သင့္သူငယ္ခ်င္းက သင့္ကို မနာလိုျဖစ္ေနေၾကာင္း ျပသေနတဲ့ လကၡဏာ (၇)ခု
Zawgyiျဖင့္ဖတ္ရန္
သင့္သူငယ္ခ်င္းေတြထဲမွာ သင့္ကို မနာလိုျဖစ္ေနတဲ့သူရွိတယ္လို႔ ခံစားရဖူးလား။ တခ်ိဳ႕ေတြကေတာ့ ဟန္ေဆာင္ေကာင္းၾကပါတယ္။ ကိုယ့္ေရွ႕မွာေတာ့ မ်က္ႏွာၿဖီးျပၿပီး ေနာက္ကြယ္မွာေတာ့ ကိုယ့္မေကာင္းေၾကာင္းသြားပုပ္ေလလြင့္ေျပာသူေတြရွိပါတယ္။ ဒီေတာ့ သင့္သူငယ္ခ်င္းေတြထဲက တစ္ေယာက္ေယာက္က သင့္ကိုမနာလိုျဖစ္ေနလား ဒီအခ်က္ေတြနဲ႔ ဆန္းစစ္ၾကည့္လိုက္ပါ။
၁။ သင္လုပ္တဲ့အတိုင္း လိုက္လုပ္တယ္
သင့္သူငယ္ခ်င္းတစ္ေယာက္ေယာက္က သင္ဝယ္သမွ်ပစၥည္းေတြအတိုင္း လိုက္ဝယ္တတ္လား။ သင့္ရဲ႕ အမူအရာအတိုင္း သင့္ဝတ္ဆင္ပံုအတိုင္း သူတို႔ပါ လိုက္လုပ္တတ္ပါတယ္။ ဒီအခ်က္က အခင္ဆံုးသူငယ္ခ်င္းနဲ႔ လြယ္အိတ္ဆင္တူဝယ္တဲ့ျဖစ္ရပ္န႔ဲ ဆန္႔က်င္ဘက္ပါပဲ။ သင့္အတိုင္းလိုက္လုပ္တတ္တ့ဲ သူငယ္ခ်င္းေတြကို မယံုလိုက္ပါနဲ႔။
၂။ သင့္ကို အျပဳသေဘာမခ်ီးမြမ္းတတ္ဘူး
သင့္ဘဝမွာ ေအာင္ျမင္မႈရတဲ့အခ်ိန္ သူတို႔က အဆိုးျမင္စိတ္နဲ႔ ခ်ီးမြမ္းတတ္ၾကပါတယ္။ ဥပမာ- ကိုယ္က လစာေကာင္းတဲ့အလုပ္တစ္ခုမွာ ေနရာရလိုက္တယ္ဆိုရင္ မနာလိုတဲ့သူရဲ႕စကားကေတာ့ “နင္အကပ္ေကာင္းလို႔ ဝင္သြားတယ္ေပါ့” စတာေတြျဖစ္ေနတတ္ပါတယ္။ သူငယ္ခ်င္းေကာင္းေတြကေတာ့ နင္ကေတာ္လိုက္တာ။ နင့္အတြက္ ဂုဏ္ယူပါတယ္စတဲ့ စကားေတြေျပာတတ္ပါတယ္။ ခြဲျခားျမင္တတ္ပါေစ။
၃။ သင့္ကို အၿမဲေဝဖန္တယ္
သင့္ရဲ႕လုပ္ရပ္တိုင္းကို မနာလိုသူေတြက ေဝဖန္တတ္ပါတယ္။ ေဝဖန္ရင္လည္း ေကာင္းတဲ့ဘက္မဟုတ္ဘဲ အဆိုးျမင္စိတ္ေတြနဲ႔ပဲ ေဝဖန္တတ္ပါတယ္။
၄။ သင့္ကို လူတကာေရွ႕ အရွက္ခြဲတတ္ပါတယ္
သင္နဲ႔ႏွစ္ေယာက္တည္း ရွိတဲ့အခ်ိန္ဆိုရင္ သူတို႔ဘာမွမေျပာတတ္ပါဘူး။ ဒါေပမဲ့ လူစံုလာတဲ့အခ်ိန္ဆိုရင္ သူတို႔က ဟာသလိုလိုနဲ႔ သင့္အားနည္းခ်က္ကို ထိုးႏွက္ပါေတာ့တယ္။
