ရခိုင်မုန့်တီအရည်ချက်ဖို့ ငါးရွှေကိုပြုတ် ၊ အသားနွှင်ပေးပြီး အရည်အထပ်ထပ်ညှစ်ထားတဲ့ ငါးမှုန့်တွေကို ပြန်သုံးတဲ့အခါ ငရုတ်သီးအနှစ်ချက်ဖို့ နည်းနည်းချန်ထားပေးခဲ့ပါ။
ရခိုင်သုပ် နဲ့ လျှာပူ အာပူအတွက်တော့ ငရုတ်သီး စိမ်းကို ပြုတ်ထားပေးပါ။(ပြီးရင်ထောင်းလိုက်ပါ။)
ကြက်သွန်ဖြူနည်းနည်း၊ နောက်ဆုံးကျန်တဲ့ ငါးအ သားဖတ်ကိုထည့်၊ ဟင်းချိုနည်းနည်းခပ်ထည့်ပြီး ချက်လိုက်ပါ။
ငရုတ်ကောင်းနည်းနည်းထည့်ပေးပါ။
မုန့်ဖတ်ကို သုပ်မယ့် ခွက်ထဲထည့်ပါ။
ချက်ထားတဲ့ငရုတ်သီးအနှစ်ကို မိမိအစပ်ကြိုက်တဲ့အပေါ်မူတည်ပြီးထည့်ပါ။
ရခိုင်အာပူသုပ်မှာ ဆီကျက်လုံးဝမထည့်ပါ။(တချို့တလေလောက်သာ ဆီကျက်ထည့်ပြီးလည်း စားကြပါတယ်)
မကျည်းနှစ် ရေဖျော်နည်းနည်းထည့်ပါ။
အပေါ့အငံ မြည်းပြီး ထည့်ပေးပါ။
ကြက်သွန်စိမ်းပါးပါးလှီးထည့်ပါ။
ငဖယ် ၊ ဝက်ဆီဖတ် ၊ ပဲကြော် ကြိုက်နှစ်သက်ရာနဲ့ ထည့်ပြီး သုပ်ပေးနိုင်ပါတယ်။
ရခိုင် အာပူလျှာပူသုပ်ဟာ ငါးနဲ့ချက်ထားတဲ့ ငရုတ်သီးကိုအဓိကထားပြီး ချဉ် ငံ စပ်လေးသုပ်စားကြ တာဖြစ်ပါတယ်။
နောက်ဆုံး အနံ့လေးသင်းအောင် သံပုရာလေးနည်းနည်း ညှစ်ထည့်လိုက်ပါ။
ပြီးရင်တော့ နံနံပင်လေး အုပ်လိုက်ပါ။
စစ်တွေဘက်မှာ နံနံပင် ပင်ပေါက်ဖြူဖြူလေးတွေကို ပိုသုံးကြပါတယ်။
ရခိုင်မုန့်တီ ဟင်းချိုပူပူလေးနဲ့ဆိုရင်တော့ ဖျားနေ ၊ အစားပျက်နေ ၊ အအေးမိ နှာစေးနေတာတွေ ချက်ချင်းပွင့်ထွက်ပြီး လန်းသွားစေမယ့် အစားအစာပါပဲ။
အစားအစာကမ္ဘာ

မှတ်ချက်များ