“ငါ လြတ္ၿပီဆိုၿပီးေတာ့ မလုပ္ဖို႔က အေရးႀကီးတယ္” ဦးသိမ္းၾကည္ (႐ုပ္သံ)





Zawgyiျဖင့္ဖတ္ရန္

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ အျပည္ျပည္ဆိုင္ရာ တရား႐ုံး (အိုင္စီေဂ်)မွာသြားေရာက္ တရားရင္ဆိုင္ရာမွာ ငါလြတ္ၿပီဆိုၿပီးေတာ့ မလုပ္ဖို႔က အေရးႀကီးတယ္ လို႔ အမ်ိဳးသားႏိုင္ငံေရးမဟာမိတ္မ်ားအဖြဲ႕ခ်ဳပ္ပါတီ ဥကၠ႒ ဦးသိမ္းၾကည္က ေျပာၾကားလိုက္ပါတယ္ ႏိုဝင္ဘာ ၂၅ ရက္က ရန္ကုန္ၿမိဳ႕၊ ဗိုလ္တေထာင္ၿမိဳ႕နယ္ရွိ House of Orchid မွာ က်င္းပတဲ့ ႏိုင္ငံေရးပါတီေတြရဲ႕ စုေပါင္း သတင္းစာရွင္းလင္းပြဲမွာ ျမန္မာႏိုင္ငံကို ဂမ္ဘီယာႏိုင္ငံက အိုင္စီေဂ် တရား႐ုံးမွာ တရားစြဲထားတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး ေျပာသြားတာပါ။

အမ်ိဳးသားႏိုင္ငံေရးမဟာမိတ္မ်ားအဖြဲ႕ခ်ဳပ္ပါတီ ဥကၠ႒ ဦးသိမ္းၾကည္က “က်ေနာ္တို႔ႏိုင္ငံမွာ အႀကီးအကဲ ႏိုင္ငံေတာ္အတိုင္ပင္ခံက ဘယ္ႏိုင္ငံသြားသြား ၄ ႏွစ္အတြင္းမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံလို႔ ေခါင္းစဥ္တပ္ထားတယ္။ ဒီေန႔မွာ ႏိုင္ငံျခားေရးဝန္ႀကီးလို႔ တပ္လာတယ္။ ဘာလို႔လဲ။ ႏိုင္ငံျခားေရးဝန္ႀကီးတေယာက္က သံခင္းတမန္ခင္းနဲ႔ သြားရွင္းရင္ ကင္းလြတ္ခြင့္ရေနတာ။ အဲဒါကို ျမင္ေစခ်င္တယ္။ က်ေနာ္ ေတာင္းပန္ခ်င္တာက ဘာလဲဆိုရင္ က်ေနာ္တို႔ ျပည္တြင္းေရးမွာရွိတဲ့ကိစၥကို ဘယ္ေတာ့မွ မေျပာဘူး၊ ႏိုင္ငံျခားေရာက္တဲ့အခါက်မွ ျပည္တြင္းေရးကို ေဖာက္သည္ခ်ၿပီး ေျပာခဲ့တာေတြ ရွိတယ္။ က်ေနာ္ ေတာင္းပန္ခ်င္ပါတယ္။ က်ေနာ္တို႔ႏိုင္ငံမွာရွိတဲ့ လူေတြကို ဘယ္သူမွ ဒုကၡမေပးခဲ့ပါနဲ႔။ မေျပာခဲ့ပါနဲ႔။ အားကိုးပါတယ္။ ဒါေလးေတာ့ က်ေနာ္ ေျပာခ်င္တယ္။ တကယ္တမ္း ေျပာၿပီဆိုရင္ တာဝန္အရွိဆုံးက ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္၊ ကာကြယ္ေရးဦးစီးခ်ဳပ္၊ အဲဒီႏွစ္ေယာက္ကို ထိုးခ်ပါလား။ ကယ္မေပးပါ၊ ေစာင့္ေရွာက္ေပးပါ။ ငါ လြတ္ၿပီဆိုၿပီးေတာ့ မလုပ္ဖို႔က အေရးႀကီးတယ္။ က်ေနာ္တို႔ ႏိုင္ငံရဲ႕ အက်ိဳးစီးပြားကို ကာကြယ္မယ္လို႔ ေျပာတယ္။ ယုံၾကည္ပါတယ္။ ကာကြယ္ေပးပါ။” လို႔ ေျပာပါတယ္။