၅။ သင့္ကို အဆက္အသြယ္သိပ္မလုပ္ဘူး
သင္နဲ႔အရင္က အခ်ိန္ၾကာၾကာအတူရွိခဲ့ေပမယ့္ အေခၚအေျပာစိပ္သြားတတ္ပါတယ္။ သူငယ္ခ်င္းက အလုပ္မ်ားတယ္ဆိုတာကေတာ့ ခၽြင္းခ်က္ပါ။ သင္နဲ႔ စကားေျပာတာစိမ္းသြားတယ္ဆိုရင္လည္း သူ႕စိတ္ထဲ သင့္အေပၚမွားယြင္းတာတစ္ခုခုရွိလို႔ပါ။
၆။ သင္နဲ႔လိုက္ၿပိဳင္တယ္
သင့္ထက္ အဆေပါင္းမ်ားစြာသာမွ သူတို႔ေက်နပ္တတ္ပါတယ္။ အစစအရာရာ သင္နဲ႔ယွဥ္ၿပိဳင္တတ္ပါတယ္။
၇။ သင့္ကို တစ္ေယာက္တည္းထားတတ္တယ္
သင္နဲ႔ ခ်ိန္းတဲ့အခ်ိန္တိုင္း သူတို႔ဘက္က အၿမဲပ်က္ကြက္တတ္ပါတယ္။ တခ်ိဳ႕ေတြက ရည္ရြယ္ခ်က္ရွိရွိနဲ႔ ပ်က္ကြက္တတ္တာပါ။
သင္က အေပၚမွာ ေျပာခဲ့တဲ့အခ်က္ေတြအတိုင္း ဆန္းစစ္ၾကည့္ရင္ေတာ့ သင့္အေပၚ မနာလိုတာဟုတ္မဟုတ္ သိႏိုင္ပါၿပီ။
May Thu Soe
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
သင့်သူငယ်ချင်းက သင့်ကို မနာလိုဖြစ်နေကြောင်း ပြသနေတဲ့ လက္ခဏာ (၇)ခု
သင့်သူငယ်ချင်းတွေထဲမှာ သင့်ကို မနာလိုဖြစ်နေတဲ့သူရှိတယ်လို့ ခံစားရဖူးလား။ တချို့တွေကတော့ ဟန်ဆောင်ကောင်းကြပါတယ်။ ကိုယ့်ရှေ့မှာတော့ မျက်နှာဖြီးပြပြီး နောက်ကွယ်မှာတော့ ကိုယ့်မကောင်းကြောင်းသွားပုပ်လေလွင့်ပြောသူတွေရှိပါတယ်။ ဒီတော့ သင့်သူငယ်ချင်းတွေထဲက တစ်ယောက်ယောက်က သင့်ကိုမနာလိုဖြစ်နေလား ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်လိုက်ပါ။
၁။ သင်လုပ်တဲ့အတိုင်း လိုက်လုပ်တယ်
သင့်သူငယ်ချင်းတစ်ယောက်ယောက်က သင်ဝယ်သမျှပစ္စည်းတွေအတိုင်း လိုက်ဝယ်တတ်လား။ သင့်ရဲ့ အမူအရာအတိုင်း သင့်ဝတ်ဆင်ပုံအတိုင်း သူတို့ပါ လိုက်လုပ်တတ်ပါတယ်။ ဒီအချက်က အခင်ဆုံးသူငယ်ချင်းနဲ့ လွယ်အိတ်ဆင်တူဝယ်တဲ့ဖြစ်ရပ်နဲ့ ဆန့်ကျင်ဘက်ပါပဲ။ သင့်အတိုင်းလိုက်လုပ်တတ်တဲ့ သူငယ်ချင်းတွေကို မယုံလိုက်ပါနဲ့။
