ဖြစ်စဉ်အပြည့်အစုံမှာ အသက် ၁၂ နှစ် အရွယ် ထိုမိန်းကလေးသည် အစ္စလာမ်ဘာသာရေးကျောင်း တစ်ခု၌ ဘာသာရေးစာ သင်ကြားနေသော ကျောင်းသူတစ်ဦး ဖြစ်သည်။ မော်လဝီ ဂူလပ် မာတာဇာသည် ကျောင်းဆင်းချိန်၌ အခြားအတန်းသားများအား ကျောင်းလွှတ်ပေးခဲ့သော်လည်း အသက် ၁၂ နှစ်အရွယ် ထိုတပည့်မိန်းကလေးကိုမူ ကျောင်းဆင်းမပေးပဲ တားထားခဲ့သည်။
ထို့နောက် ဗလီဆရာမှ ရွာထဲနေ အခြားသူ သုံးယောက်ကိုလည်း ၎င်းထံလာရောက်ကြဖို့ လှမ်းခေါ်ခဲ့သည်။ ဗလီဆရာနှင့် အပေါင်းပါ ၃ ဦးတို့သည် မိန်းကလေးကို ဗလီထဲရှိ အစ္စလာမ်ဘာသာရေးစာသင်ကြားသော အခန်းတစ်ခုအတွင်း၌ အုပ်စုလိုက် မုဒိမ်းကျင့်ခဲ့ကြသည်။
ဗလီဆရာနှင့် အပေါင်းပါများသည် ၎င်းတို့ကျူးလွန်သောမကောင်းမှု ပေါ်ပေါက်မည် စိုးရိမ်သဖြင့် မိန်းကလေးအား လည်ပင်းညှစ်သတ်ကြသည်။
မိန်းကလေး၏ မိသားစုသည် ထိုသတင်းကို ရရချင်း မိန်းကလေးအား ကယ်တင်ရန် ဗလီသို့ ရောက်ရှိလာခဲ့ကြသည်။ သို့သော် အချိန်နှောင်းခဲ့ပေပြီ။ မိန်းကလေးသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ပြုကျင့်ခံရပြီးနောက် သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်းဆရာဝန်များက အတည်ပြုပေးခဲ့ကြသည်။
Myo Myint Thant | Daily Star

မှတ်ချက်များ