'ခေါင်းဆောင်မှု' ဆိုတာ အမှန်တကယ်တော့ မန်နေဂျာကောင်းတစ်ယောက်ရဲ့ အကြောင်းပါပဲ။ Leadership ဆိုတဲ့စကားလုံးမှာပါတဲ့ စာလုံးတွေ ဟာ မန်နေဂျာတစ်ယောက်မှာရှိရမယ့် အရည်အ ချင်းတွေကိုကိုယ်စားပြုနေပါတယ်။L - Loyalty (သစ္စာရှိမှု)
E - Enthusiasm (စိတ်အားထက်သန်မှု)
A - Attitude (စိတ်နေသဘောထား)
D - Discipline (စည်းစနစ်ကျနမှု)
E - Example (စံနမူနာပြနိုင်မှု)
R - Respect (ရိုသေလေးစားမှု)
S - Scholarliness (ပညာရှင်ပီသမှု)
H - Honesty (ရိုးသားမှု)
I - Integrity (တည်ကြည်ဖြောင့်မတ်မှု)
P - Pride (ဂုဏ်သိက္ခာဖြင့် နေထိုင်မှု)
ဒီအရည်အချင်းတွေအားလုံးနဲ့ပြည့်စုံနေတဲ့ Warren Buffettဟာ သူလေ့လာတွေ့ရှိထားသော စီမံခန့်ခွဲမှုအောင်မြင်ရေး ပုံသေနည်းတစ်ခုဖြစ်လာအောင် ဖန်တီးခဲ့ပုံကို အောက်ပါအတိုင်း အပိုင်း ၅ ပိုင်းခွဲခြားတင်ပြထားပါတယ်။
၁. မှန်ကန်တဲ့ စီးပွားရေးလုပ်ငန်းကို ရွေးချယ်ပါ
စီးပွားရေးလုပ်ငန်းတွေအားလုံးကို အညီအမျှဖြစ်နေအောင်ဖန်တီးထားတာမဟုတ်ဘူးလို့ Warren ကနားလည်ထားပါတယ်။ အောင်မြင်မှုဆီသွားမယ့် ပထမခြေလှမ်းကတော့ မှန်ကန်တဲ့စီးပွားရေးလုပ်ငန်းကို ပိုင်ဆိုင်ပြီး ဒီလုပ်ငန်းနဲ့လိုက်ဖက်တဲ့ စီးပွားရေးပညာကိုသုံးပြီး စီမံခန့်ခွဲလုပ်ကိုင်သွားဖို့ပါပဲ။ သင့်အနေနဲ့ ဒီလုပ်ငန်းရဲ့ ပိုင်ရှင်ဖြစ်ချင်ဖြစ်၊ မန်နေဂျာဖြစ်ချင်ဖြစ်၊၀န်ထမ်းပဲဖြစ်ချင်ဖြစ် ဒီလိုလုပ်တာဟာ လုပ်ကြပြီဟေ့ဆိုကတည်းကသူများရဲ့ရှေ့ကို ရောက်နေမယ့်နည်းပါပဲ။
၂. လုပ်ပိုင်ခွင့်ကို လွှဲပေးပါ
ဒုတိယအဆင့်ကတော့ လုပ်ကိုင်ခွင့်လွှဲပေးတဲ့ကိစ္စအပေါ် Warren ရဲ့ ပြိုင်ဘက်ကင်းတဲ့အမြင်ပါပဲ။ ယိုင်နဲ့နေတဲ့အထည်အလိပ် လုပ်ငန်းကုမ္ပဏီသေးသေးလေးဖြစ်တဲ့ Berkshire Hathaway ကို ဧရာမနိုင်ငံစုံစီးပွားရေးကော်ပိုရေးရှင်းကြီးဖြစ်လာအောင် လုပ်ပေးခဲ့တာဟာ Warren ရဲ့ဒီပြိုင်ဘက်ကင်းတဲ့အမြင်ပါပဲ။
၃. မှန်ကန်တဲ့အရည်အချင်းတွေရှိတဲ့ မန်နေဂျာတစ်ယောက်ကို ရှာပါ
တတိယအဆင့်ကတော့ လုပ်ငန်းတစ်ခုကို ပြောင်ပြောင်မြောက်မြောက်စီမံခန့်ခွဲနိုင်ဖို့အတွက် လိုအပ်နေတဲ့အရည်အချင်းတွေကိုသိထားဖို့ပါပဲ။ Warren က တည်ကြည့်ဖြောင့်မတ်မှု၊ ညဏ်ရည်ညဏ်သွေးနဲ့ လုပ်ငန်းအပေါ်စိတ်အားထက်သန်မှုတွေကိုရှာပါတယ်။ ဒီအရည်အချင်းတွေဟာကျွန်တော်တို့ကိုယ်တိုင်လည်း အောင်မြင်တဲ့ မန်နေဂျာတစ်ယောက်ဖြစ်ချင်ရင် မွေးမြူပေးဖို့လိုအပ်တဲ့ အရည်အချင်းတွေဖြစ်နေတာပါ။
၎. သင့်ရဲ့ဝန်ထမ်းတွေကို တွန်းအားပေးပါ
အရမ်းကောင်းတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို တွေ့ပြီး မှန်ကန်တဲ့ မန်နေဂျာတစ်ယောက်ကိုလည်း အဲဒီထဲကို ထည့်ပြီးပြီဆိုရင်တော့ Warren ဟာ သူ့ရဲ့မန်နေဂျာတွေကို သူတို့စွမ်းဆောင်နိုင်သလောက် စွမ်းဆောင်နိုင်အောင်တွန်းအားပေးတဲ့ အလုပ်ကို လုပ်ပါတယ်။ ဒါဟာ ဒီလုပ်ငန်း၊ ဒီမန်နေဂျာနဲ့ဒီဝန်ထမ်းတွေပေါင်းပြီး အကျိုးအရှိဆုံးဖြစ်အောင်လုပ်ဖို့ပါ။ Warren ဟာ တွန်းအားပေးတဲ့နေရာမှာ တိကျမှုရှိတဲ့ စွမ်းရည်တွေဖော်ထုတ်ပြီး အဲဒီစွမ်းရည်တွေနဲ့ သူ့ရဲ့ မန်နေဂျာတွေကို တွန်းအားပေးခဲ့ပါတယ်။
၅. ပြဿနာအမျိုးအမျိုးအတွက် စီမံခန့်ခွဲမှုဆိုင်ရာ ပကတိအမှန်တရားများ
ပေးစရာရှိတဲ့အကြွေးတွေကို ကိုင်တွယ်တာကစပြီး မရိုးသားတဲ့ဝန်ထမ်းတွေကိုကိုင်တွယ်တာ၊ ကုန်ကျစရိတ်တွေကို နည်းအောင်ထိန်းတာတွေအထိ
ပြဿနာပေါင်းစုံကို ကိုင်တွယ်ဖို့အတွက် Buffett ရဲ့ စီမံခန့်ခွဲမှုဆိုင်ရာပကတိအမှန်တရားတွေဟာ အတိအကျ ရှိနေပါတယ်။
ဇော်ဝင်းကြူ (Warren Buffett's Management Secretes)
မှတ်ချက်များ