မြန်မာ့ဆက်သွယ်ရေး ဂုဏ်ပြုကာတွန်း

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖုန်းကတ်တွေကို  ပထမဆုံးအကြိမ်  မိနစ် အပိုတွေ ပေးလိုက်ပါပြီ။

သင်္ကြန်ရုံးပိတ်ရက် ဆယ်ရက်အတွင်း ငွေဖြည့်ရင် ၂ဝ ရာခိုင်နှုန်း အပိုဆောင်းပေးမယ်လို့ ကြေညာထား တာပါ။ ၅,ဝဝဝ ဖိုး ထည့်ရင် ၆,ဝဝဝ ဖိုး ရမယ် ဆိုတဲ့ သဘောပေါ့။

အင်တာနက်ကို လက်ကိုင်ဖုန်းနဲ့သုံးသူများအတွက်လည်း ဒါက အကြုံးဝင်ပါတယ်။အင်တာနက်သုံးရင် မိနစ် အပိုရပြီလေ။

မြန်မာ့ဆက်သွယ်ရေးရဲ့ နှစ်သစ်မက်လုံးကို ကာတွန်း လိုင်လုဏ်က အထက်ပါအတိုင်း ဂုဏ်ပြု ရေးဆွဲ ထားပါတယ်။  မြန်မာ့ဆက်သွယ်ရေး အင်တာနက်ရဲ့အမှတ်အသား သတ္တဝါလေးက ပိတောက်ပန်း ကိုင်ထားတဲ့ပုံလေးပါပဲ။နှစ်သစ်အတွက် ချစ်စရာ ကာတွန်းလေးလို့ ဆိုရပါမယ်။

ဧရာဝတီBlog

မှတ်ချက်များ