Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
မြန်မာအိုင်ဒေါလ်ရဲ့ Voting စနစ်နဲ့ ပက်သက်ပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြခဲ့တဲ့ ဆောင်းဝတ်ရည်မေ
လတ်တလောပရိသတ်တွေကြားမှာ ဟော့ဖြစ်နေတဲ့ သတင်းကတော့ မြန်မာအိုင်ဒေါလ် သီချင်းဆိုပြိုင်ပွဲကနေ အရည်ချင်းရှိတဲ့ပြိုင်ပွဲဝင်တစ်ယောက် ဖြစ်တဲ့ တန်ခွန်ကျော် ပြုတ်သွားတဲ့ သတင်းပဲဖြစ်ပါတယ် ။ခုလိုဖန်အင်အားတောင့်တင်းပြီး သီချင်းဆိုအရမ်းတော်တဲ့ တန်ခွန်ကျော်ကို ဖြုတ်ချလိုက်တာဟာ စီးပွားရေးသပ်သပ်သာဖြစ်ပြီး အဓိပ္ပါယ်မရှိဘူးဆိုတဲ့ကောလဟာလတွေ ထွက်ပေါ်လာသလို တန်ခွန်ကျော်ရဲ့ဖန်တွေကလည်း မကျေမနပ်ဖြစ်နေခဲ့ကြတာပါ ။
တန်ခွန်ကျော်ြ့ပုတ်တာနဲ့ပတ်သက်ပြီး အနုပညာရှင်တော်တော်များများကလည်း သူတို့ရဲ့ဆန္ဒတွေအမြင်တွေကို ပွင့်လင်းစွာထုတ်ဖော်ပြောခဲ့ကြပါသေးတယ် ။ သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကတော့ ” ဘာမှမယုံရပါဘူး Voting စနစ်တွေက Voting အရေအတွက်တွေကိုလဲ ပွင့်လင်းစွာ ချပြတာလဲမရှိဘူး ။
သူတို့ပါးစပ်ထဲ , သူတို့လက်ထဲပဲ ရှိနေတာ မဲအများဆုံး/ အနည်းဆုံးဆိုတာ ယုံကိုမယုံဘူး Public ချမပြတဲ့ Voting စနစ်ဆိုတာကြီးကို အဲ့ဒါကြောင့် မဲကိုမပေးဘူး ချမပြတဲ့ Voting system ပြိုင်ပွဲတွေဆိုရင် ကိုယ့်အမြင်ကိုယ်ရေးသားခြင်းဖြစ်ပါတယ်နော် ဘယ်သူကိုမှ ထိခိုက်ပါစေ မရှိပါဘူး ” ဆိုတဲ့စာသားနဲ့အတူ သူမရဲ့အမြင်ကိုရေးသားခဲ့ပါတယ် ။
အရမ်းတော်တဲ့ ပြိုင်ပွဲဝင်တစ်ယောက်ပြုတ်သွားတဲ့အပေါ် အားလုံးက စိတ်မကောင်းဖြစ်နေခဲ့ကြတာပါ ။ voting စနစ်ကလည်း ပရိသတ်ကိုထုတ်ဖော်ြပောကြားတာမျိုးမဟုတ်ဘဲ သူတို့လက်ထဲမှာသာ Result ကရှိတာဖြစ်လို့ ယုံလို့မရဘူးလို့ အားလုံးကဝေဖန်နေကြတာပါ ။ ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း မျှဝေပေးခဲ့ပါဦး ။
share from: burmese.asia
မှတ်ချက်များ