DKBAဝတ်စုံဝတ်မွတ်စလင်တစ်စုချစ်ကြည်ရေးတံတားမှာလက်နက်ဖြင့်ရမ်းကား

ဧပြီလ(၁)ရက်နေ့ မွန်းလွဲ(၃းဝ၀)နာရီအချိန်က မွတ်စလင် ဘာသာခြား(၆)ဦးသည် မဲဆောက်သို့ သွားရန် မြဝတီမြို့ ချစ်ကြည်ရေးတံတားကြီးဂိတ်ဝ တွင် နိုင်ငံကူးလက်မှတ်များ ပြုလုပ်နေစဉ်တဖက်နိုင် ငံသို့ခရီးသည်များပို့ဆောင်ပေးနေသော မြန်မာမော်  တ်ာယာဉ် လိုင်းမှ စာရေးဝန်ထမ်းတစ်ဦးသည် ဆိုင်ကယ်ရပ် ရန် ဘေးသို့ အနည်းငယ် ဖယ်ခိုင်းစဉ် မွတ်စလင် တစ်ဦးနှင့် အခြေအတင် စကားများခဲ့ ကြသည်။

ထိုသို့ စကားများခဲ့ကြပြီး မွတ်စလင်တစ်ဦးသည် မြဝတီမြို့တွင်း ပြန်သွားကာ DKBA တပ်ဖွဲ့ဝင်တစ်ချို့အား ကား(၁)စီးဖြင့် ခေါ်ဆောင်လာခဲ့ပြီး ၎င်းကိုယ်တိုင်လည်း DKBA ပြောက်ကျားဝတ်စုံကိုဝတ်ဆင်လာခဲ့ကာ အထက်ပါစကားများခဲ့သည့်ကိစ္စကို မကျေနပ်၍ ရွှေမြန်မာယာဉ်လိုင်း စာရေးဝန်ထမ်းအား လက်သီးနှင့်ထိုး ရာ စာရေးဝန်ထမ်းက ပြန်လည်ထိုးကြိတ်သဖြင့် ရုန်းရင်းဆန်ခက်မှုများ ဖြစ်ပွားခဲ့ပြီး DKBA ဝတ်စုံဝတ်ထား သူ ဘာသာခြားတစ်ဦးက ၎င်း၏ ခါးမှ သေနတ်အတိုအား ဆွဲထုတ်၍ ချိန်ရွယ်စဉ် ရွှေမြန်မာယာဉ်လိုင်း မှ အောင်မိုးဆိုသူက သေနတ် ကိုင်ထားသော လက်အား ပုတ်ချခဲ့မှုကြောင့်သေနတ်လွင့်ကျသွားခဲ့သွား ခဲ့သည်။

ထိုသို့ သေနတ်လွင့် ကျသွားခဲ့သဖြင့် ၎င်းဘာသာခြားက ရင်ဘတ်တွင် ချိတ်ထားသော လက်ပစ်ဗုံး အား ဖြုတ်ယူလိုက်စဉ် ချစ်ကြည်ရေးတံတားတွင်တာဝန်ကျနေသောတပ်မတော်တပ်ထိန်းကဝင်ရောက်တား ဆီးနိုင်ခဲ့သဖြင့် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချစ်ကြည်ရေးတံတားကြီး မှ တာဝန်ရှိသူများက ဖြေရှင်းထိန်းသိမ်းနိုင်ခဲ့ကြသည်။

DKBA ဝတ်စုံဝတ် မွတ်စလင်များသည် ဒေါသများထွက်နေကြပြီး ချစ်ကြည်ရေးတံတားကြီး ဂိတ်ဝရှိ သံစကာများအား စိတ်ရှိ လက်ရှိ ကန်ကြောက်ခဲ့ကြသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတားကြီးဂိတ်ဝ မြို့မျက်နှာစာဖြစ်သော နိုင်ငံတ ကာဝင်ပေါက်တွင် DKBA ယူနီဖောင်းဝတ် မွတ်စလင်များ၏ လုပ်ဆောင်မှုများသည် ပြည်သူများ အထိတ်တ လန့်ဖြစ်ရခြင်း၊

ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) ၏ ဂုဏ်သိက္ခာကျဆင်းရခြင်းတို့ကို ဖြစ်ပေါ် စေ၍ DKBA အဖွဲ့အား အမြန်ဆုံးဖောတ်ထုတ်အရေးယူပေးပါရန် မြဝတီမြို့၊ DKBA ဆက်ဆံရေးရုံးနှင့်သက်ဆိုင်ရာဌာန အသီးသီးသို့ ရွှေမြန်မာမော်တော်ယာဉ်လိုင်း ဥက္ကဌ ဦးချစ်ဝိုင်းမှ တိုင်ကြားထားကြောင်းသိရသည်။

DKBA ဆိုသည်မှာ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်ဟု သိရှိရပြီး ယခုကဲ့သို့ ကရင်တပ်မတော် ထဲတွင် မွတ်စလင်များကို ဒီကေဘီအေ ဝတ်စုံများနှင့် တွေ့မြင်နေရသည်မှာ အံ့ဩစရာကောင်း ပါကြောင်း ရွှေမြန်မာအသင်းဥက္ကဌက News Watch သို့ ပြောကြားသည်။

ကိုကိုမောင် (မြဝတီ) | News Watch

မှတ်ချက်များ