ေကာင္ေလးေတြ ခ်စ္သူကို နမ္းခ်င္လာရင္ လုပ္တတ္တဲ့ အျပဳအမူ (၇) မ်ိဳး
Zawgyiျဖင့္ဖတ္ရန္
အနမ္းဆိုတာကလည္း အခ်စ္ရဲ႕ သေကၤတ တစ္ခုပါ။ အနမ္းမွာေတာ့ အမ်ိဳးမ်ိဳးရွိပါတယ္။ ခ်စ္ရတဲ့ သူန႔ဲ အခုမွ First Kiss ကုိ စမယ့္ ေကာင္ေလးေတြမွာလည္း အနည္းနဲ႔ အမ်ားဆုိသလို ရွက္တဲ့ စိတ္၊ မ၀့ံမရဲ တဲ့ စိတ္ေလးေတြ ရွိတတ္ပါတယ္။ အရွက္ႀကီးတ့ဲ ေယာက္်ားေလးေတြ ကိုယ့္ခ်စ္သူ ေကာင္မေလးကို နမ္းခ်င္လာၿပီဆိုရင္ လုပ္တတ္တဲ့ ခ်စ္စရာအမူအရာ ၊ အျပဳအမူေလးေတြရွိပါတယ္။ အဲ့ဒါေတြကေတာ့….
မ်က္လံုးအၾကည့္ေတြ
မ်က္လံုးဆိုတာ စိတ္ရဲ႕ ျပဴတင္းေပါက္ပါ။ မ်က္လံုးကို ၾကည့္လိုက္ရင္ အဲ့လူရဲ႕ စိတ္ကို တစ္စြန္းတစ္ စ သိႏိုင္ပါတယ္။ ခ်စ္သူေကာင္ေလးက သင့္ကို နမ္းခ်င္လာၿပီဆုိရင္ အသိသာဆံုး မူပ်က္ေနမွာကေ တာ့ သူ႔ရဲ႕ မ်က္လံုး အၾကည့္ေတြပါ။ မ်က္လံုးေတြက သင့္ရဲ႕ ႏႈတ္ ခမ္းကုိ မသိမသာ(သို႔) သိသိ သာသာ ၾကည့္ေနၿပီ ဆုိရင္ နမ္းဖို႔ စိတ္ကူးေတြ စယဥ္ ေနတာပါ။ ေနာက္တစ္ခုကေတာ့ သင္နဲ႔မ်က္ ၀န္းခ်င္းဆံု ၾကည့္တာပါ။ ခ်စ္ရည္ရႊန္းလဲ့တဲ့ အၾကည့္မ်ိဳးနဲ႔ မ်က္၀န္းခ်င္းဆံု ၿပီး ၾကာၾကာစိုက္ ၾကည့္ေနၿပီဆုိရင္ သေဘာ ေပါက္လိုက္ပါ။
အသံ
ဒါကလည္း ဟန္ေဆာင္လုိ႔ မရတဲ့ ေနာက္ထပ္ အရာေတြ ထဲက တစ္ခုပါ။ ခ်စ္သူရဲ႕ အသံကို ေသခ်ာ နားေထာင္ၾကည့္ပါ။သူ႔အသံက တျဖည္းျဖည္း ျငင္သာ ႏူးညံ့ ေပ်ာ့ ေပ်ာင္းလာတာမ်ိဳး၊ သင္အနား နား ကပ္ၿပီး ႏွစ္ကိုယ္ၾကား တီးတိုး ကပ္ေျပာတာမ်ိဳး ေတြ လုပ္လာၿပီ ဆုိရင္ သူ႔ဘက္က သင့္ကို နမ္းဖို႔ အသင့္ျဖစ္ေနပါၿပီ။
Body Language
ခ်စ္သူေကာင္ေလးက တစ္ခ်ိန္လံုး ဂနာ မၿငိမ္ ျဖစ္ေနတာမ်ိဳးပါ။ သင္နဲ႔ ရွိေနတဲ့ အခ်ိန္မွာ ဂနာ မၿငိမ္ ျဖစ္ေနတာမ်ိဳး – ဥပမာ ဟို ပစၥည္း ျပဳတ္က် ဒီပစၥည္းျပဳတ္ က်ေနတာမ်ိဳး၊ရွက္ကိုးရွက္ က န္းေတြ နဲ႔ တစ္လြဲ လုပ္တာမ်ိဳးေတြပါ။ အဲ့လုိ ေတြ လုပ္ေနၿပီဆုိရင္ ေတာ့ သင့္ကို နမ္းခ်င္တဲ့ စိတ္ေၾကာင့္ သူ႔စိတ္ေတြ စိတ္လႈပ္ရွား ဂနာ မၿငိမ္ ျဖစ္ေနတာပါ။ သူ႔ရဲ႕ ဆံပင္ ေတြကို ခဏခဏ ကိုင္ေနတာမ်ိဳး၊ သူ႔မ်က္ႏွာ ၊ သူ႔ေအာက္ႏႈတ္ခမ္းေတြကို ခဏခဏ ကိုင္ေနတာ မ်ိဳးေတြ ကလည္း သင့္ကို နမ္းခ်င္တဲ့ စိတ္ေၾကာင့္ ျဖစ္ေနတာပါ။
