Zawgyiျဖင့္ဖတ္ရန္
သို႔ မခရစၥတီးနားခီက်ေနာ္က ရခိုင္ျပည္၊ေက်ာက္ျဖဴမွာ တာဝန္က်ေနတဲ့ ဆရာဝန္တဦးပါ။ေအာင္သေျပရတနာေရႊဆိုင္က က်ေနာ္နဲ႔ က်ေနာ့အမ်ိဳးသမီး ဖြင့္ထားတဲ့ဆိုင္ေလးပါ။ အင္းစိန္ေစ်းထဲ မွာ ဆိုင္ပုံးေလး ၂ပုံးနဲ႔ဖြင့္ထားတဲ့ ဆိုင္ေသးေသးေလးရယ္ပါ။
ပထမဆုံးေျပာခ်င္တာက မနက္က ျဖစ္သြားတဲ့ ကိစၥကို အင္မတန္စိတ္မေကာင္းျဖစ္ရပါတယ္။ အဲ့ဒီအတြက္ ရွင္းျပေတာင္းပန္ဖို႔ရာ ဒီေန႔က်ေနာ့မွာ ေဆး႐ုံနဲ႔ခြဲခန္းနဲ႔ တေနကုန္ ရႈပ္ေနတာမို႔ မရွင္းလိုက္နိုင္ဘူးခင္ဗ်ာ။ ခုလည္း ဒီစာကို ခြဲခန္းထဲကေနပဲ ထိုင္ေရးလိုက္ရပါတယ္။
က်ေနာ္တို႔ ေရႊဆိုင္က အေသးေလးမို႔ လာဝယ္တဲ့ ေဖာက္သည္ေတြဟာလည္း သူေဌးေတြမဟုတ္ပါဘူး။ ဝန္ထမ္းငယ္ေလးေတြ၊ တကၠသိုလ္ေက်ာင္းသူေတြ၊ စက္႐ုံအလုပ္႐ုံေတြနဲ႔ ရန္ကုန္ၿမိဳ႕စြန္က မရွိဆင္းရဲသားမ်ားပါတယ္။ သူတို႔ကေလ လာဝယ္ၿပီ၊လာအားေပးၿပီဆိုရင္ အစြဲေလးေတြနဲ႔ ခင္ဗ်။ ႐ုပ္ရွင္မင္းသား မင္းသမီးေတြကို သိပ္ခ်စ္ၾကတာကလား !!! ေနတိုးလက္စြပ္၊ ဟိန္းေဝယံ အေဆာင္လက္စြပ္၊ ေဖြးေဖြးေရလွိုင္း လက္ေကာက္၊ အူဝဲရဲ့ ငါ့ရင္ထဲကဓါးသြား ဟန္းခ်ိန္း၊ အံ့ၾသစရာေကာင္းေအာင္ကို ခ်စ္ၾကတာပါ။ က်ေနာတို႔ p a g e မွာ အဲ့လိုေလးေတြ တင္ထားတာ ေတြ႕ၾကပါလိမ့္မယ္။ အဲ အခုေတာ့ n o w a n d e v e r ေပါ့ဗ်ာ။ ဝတ္မႈန္လက္စြပ္ေလးလို႔ အျမဲလာေမးၾကတာ ဝက္ဝက္ကြဲဗ်၊ လာၾကည့္လို႔ သိရင္ မခရစၥ အတြက္ ဝမ္းသာဂုဏ္ယူစရာျဖစ္မလားပဲ။

အဲ အဲ့မွာ ျပသနာ စတာပဲ။
က်ေနာ္တို႔ p a g e ရဲ့ a d m i n ဆိုင္က မန္ေနဂ်ာမေလးက မေန႔ညက ဝမ္းသာအားရ နဲ႔ ဝတ္မႈန္ေလးရဲ့ လက္စြပ္ရၿပီလို႔ ေရးတင္ေတာ့တာကိုး။ သူကလည္း မခရစၥ ပရိတ္သတ္ပါ။ သူတင္လိုက္တာ က်ေနာ္တို႔လည္း မသိလိုက္ဘူး၊ အရင္လည္း တင္ေနၾကကိုး။ဒီမနက္မွ က်ေနာ့အမ်ိဳးသမီးက N E ရဲ့ p r o d u c e r ကလာေျပာေနတယ္ ဆိုေတာ့မွ ဟာ ဒါငါတို႔ f o u l တာေပါ့။ ခ်က္ခ်င္းျပင္ပါဆိုၿပီး ျပင္ခိုင္းရပါတယ္၊ C A P T I O N ကို။ ျပင္ၿပီးေၾကာင္းလဲ p o s t တင္ခိုင္းလိုက္ပါတယ္။ c a p t i o n ေလးက တညပဲ ခံလိုက္တာပါ။ ဘယ္သူမွေတာင္ သိပ္မသိဘူးရယ္။
