နေအိမ်မီးဖို မီးကြွင်းမီးကျန်မှစတင်ကာ မီးလောင်မှုဖြစ်

၃.၄.၂၀၁၄ရက်နေ့ ၁၁၀၀ အချိန်တွင် မှော်ဘီမြို့၊ တိုးချဲ(၂)ရပ်ကွက် အရှေ့ခြမ်း၊ ကျန်စစ်သားလမ်း သွယ်နှင့် ပင်းယလမ်းထောင့်ရှိ အမှတ်(x-၁)နေ ဦးတင်ဝင်းအောင်၊ (ဘ)ဦးစံမင်း၏ နေအိမ်မီးဖိုရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ အနီးဝန်းကျင်မှနေအိမ်(၂)လုံးသို့ မီးကူးစက်လောင် ကျွမ်းခဲ့၍ ပတ်ဝန်းကျင်ရှိလူများနှင့် မီးသတ်ယာဉ် များရောက်ရှိမီးငြှိမ်းသတ်ခဲ့သဖြင့် ၁၁၂၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါမီးလောင်မှုကြောင့်နေအိမ် (၃)လုံးမီးလောင် ကျွမ်း ခဲ့ပြီး တန်ဖိုးငွေကျပ်(၁၅)သိန်း ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ မီးပေါ့ဆစွာအသုံးပြုသူ ဦးတင်ဝင်းအောင်အား မှော်ဘီမြို့မရဲစခန်း
(ပ)၁၈၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်များ