ၿငိမ္သက္လာတာ
စကားေတြ တရပ္စပ္ေျပာၿပီး ပြတ္ေလာရိုက္ေနရင္ နမ္းလို႔ မရပါဘူး။ သူ႔ဘက္က သင့္ကို နမ္းခ်င္ လာၿပီဆိုရင္ သင္နဲ႔ စကားေျပာေနတဲ့ အခ်ိန္ မ်ိဳးေတြ မွာ သူ႔ဘက္ကေန ႏႈတ္ဆိတ္ သြားပါ လိမ့္ မယ္။ ဒီေနရာမွာ လည္း ခ်စ္သူေကာင္ေလးဘက္ကေန ကိုယ္ေျပာေနတဲ့ စကားကို အာရံုမရ တစ္ခ် က္ ရတစ္ခ်က္ ႏႈတ္ဆိတ္တာမိ်ဳးလား၊ ႏႈတ္ဆိတ္ သြားေပမယ့္ သူ႔အၾကည့္ေတြ က သင့္ဆီမွာပဲ ဆက္ရွိေနလား ဆုိတဲ့ အေျခအေန ေပၚ မူတည္ၿပီး အာရံုမရတာလား၊ နမ္းခ်င္ေနတာလား ဆုိတာ ကြာ ပါေသးတယ္။
အနားကပ္လာတာ
နမ္းတယ္ဆိုတာ ပဲခူးနဲ႔ ပုဂံလို ေ၀းေနရင္ လုပ္လို႔ရတဲ့ အရာမဟုတ္ပါဘူး။ဒါေၾကာင့္ ခ်စ္သူနဲ႔ ကိုယ္ နဲ႔ အတူ ရွိေန တဲ့ အခ်ိန္မွာ သင့္အနားကို ပိုတိုးကပ္လာ တာမ်ိဳး ၊သင္နဲ႔ ေတာ္ေတာ္ေလး နီးနီးကပ္ ကပ္ ျဖစ္လာေအာင္ ႀကိဳးစားေနတာမ်ိဳးပါ။
အီစီကလီ ေလးေတြ လုပ္လာမယ္
ခ်စ္သူကို ခ်စ္ေၾကာင္း ေလးေတြကုိ အမူအရာ နဲ႔ ျပၿပီး အီစီကလီေလးေတြ လုပ္ျပလာပါလိမ့္ မယ္။ ေယာက္်ားေလး တစ္ေယာက္နဲ႔ တစ္ေယာက္ ကေတာ့ ျပတဲ့ အမူအရာ ပံုစံေလးေတြ ကြာျ ခားႏိုင္ပါတယ္။ လက္ေမာင္းေလးေတြကို ထိ ေတြ႕ က်ီစယ္တာမ်ိဳး၊ ေက်ာေနာက္ပိုင္းကို ဖက္ တာမ်ိဳးေလး၊ မ်က္လံုး မွိတ္ျပတာမ်ိဳးေလးေတြပါ။
ဖြင့္ေျပာမယ္
ဒါကေတာ့ အနမ္းကို ဓါးျပတိုက္မယူခ်င္သလို စိတ္ထဲရွိတဲ့ အတိုင္း ဟန္မေဆာင္တတ္တဲ့ ေယာက္က်ားေလးေတြ သံုးတဲ့ နည္းပါ။ သင့္ဆီက ေပးလာမယ့္ အၾကင္နာ အနမ္းတစ္ပြင့္ကို လိုခ်င္ တဲ့ အေၾကာင္း သူ႔ဘက္က ပြင့္ပြင့္လင္းလင္းထုတ္ေျပာပါလိမ့္မယ္။
ခ်စ္သူရဲ႕ အနမ္းကို တံု႔ျပန္ဖုိ႔ သင့္ဘက္က Ready ျဖစ္ေနၿပီဆုိရင္ေတာ့ သူနဲ႔ ပိုၿပီး နီးနီးကပ္ေလးျဖစ္ေအာင္ အနားတိုးတာမ်ိဳး၊ ခ်စ္သူ႔ရဲ႕ လက္ေမာင္းနဲ႔ မ်က္ႏွာေလးေတြ ကို ညင္ညင္သာသာေလး ထိေတြ႕ကိုင္တြယ္ေပးၿပီး တံု႔ျပန္ႏိုင္ပါတယ္။
Aunty May
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