ရုပ္သံ https://youtu.be/2PBGULc4o8Y


ျမန္မာႏိုင္ငံကို အိုင္စီေဂ်တရား႐ုံးမွာ တရားစြဲဆိုဖို႔ ျဖစ္လာတဲ့ အေျခအေနဟာ ကိုဖီအာနန္ အစီရင္ခံစာကေန စတင္ခဲ့တာလို႔လည္း အမ်ိဳးသားႏိုင္ငံေရးမဟာမိတ္မ်ားအဖြဲ႕ခ်ဳပ္ပါတီ ေခါင္းေဆာင္ ဦးသိမ္းၾကည္က ေျပာၾကားသြားပါတယ္။ “ဒီေန႔ ဒီအခ်ိန္အခါ ေရာက္လာတဲ့ အေနအထားက ၂၀၁၆ ကေန စခဲ့တဲ့ ဇာတ္လမ္းပါ။ အဲဒီဇာတ္လမ္းက ကိုဖီအာနန္ အစီရင္ခံစာ စတာပါ။ က်ေနာ္တို႔ ဇာတ္လမ္းေတြ တင္တဲ့အခါ ကိုဖီအာနန္ အစီရင္ခံစာဟာ လိုက္လုပ္စရာ မလိုဘူးလို႔ ေျပာေပမယ့္ UN ကို ေရာက္တဲ့အခါက်ေတာ့ Road Map ေဆာင္႐ြက္ပါမယ္လို႔ ကတိေပးၿပီးသြားၿပီ။ ကိုဖီအာနန္ စာေၾကာင့္ ဘယ္ဟာေတြ ေကာင္းတယ္လို႔ ေျပာတယ္။ ဘယ္ဟာေတြ ဆိုးတယ္ဆိုတာ မေျပာဘူး။ က်ေနာ္တို႔က ဆိုးတာက စိုးရိမ္တာ။ ဒါေလးေတြက အမ်ားႀကီး စဥ္းစားဖို႔ လိုတယ္။ အဆိုပါ သတင္းစာရွင္းလင္းပြဲမွာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ဗဟို အလုပ္အမႈေဆာင္ ဦးလွသိန္း၊ အမ်ိဳးသားဒီမိုကေရစီပါတီသစ္ ဥကၠ႒ ဦးသိန္းၫြန႔္၊ အမ်ိဳးသား တိုးတက္ေရးပါတီ အေထြေထြအတြင္းေရးမႉး ဦးေအာင္ၿဖိဳးေက်ာ္၊ ၿမိဳတိုင္းရင္းသား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ ဒုဥကၠ႒ ဦးေက်ာ္ထြန္းခိုင္ စသူတို႔ကလည္း အိုင္စီေဂ် အမႈကိစၥနဲ႔ ၂၀၂၀ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ ကိစၥေတြကို ရွင္းလင္း ေျပာၾကားခဲ့ပါတယ္။

ဂမ္ဘီယာႏို္ငငံရဲ႕ တရားစြဲဆိုခ်က္ကို တုံ႔ျပန္ဖို႔ ျမန္မာကိုယ္စားလွယ္အဖြဲ႕ကို ႏိုင္ငံ ေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ ဦးေဆာင္ၿပီး သည္ဟိဂ္ၿမိဳ႕ကို သြားေရာက္မယ္လို႔ အစိုးရက ေၾကညာထားပါ တယ္။ဒီအမႈအတြက္ ၂၀၁၉ ဒီဇင္ဘာလ ၁၀ ရက္မွ ၁၂ ရက္အထိ နယ္သာလန္ႏိုင္ငံ သည္ဟိဂ္ၿမိဳ႕ရွိ အျပည္ျပည္ဆိုင္ရာတရား႐ုံးမွာ ၾကားနာမႈေတြ စတင္ ျပဳလုပ္မွာပါ။


Unicode ဖြင့်ဖတ်ရန်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (အိုင်စီဂျေ)မှာသွားရောက် တရားရင်ဆိုင်ရာမှာ ငါလွတ်ပြီဆိုပြီးတော့ မလုပ်ဖို့က အရေးကြီးတယ် လို့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိမ်းကြည်က ပြောကြားလိုက်ပါတယ် နိုဝင်ဘာ ၂၅ ရက်က ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်ရှိ House of Orchid မှာ ကျင်းပတဲ့ နိုင်ငံရေးပါတီတွေရဲ့ စုပေါင်း သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အိုင်စီဂျေ တရားရုံးမှာ တရားစွဲထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောသွားတာပါ။

အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိမ်းကြည်က “ကျနော်တို့နိုင်ငံမှာ အကြီးအကဲ နိုင်ငံတော်အတိုင်ပင်ခံက ဘယ်နိုင်ငံသွားသွား ၄ နှစ်အတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံလို့ ခေါင်းစဉ်တပ်ထားတယ်။ ဒီနေ့မှာ နိုင်ငံခြားရေးဝန်ကြီးလို့ တပ်လာတယ်။ ဘာလို့လဲ။ နိုင်ငံခြားရေးဝန်ကြီးတယောက်က သံခင်းတမန်ခင်းနဲ့ သွားရှင်းရင် ကင်းလွတ်ခွင့်ရနေတာ။ အဲဒါကို မြင်စေချင်တယ်။ ကျနော် တောင်းပန်ချင်တာက ဘာလဲဆိုရင် ကျနော်တို့ ပြည်တွင်းရေးမှာရှိတဲ့ကိစ္စကို ဘယ်တော့မှ မပြောဘူး၊ နိုင်ငံခြားရောက်တဲ့အခါကျမှ ပြည်တွင်းရေးကို ဖောက်သည်ချပြီး ပြောခဲ့တာတွေ ရှိတယ်။ ကျနော် တောင်းပန်ချင်ပါတယ်။ ကျနော်တို့နိုင်ငံမှာရှိတဲ့ လူတွေကို ဘယ်သူမှ ဒုက္ခမပေးခဲ့ပါနဲ့။ မပြောခဲ့ပါနဲ့။ အားကိုးပါတယ်။ ဒါလေးတော့ ကျနော် ပြောချင်တယ်။ တကယ်တမ်း ပြောပြီဆိုရင် တာဝန်အရှိဆုံးက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ်၊ အဲဒီနှစ်ယောက်ကို ထိုးချပါလား။ ကယ်မပေးပါ၊ စောင့်ရှောက်ပေးပါ။ ငါ လွတ်ပြီဆိုပြီးတော့ မလုပ်ဖို့က အရေးကြီးတယ်။ ကျနော်တို့ နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်မယ်လို့ ပြောတယ်။ ယုံကြည်ပါတယ်။ ကာကွယ်ပေးပါ။” လို့ ပြောပါတယ်။



မြန်မာနိုင်ငံကို အိုင်စီဂျေတရားရုံးမှာ တရားစွဲဆိုဖို့ ဖြစ်လာတဲ့ အခြေအနေဟာ ကိုဖီအာနန် အစီရင်ခံစာကနေ စတင်ခဲ့တာလို့လည်း အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ခေါင်းဆောင် ဦးသိမ်းကြည်က ပြောကြားသွားပါတယ်။ “ဒီနေ့ ဒီအချိန်အခါ ရောက်လာတဲ့ အနေအထားက ၂၀၁၆ ကနေ စခဲ့တဲ့ ဇာတ်လမ်းပါ။ အဲဒီဇာတ်လမ်းက ကိုဖီအာနန် အစီရင်ခံစာ စတာပါ။ ကျနော်တို့ ဇာတ်လမ်းတွေ တင်တဲ့အခါ ကိုဖီအာနန် အစီရင်ခံစာဟာ လိုက်လုပ်စရာ မလိုဘူးလို့ ပြောပေမယ့် UN ကို ရောက်တဲ့အခါကျတော့ Road Map ဆောင်ရွက်ပါမယ်လို့ ကတိပေးပြီးသွားပြီ။ ကိုဖီအာနန် စာကြောင့် ဘယ်ဟာတွေ ကောင်းတယ်လို့ ပြောတယ်။ ဘယ်ဟာတွေ ဆိုးတယ်ဆိုတာ မပြောဘူး။ ကျနော်တို့က ဆိုးတာက စိုးရိမ်တာ။ ဒါလေးတွေက အများကြီး စဉ်းစားဖို့ လိုတယ်။ အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် ဦးလှသိန်း၊ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသား တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးအောင်ဖြိုးကျော်၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးကျော်ထွန်းခိုင် စသူတို့ကလည်း အိုင်စီဂျေ အမှုကိစ္စနဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ဂမ်ဘီယာနိုငငံရဲ့ တရားစွဲဆိုချက်ကို တုံ့ပြန်ဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဦးဆောင်ပြီး သည်ဟိဂ်မြို့ကို သွားရောက်မယ်လို့ အစိုးရက ကြေညာထားပါ တယ်။ဒီအမှုအတွက် ၂၀၁၉ ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ကြားနာမှုတွေ စတင် ပြုလုပ်မှာပါ။

Credit: Burmese Asia 



မှတ်ချက်များ