ဒေါ်အောင်ဆန်းစုကြည် ဘာလင်မြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံ

မြန်မာနိုင်ငံ အမျိုးသားရင်ကြားစေ့ရေးအတွက် မွတ်ဆလင်နဲ့ ကချင် လက်နက်ကိုင်အဖွဲ့လို အုပ်စုတွေ၊ အဖွဲ့စည်းတွေကို ကွက်ကွက်လေး ကြည့်တာ အထောက်အကူမဖြစ်ဘူး လို့ ဒေါ်အောင် ဆန်းစုကြည်က မနေ့က ပြောကြားလိုက်ပါတယ်။

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရှိတဲ့ Federal Press Office ဖယ်ဒရယ်အစိုးရ သတင်းအဖွဲ့ရုံးမှာ ကျင်းပတဲ့ သတင်း စာ ရှင်းလင်းပွဲမှာ အဲ့ဒီ လို ပြောကြား လိုက်တာပါ။ တိုင်းရင်းသား ပဋိပက္ခတွေထဲ ဒီအဖွဲ့တွေ ပါသလားလို့မေးမြန်း တဲ့ အခါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်နေ တုန်းပဲရှိပြီး တိုင်းရင်းသား အုပ်စုတွေအများကြီးရှိတဲ့အတွက် ဘယ်တိုင်းရင်းသား ဒါမှမဟုတ် ဘယ် အသိုင်းအ၀ိုင်း အုပ်စုကိုမှ ဖော်ညွှန်းပြောကြားတာမဟုတ်ဘူးလို့ လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက် ပြီး ဒေါ်အောင်ဆန်းစုကြည်ပြော ကြားခဲ့တာကို ဒီ သတင်းစာ ရှင်းလင်းပွဲမှာ အစီအစဉ်မှူးလုပ်ခဲ့တဲ့ ဂျာမနီနိုင်ငံမှာ နေထိုင်နေတဲ့ ဦးလင်းအောင်သိုက် က ပြန်ပြောပြပါတယ်။

ကိစ္စလေးတရပ်နှစ်ရပ်ကို နိုင်ငံတကာက အာရုံစိုက်နေတာ သူ့အတွက် စိတ်အနှောင့်အယှက် ဖြစ်ရပါ တယ်လို့လည်း သတင်းစာရှင်းလင်းပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ဂျာမနီနိုင်ငံရောက်မြန်မာ မိသားစုတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဖို့ရှိပါတယ်။

RFA

မှတ်ချက်များ