ကောင်လေးတွေ ချစ်သူကို နမ်းချင်လာရင် လုပ်တတ်တဲ့ အပြုအမူ (၇) မျိုး
အနမ်းဆိုတာကလည်း အချစ်ရဲ့ သင်္ကေတ တစ်ခုပါ။ အနမ်းမှာတော့ အမျိုးမျိုးရှိပါတယ်။ ချစ်ရတဲ့ သူနဲ့ အခုမှ First Kiss ကို စမယ့် ကောင်လေးတွေမှာလည်း အနည်းနဲ့ အများဆိုသလို ရှက်တဲ့ စိတ်၊ မဝံ့မရဲ တဲ့ စိတ်လေးတွေ ရှိတတ်ပါတယ်။ အရှက်ကြီးတဲ့ ယောက်ျားလေးတွေ ကိုယ့်ချစ်သူ ကောင်မလေးကို နမ်းချင်လာပြီဆိုရင် လုပ်တတ်တဲ့ ချစ်စရာအမူအရာ ၊ အပြုအမူလေးတွေရှိပါတယ်။ အဲ့ဒါတွေကတော့….
မျက်လုံးအကြည့်တွေ
မျက်လုံးဆိုတာ စိတ်ရဲ့ ပြူတင်းပေါက်ပါ။ မျက်လုံးကို ကြည့်လိုက်ရင် အဲ့လူရဲ့ စိတ်ကို တစ်စွန်းတစ် စ သိနိုင်ပါတယ်။ ချစ်သူကောင်လေးက သင့်ကို နမ်းချင်လာပြီဆိုရင် အသိသာဆုံး မူပျက်နေမှာကေ တာ့ သူ့ရဲ့ မျက်လုံး အကြည့်တွေပါ။ မျက်လုံးတွေက သင့်ရဲ့ နှုတ် ခမ်းကို မသိမသာ(သို့) သိသိ သာသာ ကြည့်နေပြီ ဆိုရင် နမ်းဖို့ စိတ်ကူးတွေ စယဉ် နေတာပါ။ နောက်တစ်ခုကတော့ သင်နဲ့မျက် ဝန်းချင်းဆုံ ကြည့်တာပါ။ ချစ်ရည်ရွှန်းလဲ့တဲ့ အကြည့်မျိုးနဲ့ မျက်ဝန်းချင်းဆုံ ပြီး ကြာကြာစိုက် ကြည့်နေပြီဆိုရင် သဘော ပေါက်လိုက်ပါ။
အသံ
ဒါကလည်း ဟန်ဆောင်လို့ မရတဲ့ နောက်ထပ် အရာတွေ ထဲက တစ်ခုပါ။ ချစ်သူရဲ့ အသံကို သေချာ နားထောင်ကြည့်ပါ။သူ့အသံက တဖြည်းဖြည်း ငြင်သာ နူးညံ့ ပျော့ ပျောင်းလာတာမျိုး၊ သင်အနား နား ကပ်ပြီး နှစ်ကိုယ်ကြား တီးတိုး ကပ်ပြောတာမျိုး တွေ လုပ်လာပြီ ဆိုရင် သူ့ဘက်က သင့်ကို နမ်းဖို့ အသင့်ဖြစ်နေပါပြီ။
Body Language
ချစ်သူကောင်လေးက တစ်ချိန်လုံး ဂနာ မငြိမ် ဖြစ်နေတာမျိုးပါ။ သင်နဲ့ ရှိနေတဲ့ အချိန်မှာ ဂနာ မငြိမ် ဖြစ်နေတာမျိုး – ဥပမာ ဟို ပစ္စည်း ပြုတ်ကျ ဒီပစ္စည်းပြုတ် ကျနေတာမျိုး၊ရှက်ကိုးရှက် က န်းတွေ နဲ့ တစ်လွဲ လုပ်တာမျိုးတွေပါ။ အဲ့လို တွေ လုပ်နေပြီဆိုရင် တော့ သင့်ကို နမ်းချင်တဲ့ စိတ်ကြောင့် သူ့စိတ်တွေ စိတ်လှုပ်ရှား ဂနာ မငြိမ် ဖြစ်နေတာပါ။ သူ့ရဲ့ ဆံပင် တွေကို ခဏခဏ ကိုင်နေတာမျိုး၊ သူ့မျက်နှာ ၊ သူ့အောက်နှုတ်ခမ်းတွေကို ခဏခဏ ကိုင်နေတာ မျိုးတွေ ကလည်း သင့်ကို နမ်းချင်တဲ့ စိတ်ကြောင့် ဖြစ်နေတာပါ။
