ျပည့္တန္ဆာနဲ႔တူတယ္ဆိုၿပီး ေဝဖန္တာမ်ိဳးေတာင္ႀကဳံခဲ့ဖူးတယ္လို႔ ဆိုလာတဲ့ Wonder Girls အဖြဲ႕ဝင္ေဟာင္း Yubin





Zawgyi ျဖင့္ဖတ္ရန္

နာမည္ေက်ာ္ Kpop Girl Group, Wonder Girls ဟာဆိုရင္ ေဟာလိဝုဒ္ကို ပထမဆုံးထိုးေဖာက္ႏိုင္ခဲ့တဲ့ Kpop အဆိုေတာ္ အဖြဲ႕တစ္ဖြဲ႕ျဖစ္ခဲ့ပါတယ္။ Wondr Girls အဖြဲ႕မွ ရက္ပ္သီဆိုသူ Yubin က ေနာက္မွအဖြဲ႕ဝင္ အသစ္အေနနဲ႔ ဝင္ေရာက္ခဲ့တာျဖစ္ၿပီး ပြဲဦးထြက္အေနနဲ႔ စတင္ေဖ်ာ္ေျဖတဲ့အခ်ိန္မွာပဲ ျပင္းထန္တဲ့ ေဝဖန္မႈမ်ားနဲ႔ ႀကဳံေတြ႕ခဲ့ရတဲ့အေၾကာင္း SBS’s Street Feast မွာေျပာျပလာပါတယ္။



“ကြၽန္မ Wonder Girls အဖြဲ႕ကို မဝင္ခင္တုန္းက hate comments (အမုန္းစကား) ေတြကို ခံႏိုင္ရဲ႕လားဆိုၿပီး ေမးတာမ်ိဳး ခံခဲ့ရတယ္။ ကြၽန္မ သာမန္ဆယ္လီေတြထက္ အမုန္းခံရတာ သက္သာေအာင္ ေနပါ့မယ္ ဆိုၿပီး အဲ့တုန္းက ျပန္ေျပာခဲ့ေသးတာ”



“ကြၽန္မ Wonder Girls ကို စဝင္တုန္းက လူေတြ ကြၽန္မ အသားမဲလို႔ဆိုၿပီး ေဝဖန္ၾကတယ္။ ကြၽန္မပုံစံက ၾကမ္းၾကမ္းတမ္းတမ္းနဲ႔ က်န္တဲ့ အဖြဲ႕ဝင္ေတြကို စားေတာ့ ဝါးေတာ့မယ့္ပုံဆိုၿပီးေျပာၾကပါတယ္။ ၿပီးေတာ့ ညစ္တီးညစ္ေပ ပုံစံလို႔လည္းေျပာၾကတယ္”





“႐ုပ္ရည္နဲ႔ ပတ္သတ္လို႔ ေဝဖန္ခံရၿပီးေနာက္မွာ ကြၽန္မ အသံနဲ႔ ပတ္သတ္ၿပီးေဝဖန္ခံရျပန္တယ္။ ကြၽန္မအသံက လုံးဝမေကာင္းဘူး ဘာညာေပါ့”



“ကြၽန္မကို ျပည့္တန္ဆာဆိုၿပီး စြပ္စြဲေျပာဆိုလာတာမ်ိဳးေတြေတာင္ ရွိလာတယ္။ ဒီသတင္းက မဟုတ္မမွန္ဆိုေပမဲ့ ကြၽန္မ မိဘေတြ ေတာ္ေတာ္ေလး စိတ္ထိခိုက္သြားရတယ္ ” ဆိုၿပီး ေျပာျပလာပါတယ္။



Yubin ဟာ Wonder Girls အဖြဲ႕ကို ၂၀၀၇ ခုႏွစ္မွာ စတင္ ဝင္ေရာက္ခဲ့တာျဖစ္ၿပီး ၂၀၁၈ မွာ တစ္ကိုယ္ေတာ္ အယ္လ္ဘမ္ထုတ္ႏိုင္ခဲ့ၿပီး Mnet ကျပဳလုပ္တဲ့ Unpretty Rapstar 2 မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီးမွ ပရိတ္သတ္ အသိအမွတ္ျပဳမႈကို ရရွိခဲ့တာပဲျဖစ္ပါတယ္။



