အထည်ချုပ်ပို့ကုန် ဒေါ်လာ ၁ ဘီလီယံကျော်နဲ့ စံချိန်တင်

ပြီးခဲ့တဲ့နှစ်ကနဲ့ နှိုင်းယှဉ်ရင် အထည်ချုပ်လုပ်ငန်း ရဲ့ ပြည်ပတင်ပို့မှုဟာ ၂၅ ရာခိုင်နှုန်းလောက် တိုးတက်လာတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန နေပြည်တော် ရုံးအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်တွေထဲက အထည်ချုပ် လုပ်ငန်းပို့ကုန်ဟာ ၂၀၁၂ ခုနှစ်မှာ အမေရိကန်ဒေါ် လာ သန်း ၈၀၀ ကျော် ရှိခဲ့ပြီး ၂၀၁၃ခုနှစ် မှာတော့ ဒေါ်လာ ၁ ဘီလီယံကျော် အထိ ရောက်ခဲ့ပါတယ်။

လက်ရှိ စတင်နေပြီဖြစ်တဲ့ သီလ၀ါအထူးစီးပွားရေးဇုန်အပါအ၀င် အခြားစက်မှုဇုန်တွေမှာ နိုင်ငံခြားအ ထည်ချုပ်လုပ်ငန်းတွေ အဆက်မပြတ် ၀င်ရောက်ရင်းနှီးမြှုပ်နှံလာဖို့ ရှိနေတယ်လို့ လည်း သူက ရှင်းပြပါတယ်။

မြန်မာနိုင်ငံကို နိုင်ငံတကာက စီးပွားရေးအရ အရေးယူပိတ်ဆို့မှုမလုပ်ခင်က အထည်ချုပ် လုပ်ငန်း က နိုင်ငံခြားတင်ပို့မှု အမြင်ဆုံးစံချိန်ဟာ ဒေါ်လာ သန်း ၈၀၀ ၀န်းကျင်အထိပဲ ရောက်ခဲ့ဖူးပြီး အခု အချိန်တိုအတွင်း စံချိန်တင်သွားပြီ ဖြစ်ပါတယ်။

ဒီဗွီဘီ

မှတ်ချက်များ