၂။ သင့်ကို အပြုသဘောမချီးမွမ်းတတ်ဘူး
သင့်ဘဝမှာ အောင်မြင်မှုရတဲ့အချိန် သူတို့က အဆိုးမြင်စိတ်နဲ့ ချီးမွမ်းတတ်ကြပါတယ်။ ဥပမာ- ကိုယ်က လစာကောင်းတဲ့အလုပ်တစ်ခုမှာ နေရာရလိုက်တယ်ဆိုရင် မနာလိုတဲ့သူရဲ့စကားကတော့ “နင်အကပ်ကောင်းလို့ ဝင်သွားတယ်ပေါ့” စတာတွေဖြစ်နေတတ်ပါတယ်။ သူငယ်ချင်းကောင်းတွေကတော့ နင်ကတော်လိုက်တာ။ နင့်အတွက် ဂုဏ်ယူပါတယ်စတဲ့ စကားတွေပြောတတ်ပါတယ်။ ခွဲခြားမြင်တတ်ပါစေ။
၃။ သင့်ကို အမြဲဝေဖန်တယ်
သင့်ရဲ့လုပ်ရပ်တိုင်းကို မနာလိုသူတွေက ဝေဖန်တတ်ပါတယ်။ ဝေဖန်ရင်လည်း ကောင်းတဲ့ဘက်မဟုတ်ဘဲ အဆိုးမြင်စိတ်တွေနဲ့ပဲ ဝေဖန်တတ်ပါတယ်။
၄။ သင့်ကို လူတကာရှေ့ အရှက်ခွဲတတ်ပါတယ်
သင်နဲ့နှစ်ယောက်တည်း ရှိတဲ့အချိန်ဆိုရင် သူတို့ဘာမှမပြောတတ်ပါဘူး။ ဒါပေမဲ့ လူစုံလာတဲ့အချိန်ဆိုရင် သူတို့က ဟာသလိုလိုနဲ့ သင့်အားနည်းချက်ကို ထိုးနှက်ပါတော့တယ်။
၅။ သင့်ကို အဆက်အသွယ်သိပ်မလုပ်ဘူး
သင်နဲ့အရင်က အချိန်ကြာကြာအတူရှိခဲ့ပေမယ့် အခေါ်အပြောစိပ်သွားတတ်ပါတယ်။ သူငယ်ချင်းက အလုပ်များတယ်ဆိုတာကတော့ ချွင်းချက်ပါ။ သင်နဲ့ စကားပြောတာစိမ်းသွားတယ်ဆိုရင်လည်း သူ့စိတ်ထဲ သင့်အပေါ်မှားယွင်းတာတစ်ခုခုရှိလို့ပါ။
၆။ သင်နဲ့လိုက်ပြိုင်တယ်
သင့်ထက် အဆပေါင်းများစွာသာမှ သူတို့ကျေနပ်တတ်ပါတယ်။ အစစအရာရာ သင်နဲ့ယှဉ်ပြိုင်တတ်ပါတယ်။
၇။ သင့်ကို တစ်ယောက်တည်းထားတတ်တယ်
သင်နဲ့ ချိန်းတဲ့အချိန်တိုင်း သူတို့ဘက်က အမြဲပျက်ကွက်တတ်ပါတယ်။ တချို့တွေက ရည်ရွယ်ချက်ရှိရှိနဲ့ ပျက်ကွက်တတ်တာပါ။
သင်က အပေါ်မှာ ပြောခဲ့တဲ့အချက်တွေအတိုင်း ဆန်းစစ်ကြည့်ရင်တော့ သင့်အပေါ် မနာလိုတာဟုတ်မဟုတ် သိနိုင်ပါပြီ။
May Thu Soe
Credit:Aunty May


မှတ်ချက်များ