ဒေါ်အောင်ဆန်းစုကြည် မြန်မာအခါကြီး ရက်ကြီးကို ဘာကြောင့်ရှောင်နေသလဲ?

မြန်မာ့ရိုးရာ သင်္ကြန်ကာလကို ဂျပန်တွင် သွားရောင်းတိမ်းရှောင်ပြီးနောက် သီတင်းကျွတ် ကာလကိုလည်း မြန်မာနိုင်ငံတွင် မနေပဲ သားနှင့် ချွေးမများရှိရာ ဗြိတိန်သို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက် မည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှစတင်ပြီး ဗြိတိန်၊ အီတလီ၊ ဘယ်လ်ဂျီယံနှင့် လူဇင်ဘတ်ခ်နိုင်ငံများသို့ သီတင်း ၂ ပတ်ကြာ ခရီးထွက်ခဲ့တဲ့သတင်း ကို ဘီဘီစီ မြန်မာ သတင်း ဌာန၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

၂၀၁၃ ခု ဧပြီလ မြန်မာ့ရိုးရာသင်္ကြန်ပွဲတွင် မြန်မာ သက်ကြီးရွယ်အိုများ တရားစခန်းဝင်နေချိန်၌ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ ထွက်ခွာခဲ့ပြန်သည်။ ဧပြီလ ၁၃ ရက်မှ ၁၉ ရက်နေ့ထိ ဂျပန်နိုင်ငံတွင် လည်ပတ်ခဲ့ပြီး ရေအားလျှပ်စစ် စက်ရုံသို့ သွားရောက်လေ့လာ ခဲ့သည်။ ယနေ့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်မှ ပြန်ရောက်တာ ၁ နှစ်ကျော် ကြာပြီဖြစ်သော်လည်း NLD ပါတီမှ ရေအားလျှပ်စစ်နှင့် ပတ်သက်၍ တစ်စုံတစ်ခု အကောင်အထည်ဖော်ခြင်း မရှိသေးပေ။ ဒေါ်အောင်ဆန်းစုကြည်မှ ဘာအတွက် လေ့လာပြီး ဘယ်မှာ ပြန်အသုံးချတယ်ဆိုတာကိုလည်း ဖြေကြားခဲ့ခြင်း မရှိခဲ့ပါဘူး။

၂၀၁၃ ခုနှစ် မြန်မာတို့ရဲ့ သီတင်းကျွတ်ချိန် ခါ အခါ ကြီးရက်ကြီးမှာလည်း ဒေါ်အောင်ဆန်းစုကြည် ဟာ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ အချက်အပေါ် တည်မှီ ပြီးတော့ဆင်းဟဒ် တက္ကသိုလ်ကို သီတင်းကျွတ် သီလ ယူရမယ့် အချိန်ကို ရှောင်တဲ့ အနေနဲ့ လေ့ လာရေးခရီးထွက်ခဲ့ပြန်ပါတယ်။ထို သီတင်း ကျွတ်ရှောင် တဲ့လေ့လာရေးခရီးစဉ်မှာလည်း တပ်မတော်အပေါ် ခနဲ့သလို အပြောအဆိုတွေ ပြောဆိုခဲ့ယုံကလွဲပြီးတော့..နိုင်ငံအတွက် ဘာတစ်ခုမှ ရယူနိုင်ခဲ့ခြင်း၊ပြန်လည် အသုံးချနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ယခုလည်း ၂၀၁၄ ခုနှစ် မြန်မာ သင်္ကြန်ရက်မြက်ကို ရှောင်ရှားဖို့အတွက်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၉ ရက်နေ့က စပြီး ဂျာမဏီနိုင်ငံနဲ့ ပြင်သစ် နိုင်ငံတွေ ကို သွားရောက်ဖို့ဆုံးဖြတ်ပြီး မြန်မာ အခါကြီးရက် ကြီးတွေကို ထပ်ရှောင်ပြန်ပါတယ်။

ဒီတော့..အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာ အခါကြီးရက်ကြီးတွေကို ဘာကြောင့် ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားနေတာလဲဆို တာတော့..မေးခွန်းထုတ် ချင်စရာဖြစ်နေပါတယ်။


ကိုကြည် (မဒေါက်)

မှတ်ချက်များ