Credit: popolay 



Unicode ဖြင့်ဖတ်ရန်


 ပြည့်တန်ဆာနဲ့တူတယ်ဆိုပြီး ဝေဖန်တာမျိုးတောင်ကြုံခဲ့ဖူးတယ်လို့ ဆိုလာတဲ့ Wonder Girls အဖွဲ့ဝင်ဟောင်း Yubin


နာမည်ကျော် Kpop Girl Group, Wonder Girls ဟာဆိုရင် ဟောလိဝုဒ်ကို ပထမဆုံးထိုးဖောက်နိုင်ခဲ့တဲ့ Kpop အဆိုတော် အဖွဲ့တစ်ဖွဲ့ဖြစ်ခဲ့ပါတယ်။ Wondr Girls အဖွဲ့မှ ရက်ပ်သီဆိုသူ Yubin က နောက်မှအဖွဲ့ဝင် အသစ်အနေနဲ့ ဝင်ရောက်ခဲ့တာဖြစ်ပြီး ပွဲဦးထွက်အနေနဲ့ စတင်ဖျော်ဖြေတဲ့အချိန်မှာပဲ ပြင်းထန်တဲ့ ဝေဖန်မှုများနဲ့ ကြုံတွေ့ခဲ့ရတဲ့အကြောင်း SBS’s Street Feast မှာပြောပြလာပါတယ်။



“ကျွန်မ Wonder Girls အဖွဲ့ကို မဝင်ခင်တုန်းက hate comments (အမုန်းစကား) တွေကို ခံနိုင်ရဲ့လားဆိုပြီး မေးတာမျိုး ခံခဲ့ရတယ်။ ကျွန်မ သာမန်ဆယ်လီတွေထက် အမုန်းခံရတာ သက်သာအောင် နေပါ့မယ် ဆိုပြီး အဲ့တုန်းက ပြန်ပြောခဲ့သေးတာ”



“ကျွန်မ Wonder Girls ကို စဝင်တုန်းက လူတွေ ကျွန်မ အသားမဲလို့ဆိုပြီး ဝေဖန်ကြတယ်။ ကျွန်မပုံစံက ကြမ်းကြမ်းတမ်းတမ်းနဲ့ ကျန်တဲ့ အဖွဲ့ဝင်တွေကို စားတော့ ဝါးတော့မယ့်ပုံဆိုပြီးပြောကြပါတယ်။ ပြီးတော့ ညစ်တီးညစ်ပေ ပုံစံလို့လည်းပြောကြတယ်”



“ရုပ်ရည်နဲ့ ပတ်သတ်လို့ ဝေဖန်ခံရပြီးနောက်မှာ ကျွန်မ အသံနဲ့ ပတ်သတ်ပြီးဝေဖန်ခံရပြန်တယ်။ ကျွန်မအသံက လုံးဝမကောင်းဘူး ဘာညာပေါ့”



“ကျွန်မကို ပြည့်တန်ဆာဆိုပြီး စွပ်စွဲပြောဆိုလာတာမျိုးတွေတောင် ရှိလာတယ်။ ဒီသတင်းက မဟုတ်မမှန်ဆိုပေမဲ့ ကျွန်မ မိဘတွေ တော်တော်လေး စိတ်ထိခိုက်သွားရတယ် ” ဆိုပြီး ပြောပြလာပါတယ်။



Yubin ဟာ Wonder Girls အဖွဲ့ကို ၂၀၀၇ ခုနှစ်မှာ စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး ၂၀၁၈ မှာ တစ်ကိုယ်တော် အယ်လ်ဘမ်ထုတ်နိုင်ခဲ့ပြီး Mnet ကပြုလုပ်တဲ့ Unpretty Rapstar 2 မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီးမှ ပရိတ်သတ် အသိအမှတ်ပြုမှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။



Credit: popolay 

မှတ်ချက်များ