အဲ့မွာ တခုေျပာခ်င္တာက D e s i g n ။ ဒီလက္စြပ္ D E S I G N ကဆိုင္မွာေရာင္းေနတာ ၾကာပါၿပီ။ မႏွစ္ထဲက Design ပါ။ June ကတည္းက ႐ုပ္ရွင္႐ုံမတင္ခင္ကတည္းက ေနာက္တသုတ္ ထပ္တင္ေရာင္းတာပါ။ နဂိုကတည္းက လူႀကိဳက္မ်ားတဲ့ Design ပါ။ ပြင့္ပြင့္လင္းလင္းေျပာရရင္ Cartier နဲ႔ Pandora ကိုမွီးတဲ့ Design ပါ။
11
I love you ဘာညာ ဘာစာမွ မထိုးထားပါဘူး။ ေအာ္ဒါမွာသူက ထိုးခိုင္းရင္ေတာ့ ထိုးေပးရပါတယ္။ တန္ဖိုးကလည္း မျဖစ္စေလာက္ပါ။ လူလတ္တန္းစားတတ္နိုင္႐ုံေပါ့။ က်ေနာ္တို႔ NEသြားၾကည့္ေတာ့ေတာင္ ေျပာျဖစ္ပါေသးတယ္၊ ေမာင္တို႔ design မ်ိဳးလို႔၊ ၾကည္ႏူးစြာျဖင့္ပါ။ ခၽြတ္စြပ္ေတာ့မတူပါဘူး။ က်ေနာ္တို႔က C a r t i e r ကို မွီးတာပါ။
ျဖတ္ေျပာရရင္ က်ေနာ္တို႔ လင္မယားက ခီတို႔ရဲ့ ပရိတ္သတ္ေတြပါ။ ထြက္သမၽွ ဇာတ္ကားအကုန္အားေပးၾကသလို၊ က်ေနာ့ ဇနီးဆို တကားကို ၂ႀကိမ္ၾကည့္တာ။ NE ဆိုရင္လည္း သူက ၾကည့္ၿပီးသားကိုမွ ရခိုင္ေရာက္ေနတဲ့ က်ေနာ့ကို အရေခၚၿပီးတူတူသြားၾကည့္ၾကပါတယ္။
က်ေနာ္ေရးထားတဲ့ post ေတြ movie review ေတြဖတ္ၾကည့္ရင္ ဘယ္ေလာက္ရင္ထဲထည့္ၿပီး feel ထားတာ၊ အားေပးထားတာေတြ႕မွာပါ။ သီခ်င္း OST ဆိုလည္း original CD ကို ေက်ာက္ျဖဴထိ မွာယူအားေပးတာပါ။
အဲ့တာကို ခုလိုေတြျဖစ္ရေတာ့ အင္မတန္စိတ္မေကာင္းျဖစ္မိပါတယ္။
က်ေနာ္တို႔ အတြက္လည္းသင္ခန္းစာေပါ့ဗ်ာ။ ဒီထက္ပိုၿပီး ယူၾကဳံးမရျဖစ္ရတာက က်ေနာ္အင္မတန္ေလးစား ႏွစ္သက္ရတဲ့ Artist တေယာက္က Artistic မျဖစ္ပဲ နည္းနည္းေလး business ဆန္လာလို႔ပါ။ Producer က မေရးပဲ၊ မခရစၥ ကေရးလာေတာ့ အရမ္းရင္ထဲ နင့္ရပါတယ္။ ေအာ္ ဒါလည္း သူဖန္တီးထားတဲ့ သူရဲ့ အႏုပညာပစၥည္းကို ခ်စ္တဲ့စိတ္ေၾကာင့္ေနမွာပါ လို႔ ေျဖသိမ့္ပါတယ္။
