၂.၄.၂၀၁၄ ရက်နေ့ ၁၇၁၅ အချိန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ ကပရမှတ်တိုင်အနီးတွင် မော်တော်ယာဉ်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဉ်မှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ ယာဉ်မောင်းဖြစ်သူ မြင့်ကို၊ (၃၇)နှစ်၊ (ဘ)ဦးစိုးမြင့် သည် ယာဉ်အမှတ် 2E---- မေတ္တာလှိုင်း(၂) ခရီးသည်တင်ယာဉ်ကို ပြည်ထောင်စုလမ်းအ တိုင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ဘက်မှ ဒဂုံ မြို့သစ် (မြောက်ပိုင်း) မြို့နယ်ဘက် သို့မောင်းနှင်လာစဉ် ကပရမှတ်တိုင် အနီးအရောက် ယာဉ်၏နောက် စက်ခန်းအတွင်းရှိ အင်ဂျင်
အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါမီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် တန်ဖိုးငွေကျပ်(၇၅၀၀၀၀)ခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရှိရပါသည်။
ယင်းကဲ့သို့ ယာဉ်အားစစ်ဆေးခြင်းမရှိဘဲ မီးလောင်ကျွမ်းမှုဖြစ်ပွားအောင်ပေါ့ဆစွာမောင်းနှင် သူ မြင့် ကို အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း (ပ)၁၆၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်ကာအရေးယူဆောင် ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

မှတ်ချက်များ