ငြိမ်သက်လာတာ
စကားတွေ တရပ်စပ်ပြောပြီး ပွတ်လောရိုက်နေရင် နမ်းလို့ မရပါဘူး။ သူ့ဘက်က သင့်ကို နမ်းချင် လာပြီဆိုရင် သင်နဲ့ စကားပြောနေတဲ့ အချိန် မျိုးတွေ မှာ သူ့ဘက်ကနေ နှုတ်ဆိတ် သွားပါ လိမ့် မယ်။ ဒီနေရာမှာ လည်း ချစ်သူကောင်လေးဘက်ကနေ ကိုယ်ပြောနေတဲ့ စကားကို အာရုံမရ တစ်ချ က် ရတစ်ချက် နှုတ်ဆိတ်တာမျိုးလား၊ နှုတ်ဆိတ် သွားပေမယ့် သူ့အကြည့်တွေ က သင့်ဆီမှာပဲ ဆက်ရှိနေလား ဆိုတဲ့ အခြေအနေ ပေါ် မူတည်ပြီး အာရုံမရတာလား၊ နမ်းချင်နေတာလား ဆိုတာ ကွာ ပါသေးတယ်။
အနားကပ်လာတာ
နမ်းတယ်ဆိုတာ ပဲခူးနဲ့ ပုဂံလို ဝေးနေရင် လုပ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ဒါကြောင့် ချစ်သူနဲ့ ကိုယ် နဲ့ အတူ ရှိနေ တဲ့ အချိန်မှာ သင့်အနားကို ပိုတိုးကပ်လာ တာမျိုး ၊သင်နဲ့ တော်တော်လေး နီးနီးကပ် ကပ် ဖြစ်လာအောင် ကြိုးစားနေတာမျိုးပါ။
အီစီကလီ လေးတွေ လုပ်လာမယ်
ချစ်သူကို ချစ်ကြောင်း လေးတွေကို အမူအရာ နဲ့ ပြပြီး အီစီကလီလေးတွေ လုပ်ပြလာပါလိမ့် မယ်။ ယောက်ျားလေး တစ်ယောက်နဲ့ တစ်ယောက် ကတော့ ပြတဲ့ အမူအရာ ပုံစံလေးတွေ ကွာြ ခားနိုင်ပါတယ်။ လက်မောင်းလေးတွေကို ထိ တွေ့ ကျီစယ်တာမျိုး၊ ကျောနောက်ပိုင်းကို ဖက် တာမျိုးလေး၊ မျက်လုံး မှိတ်ပြတာမျိုးလေးတွေပါ။
ဖွင့်ပြောမယ်
ဒါကတော့ အနမ်းကို ဓါးပြတိုက်မယူချင်သလို စိတ်ထဲရှိတဲ့ အတိုင်း ဟန်မဆောင်တတ်တဲ့ ယောက်ကျားလေးတွေ သုံးတဲ့ နည်းပါ။ သင့်ဆီက ပေးလာမယ့် အကြင်နာ အနမ်းတစ်ပွင့်ကို လိုချင် တဲ့ အကြောင်း သူ့ဘက်က ပွင့်ပွင့်လင်းလင်းထုတ်ပြောပါလိမ့်မယ်။
ချစ်သူရဲ့ အနမ်းကို တုံ့ပြန်ဖို့ သင့်ဘက်က Ready ဖြစ်နေပြီဆိုရင်တော့ သူနဲ့ ပိုပြီး နီးနီးကပ်လေးဖြစ်အောင် အနားတိုးတာမျိုး၊ ချစ်သူ့ရဲ့ လက်မောင်းနဲ့ မျက်နှာလေးတွေ ကို ညင်ညင်သာသာလေး ထိတွေ့ကိုင်တွယ်ပေးပြီး တုံ့ပြန်နိုင်ပါတယ်။
Aunty May
Credit:Aunty May


မှတ်ချက်များ