10
ေလးစားရသူမို႔ မခရစၥ ကို အႀကံေတာ့ေပးပါရေစ။
က်ေနာ္တို႔ဆိုင္ေလးက ေသးေသးေလးပါ၊ ေရာင္းရလွ ၁၀ကြင္း အကြင္း၂၀ ေပါ့။ ခုဆို infinity ring က ေပါက္ၿပီ။ တျပည္လုံးဝက္ဝက္ကြဲေရာင္းရပါလိမ့္မယ္။ ေရာင္းၾကပါလိမ့္မယ္။ ဆိုင္ႀကီးေတြလည္း NE လက္စြပ္လို႔ပဲ ေျပာေရာင္းေနၾကပါၿပီေနာ္။ အဲေတာ့ လက္စြပ္ ဒီဇိုင္းရယ္၊စာသားေတြရယ္၊ နာမည္ေတြရယ္အားလုံးကို ေရွ႕ေနတေယာက္ေကာင္းေကာင္းငွားၿပီး ေသခ်ာ register လုပ္၊ သတင္းစာမွာသာေၾကာ္ျငာထည့္ထားလိုက္ပါ။ ဒါေတာင္ မူပိုင္ခြင့္ဥပေဒက ဒီနိုင္ငံမွာ အသက္မဝင္ေသးဘူးရယ္ဗ်။
အင္း ခုလည္း က်ေနာ္တို႔လို ဆိုင္ေသးေသးေလးေတြရဲ့ အမွားကို အသုံးခ်ၿပီး သင္ခန္းစာေပးတယ္လို႔လည္းယူဆပါတယ္ဗ်ာ။
အႏုပညာစစ္စစ္မ်ား ထပ္မံ ဖန္တီးနိုင္ပါေစလို႔ ဆုေတာင္းေပးပါတယ္။ခ်စ္ခင္ေလးစားစြာျဖင့္
P.s က်ေနာ္ေတာ့ တေနကုန္ အဆဲခံေနရတယ္ဗ်ိဳ႕။
Unicode ဖြင့်ဖတ်ရန်
သို့ မခရစ္စတီးနားခီကျနော်က ရခိုင်ပြည်၊ကျောက်ဖြူမှာ တာဝန်ကျနေတဲ့ ဆရာဝန်တဦးပါ။အောင်သပြေရတနာရွှေဆိုင်က ကျနော်နဲ့ ကျနော့အမျိုးသမီး ဖွင့်ထားတဲ့ဆိုင်လေးပါ။ အင်းစိန်ဈေးထဲ မှာ ဆိုင်ပုံးလေး ၂ပုံးနဲ့ဖွင့်ထားတဲ့ ဆိုင်သေးသေးလေးရယ်ပါ။
ပထမဆုံးပြောချင်တာက မနက်က ဖြစ်သွားတဲ့ ကိစ္စကို အင်မတန်စိတ်မကောင်းဖြစ်ရပါတယ်။ အဲ့ဒီအတွက် ရှင်းပြတောင်းပန်ဖို့ရာ ဒီနေ့ကျနော့မှာ ဆေးရုံနဲ့ခွဲခန်းနဲ့ တနေကုန် ရှုပ်နေတာမို့ မရှင်းလိုက်နိုင်ဘူးခင်ဗျာ။ ခုလည်း ဒီစာကို ခွဲခန်းထဲကနေပဲ ထိုင်ရေးလိုက်ရပါတယ်။
ကျနော်တို့ ရွှေဆိုင်က အသေးလေးမို့ လာဝယ်တဲ့ ဖောက်သည်တွေဟာလည်း သူဌေးတွေမဟုတ်ပါဘူး။ ဝန်ထမ်းငယ်လေးတွေ၊ တက္ကသိုလ်ကျောင်းသူတွေ၊ စက်ရုံအလုပ်ရုံတွေနဲ့ ရန်ကုန်မြို့စွန်က မရှိဆင်းရဲသားများပါတယ်။ သူတို့ကလေ လာဝယ်ပြီ၊လာအားပေးပြီဆိုရင် အစွဲလေးတွေနဲ့ ခင်ဗျ။ ရုပ်ရှင်မင်းသား မင်းသမီးတွေကို သိပ်ချစ်ကြတာကလား !!! နေတိုးလက်စွပ်၊ ဟိန်းဝေယံ အဆောင်လက်စွပ်၊ ဖွေးဖွေးရေလှိုင်း လက်ကောက်၊ အူဝဲရဲ့ ငါ့ရင်ထဲကဓါးသွား ဟန်းချိန်း၊ အံ့သြစရာကောင်းအောင်ကို ချစ်ကြတာပါ။ ကျနောတို့ p a g e မှာ အဲ့လိုလေးတွေ တင်ထားတာ တွေ့ကြပါလိမ့်မယ်။ အဲ အခုတော့ n o w a n d e v e r ပေါ့ဗျာ။ ဝတ်မှုန်လက်စွပ်လေးလို့ အမြဲလာမေးကြတာ ဝက်ဝက်ကွဲဗျ၊ လာကြည့်လို့ သိရင် မခရစ္စ အတွက် ဝမ်းသာဂုဏ်ယူစရာဖြစ်မလားပဲ။
အဲ အဲ့မှာ ပြသနာ စတာပဲ။
ကျနော်တို့ p a g e ရဲ့ a d m i n ဆိုင်က မန်နေဂျာမလေးက မနေ့ညက ဝမ်းသာအားရ နဲ့ ဝတ်မှုန်လေးရဲ့ လက်စွပ်ရပြီလို့ ရေးတင်တော့တာကိုး။ သူကလည်း မခရစ္စ ပရိတ်သတ်ပါ။ သူတင်လိုက်တာ ကျနော်တို့လည်း မသိလိုက်ဘူး၊ အရင်လည်း တင်နေကြကိုး။ဒီမနက်မှ ကျနော့အမျိုးသမီးက N E ရဲ့ p r o d u c e r ကလာပြောနေတယ် ဆိုတော့မှ ဟာ ဒါငါတို့ f o u l တာပေါ့။ ချက်ချင်းပြင်ပါဆိုပြီး ပြင်ခိုင်းရပါတယ်၊ C A P T I O N ကို။ ပြင်ပြီးကြောင်းလဲ p o s t တင်ခိုင်းလိုက်ပါတယ်။ c a p t i o n လေးက တညပဲ ခံလိုက်တာပါ။ ဘယ်သူမှတောင် သိပ်မသိဘူးရယ်။
အဲ့မှာ တခုပြောချင်တာက D e s i g n ။ ဒီလက်စွပ် D E S I G N ကဆိုင်မှာရောင်းနေတာ ကြာပါပြီ။ မနှစ်ထဲက Design ပါ။ June ကတည်းက ရုပ်ရှင်ရုံမတင်ခင်ကတည်းက နောက်တသုတ် ထပ်တင်ရောင်းတာပါ။ နဂိုကတည်းက လူကြိုက်များတဲ့ Design ပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် Cartier နဲ့ Pandora ကိုမှီးတဲ့ Design ပါ။
11
I love you ဘာညာ ဘာစာမှ မထိုးထားပါဘူး။ အော်ဒါမှာသူက ထိုးခိုင်းရင်တော့ ထိုးပေးရပါတယ်။ တန်ဖိုးကလည်း မဖြစ်စလောက်ပါ။ လူလတ်တန်းစားတတ်နိုင်ရုံပေါ့။ ကျနော်တို့ NEသွားကြည့်တော့တောင် ပြောဖြစ်ပါသေးတယ်၊ မောင်တို့ design မျိုးလို့၊ ကြည်နူးစွာဖြင့်ပါ။ ချွတ်စွပ်တော့မတူပါဘူး။ ကျနော်တို့က C a r t i e r ကို မှီးတာပါ။
