![]() |
ဒါဟာ ခိုက်ရန်ဖြစ်ပွားမှုတွေ၊ ယာဉ်မတော်တဆ မှုတွေ အတော်များများ ဖြစ်ပွားလေ့ရှိတဲ့ ပုသိမ် သင်္ကြန်အတွက်တော့ ၀မ်းသာစရာ သတင်းကောင်း တခုပဲဖြစ်ပါတယ်။
ခိုက်ရန်ဖြစ်ပွားမှုနဲ့ တခြားလူမှုရေးပြဿနာတ စုံတရာ ဖြစ်လာခဲ့ရင် သင်္ကြန်မဏ္ဍပ်တွေမှာ ဖွဲ့စည်းပေးထားတဲ့ စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့တွေက ညှိုနှိုင်းဖြေရှင်းပေးမှာဖြစ်ပြီး အဲဒီအဆင့်နဲ့ မရရင်တော့ ရဲတပ်ဖွဲ့က ဥပဒေအရ ကိုင်တွယ်ဆောင်ရွက်သွားဖို့ စီမံထားတယ်လို့ ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
ပုသိမ်သင်္ကြန်မှာ ၀န်ကြီးဌာနမဏ္ဍပ် ၁၀ ခုနဲ့ ကုမ္ပဏီတွေကတည်ဆောက်တဲ့မဏ္ဍပ် ၄ ခု စုစုပေါင်း မဏ္ဍပ်ကြီး ၁၄ ခု ရှိပါတယ်။ ဒါက မြို့တွင်းပိုင်းအခြေအနေပါ။
ပုသိမ်မြို့ပြင်က အနောက်တောင်တိုင်း စစ်ဌာနချုပ်ထဲကိုဝင်တဲ့ လမ်းပေါ်မှာလည်း တပ်မိသားစုအလိုက် သင်္ကြန်မဏ္ဍပ် ၇ ခုထက်မနည်း တည်ဆောက်ထားပါတယ်။
ပုသိမ်သင်္ကြန်ရဲ့ အရေးအကြီးဆုံးကိစ္စဖြစ်တဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေးကိစ္စကိုလည်း သင်္ကြန် မကျခင်ကတည်းက ကြိုတင်ပြင်ဆင်ပြီး ပညာပေးမှုနဲ့ အရေးယူမှုတွေလုပ်ဆောင်ထားတယ်လို့ ဒုရဲမှူးကြီး ဦးဇော်ဝင်းကျော်က ပြောပါတယ်။
“ယာဉ်အန္တရာယ်ကင်းရှင်းဖို့အတွက် သင်္ကြန်မကျခင်ကတည်းက ပညာပေးမှုတွေ အရေးယူမှုတွေ လုပ်ဆောင်ထားပါတယ်။
ဟိုတယ်ဇုန်တွေရှိတဲ့ ချောင်းသာ၊ ငွေဆောင်ဒေသတွေမှာလည်း လုံခြုံရေး အင်အားတွေ ဖြည့်တင်းပေး ထားပြီး သင်္ကြန်ပွဲနွှဲပျော်တဲ့ပြည်သူတွေ အန္တရာယ်ကင်းရှင်းအောင် ကြိုးပမ်းလုပ်ဆောင်ထားပါတယ်” လို့ သူက ပြောပါတယ်။
ကဲ … ဒါကတော့ ပုသိမ်သင်္ကြန်နဲ့ပတ်သက်လို့ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေရဲ့ ပြင်ဆင် လုပ်ဆောင်ထားမှုတွေပဲ ဖြစ်ပါတယ်။
ဆလိုင်းသန့်စင် | ဧရာဝတီ Blog

မှတ်ချက်များ