ရိုးရှင်း စတိုင်ကျတဲ့ Acer Iconia A1-830 Tablet

စတိုင်ကျပါးလွှာပြီး အမှတ်မထင် အသုံးပြုနေစဉ်အ တွင်းမှာတောင် ချောမွတ်စွာဖြင့် စွမ်းဆောင်နိင် တဲ့ ဒေါ်လာ ၁၇၉ တန် Tablet တစ်လုံး ဖြစ်ပါတယ်။ အနောက်ကအသားကလည်း ချေမွတ်တဲ့ အလူမီ နီယံသားဖြစ်ပြီး ကိုင်ဆောင်ဖို့ သိပ်ကိုအဆင်ပြေစေ တဲ့ အနေအထား တစ်ခုကိုပေးပါတယ်။

Micro SD တို့မြင့်မူတွေ ပြုလုပ်နိင်ပြီး micro-HDMI port ထောက်ပံမူကို အချိန်ကြာမြင့်စွာ ဖြင့် လုပ်ဆောင်နင်ခြင်းတော့ မရှိပါဘူး။

ကင်မရာ 2592 х 1944 pixels ရုပ်ထွက်နဲ့ 5MP ကိုရရှိနိင်ပြီး Android OS ကတော့ 4.2 (Jelly Bean) ဖြစ်ပါတယ်။ CPU အနေနဲ့ Dual-core 1.6 GHz သုံးပြီး အတွင်း မှတ်ဥာဏ်က 16GB ရှိ ပါတယ်။ RAM ကတော့ 1GB ပါ။

မျက်နှာပြင်အနေနဲ့ ၈ လက်မရှိတဲ့ အရွှယ်အစားကိုရရှိမှာ ဖြစ်ပြီး အလေးချိန်အားဖြင့်တော့ 380 g ရှိပါတယ်။ GSMဖုန်းခေါ်ဆိုမူတွေကိုတော့ ခေါ်ဆိုနိင်ခြင်း မရှိဘူးလို့ သိရပြီး အခြေခံ အသုံးပြုသူများအနေနဲ့ ရိုးရှင်း စတိုင်ကျပြီး ချောမွတ်လှတဲ့ Acer Iconia A1-830 Tablet ဖြစ်ပါတယ်။

နောက်ထပ် ထိုထက်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ နဲ့ အစိတ်အပိုင်းတွေကို ရယူချင်တယ်ဆို ရင်တော့ ဒေါ်လာ (၅၀)ခန့်ထပ်မံ အသုံးပြုခြင်းဖြင့် ရရှိနိင်ပါလိမ့်မယ်။

အောင်ခမ်း | Smart Pro Journal

မှတ်ချက်များ