ဖြတ်ပြောရရင် ကျနော်တို့ လင်မယားက ခီတို့ရဲ့ ပရိတ်သတ်တွေပါ။ ထွက်သမျှ ဇာတ်ကားအကုန်အားပေးကြသလို၊ ကျနော့ ဇနီးဆို တကားကို ၂ကြိမ်ကြည့်တာ။ NE ဆိုရင်လည်း သူက ကြည့်ပြီးသားကိုမှ ရခိုင်ရောက်နေတဲ့ ကျနော့ကို အရခေါ်ပြီးတူတူသွားကြည့်ကြပါတယ်။
ကျနော်ရေးထားတဲ့ post တွေ movie review တွေဖတ်ကြည့်ရင် ဘယ်လောက်ရင်ထဲထည့်ပြီး feel ထားတာ၊ အားပေးထားတာတွေ့မှာပါ။ သီချင်း OST ဆိုလည်း original CD ကို ကျောက်ဖြူထိ မှာယူအားပေးတာပါ။
အဲ့တာကို ခုလိုတွေဖြစ်ရတော့ အင်မတန်စိတ်မကောင်းဖြစ်မိပါတယ်။
ကျနော်တို့ အတွက်လည်းသင်ခန်းစာပေါ့ဗျာ။ ဒီထက်ပိုပြီး ယူကြုံးမရဖြစ်ရတာက ကျနော်အင်မတန်လေးစား နှစ်သက်ရတဲ့ Artist တယောက်က Artistic မဖြစ်ပဲ နည်းနည်းလေး business ဆန်လာလို့ပါ။ Producer က မရေးပဲ၊ မခရစ္စ ကရေးလာတော့ အရမ်းရင်ထဲ နင့်ရပါတယ်။ အော် ဒါလည်း သူဖန်တီးထားတဲ့ သူရဲ့ အနုပညာပစ္စည်းကို ချစ်တဲ့စိတ်ကြောင့်နေမှာပါ လို့ ဖြေသိမ့်ပါတယ်။
10
လေးစားရသူမို့ မခရစ္စ ကို အကြံတော့ပေးပါရစေ။
ကျနော်တို့ဆိုင်လေးက သေးသေးလေးပါ၊ ရောင်းရလှ ၁၀ကွင်း အကွင်း၂၀ ပေါ့။ ခုဆို infinity ring က ပေါက်ပြီ။ တပြည်လုံးဝက်ဝက်ကွဲရောင်းရပါလိမ့်မယ်။ ရောင်းကြပါလိမ့်မယ်။ ဆိုင်ကြီးတွေလည်း NE လက်စွပ်လို့ပဲ ပြောရောင်းနေကြပါပြီနော်။ အဲတော့ လက်စွပ် ဒီဇိုင်းရယ်၊စာသားတွေရယ်၊ နာမည်တွေရယ်အားလုံးကို ရှေ့နေတယောက်ကောင်းကောင်းငှားပြီး သေချာ register လုပ်၊ သတင်းစာမှာသာကြော်ငြာထည့်ထားလိုက်ပါ။ ဒါတောင် မူပိုင်ခွင့်ဥပဒေက ဒီနိုင်ငံမှာ အသက်မဝင်သေးဘူးရယ်ဗျ။
အင်း ခုလည်း ကျနော်တို့လို ဆိုင်သေးသေးလေးတွေရဲ့ အမှားကို အသုံးချပြီး သင်ခန်းစာပေးတယ်လို့လည်းယူဆပါတယ်ဗျာ။
အနုပညာစစ်စစ်များ ထပ်မံ ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ချစ်ခင်လေးစားစွာဖြင့်
P.s ကျနော်တော့ တနေကုန် အဆဲခံနေရတယ်ဗျို့။
Credit: Nalonetardiary

မှတ်ချက်များ