသူ။

(ဃ) ကိုယ်အလေးချိန်(၁၀၀)ပေါင်နှင့်အထက်ရှိသူ။

(င ) အိမ်ထောင်မရှိသူ(အပျို) ဖြစ်ရမည်။

(စ ) ကျန်းမာရေးကောင်းမွန်သူ။

(ဆ) ပါတီနိုင်ငံရေးကင်းရှင်းသူ။

(ဇ ) သတ်မှတ်မျက်မြင်(၁၂)ချက်နှင့်ပြည့်စုံသူ။

(ဈ ) ဥပဓိရုပ်ကောင်းမွန်သူ။

အခွင့်အလမ်းများ…..



(က) အခြေခံရဲတပ်သားသစ် သင်တန်းတက်ရောက်လစာငွေ(၁၄၃ဝဝဝိ/-)နှင့် အခြားခံစားခွင့်များ ရရှိမည်။

(ခ ) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများအား နေစဉ် အတွင်း တက္ကသိုလ်ပညာဆက်လက်သင်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်။

(ဂ) ဘွဲ့ရရှိပြီးပါက အနီးဆုံးဒုတိယရဲအုပ်လောင်းသင်တန်းသို့ တက်ရောက်ဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်။

(ဃ) သတ်မှတ်ချက်နှင့်ကိုက်ညီက အထက်အဆင့်မြင့်အရာရှိစာမေးပွဲများသို့ ဝင်ရောက်ဖြေဆိုနိုင်ပါသည်။

(င) နေအိမ်လိုင်းခန်း၊ ရေ/မီး၊ မော်တော်ယာဉ်အခမဲ့သုံးစွဲခွင့်ရရှိမည်။

(စ) ရဲတပ်ဖွဲ့ဝတ်စုံ၊ ချပ်ဝတ်တန်ဆာ၊ အထောက်အကူပြုပစ္စည်းများ အခမဲ့ထုတ်ပေးရရှိမည်။

(ဆ) သတ်မှတ်လစာနှုန်းထားများအပြင် ရိက္ခာငွေ(၁)ရက် (၁၈ဝဝိ/-)နှုန်းခံစားရရှိမည်။

(ဈ ) ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးထောက်ပံ့မှုများခံစားရရှိမည်။

(ည) တာဝန်/ခွင့် ဖြင့်သွားလာ ရာတွင် လေယာဉ်၊ ရထား၊ သင်္ဘော၊ မော်တော်ယာဉ်တို့အား နိုင်ငံတော်စရိတ်ဖြင့် ကျခံသုံးစွဲခွင့်ရရှိမည်။



(ဋ ) နိုင်ငံခြားတိုင်းပြည်များသို့ပညာတော်သင်စေလွှတ်ခြင်း၊ သင်တန်းများတက်ရောက်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခြင်းစသည့် အခွင့်အရေးများရရှိမည်။

(ဌ ) အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့တို့၌တာဝန်ထမ်းဆောင်ခွင့်ရရှိမည်။

(ဍ ) မိမိကြိုက်နှစ်သက်သည့် ရဲတပ်ဖွဲ့များသို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့်ရှိသည်။

(ဎ ) (၁၁)လ တာဝန်ထမ်းဆောင်ပြီးက ခွင့်(၄ဝ)ရက် ခံစားခွင့်ရှိသည်။ ၎င်းအပြင် ကျန်းမာရေးမကောင်းပါက ဆေးလက်မှတ်ခွင့်များလည်း ခံစားခွင့်ရှိသည်။

(ဏ) အမျိုးသမီးတပ်ဖွဲ့ဝင်များ ကိုယ်ဝန်ဆောင်တိုင်းမီးဖွားခွင့်(၆)လခံစားခွင့်ရှိသည်။

(တ) အမျိုးသားတပ်ဖွဲ့ဝင်များသည် ဇနီးသည်ဝန်ထမ်းဖြစ်က ကလေးပြုစုစာင့်ရှောက်ခွင့် (၁၄)ရက် ခံစားခွင့်ရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ ဝင်ရောက်တာဝန်ထမ်းဆောင်လိုပါက အမြို့မြို့အနယ်နယ်ရှိ ယာဉ်ထိန်းရုံးများသို့ သွားရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။


shar from: shweman

မှတ်ချက်များ