Prosthesis လို့အမည်ပေးထားတဲ့ စက်ရုပ် ဖြစ်ပြီး ကနေဒါက အိုင်တီ ပညာရှင်၊ စက်ရုပ်ပညာရှင်တို့ ကြိုးစားဖန်တီးလိုက်ခြင်း ဖြစ်ကြောင်း သိရ ပါတယ်။
ကမ္ဘာ့အမြန်ဆုံး သွားနိုင်မယ့် စက်ရုပ်လည်း ဖြစ် လာ မှာ ဖြစ်ပါတယ်။ တစ်နာရီ ၁၉ မိုင်နှုန်း သွားနိုင်ပြီး မိုင်ပေါင်း ၁၀၀ လောက်ထိ မနားမနေ သွားနိုင်မှာ ဖြစ်ပါတယ်။ လစ်သီယမ် ဘက်ထရီက ကီလိုဝပ်အား ၂၃၀ အား စွမ်းအင် (မြင်းကောင်ရေ အားဖြင့် ၃၀၀) ထုတ်လုပ်နိုင်ပြီး အပိုစွမ်းအင် ဖြည့် ဆည်းပေးမယ့် နည်းပညာတွေလည်း ပါဝင် အုံးမှာ ဖြစ်ပါတယ်။
စစ်တပ်သုံး တင့်ကား၊ မော်တော်ယာဉ်များကို အခြေခံလို့ ဒီဇိုင်းဆွဲ ဖန်တီး ထားတဲ့ စက်ရုပ် ဖြစ် ပါတယ်။ ခြေထောက် လေးချောင်းပါဝင်ပြီး အထဲမှာ ထိုင်ပြီး လူမောင်းနှင်လို့ရအောင် ဖန်တီးပေး ထားပါတယ်။ ယင်း အထဲက လူက စက်ရုပ်ကို ထိန်းချုပ်မောင်းနှင် ရမှာ ဖြစ်ပါတယ်။ စက်ရုပ်က ပေါင် ၇၇၀ လေးပြီး အမြင့် ၁၆ ပေ ရှိပါတယ်။ ဒီတော့ အရွယ်ကြီး စက်ရုပ် ပါပဲ။ Pacific Rim ရုပ်ရှင်ထဲကလို စက်ရုပ်တွေ တကယ် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
လာမယ့် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ Prosthesis လို့ အမည်ပေးထားတဲ့ ယင်းစက်ရုပ်ကို အပြီးသတ် ထုတ်လုပ်သွားနိုင်ဖို့ ခန့်မှန်း ထားကြောင်း သိရ ပါတယ်။
အောင်ခမ်း | Smart Pro Journal

မှတ်ချက်များ