အလုပ်ကိစ္စစကားများကြပြီး ယာဉ်နောက်လိုက်မှ ဓါးဖြင့်ထိုး၍ ယာဉ်မောင်းသေဆုံး

၃.၄.၂၀၁၄ရက်နေ့ ၂၀၂၀အချိန်ခန့်တွင် မှော်ဘီမြို့မရဲစခန်း မှူးနှင့်တပ် ဖွဲ့ဝင်များသည် မှော်ဘီမြို့ နယ်၊ မြောင်းတ ကာကျေးရွာ၊ အမှတ်(၄)ရပ်ကွက်ရှိမောင်ညွန့်(ခ) ခင်မောင်ညွန့် ၏နေအိမ်တွင် ဓါးဖြင့်အထိုးခံရ၍ လူတစ်ဦးသေဆုံးနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အဆိုပါကျေးရွာနေ ထိန်လင်း၊ ယာဉ်မောင်း၊ (ဘ)ဦးစိန်ရင်ဖြစ်ပြီး ၎င်းတွင် ၀ဲရင်အုံ ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀မ်းဗိုက် ထိုးသွင်းဒဏ်ရာ (၁)ချက်၊ကျောပြင်ထိုးသွင်း ဒဏ်ရာ(၁)ချက်တို့ရရှိကာ ပလက်အနေအထားဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၂၀၀၀အချိန်ခန့်က အခင်းဖြစ်နေအိမ် တွင် သေဆုံးသူ ယာဉ်မောင်း ထိန်လင်းနှင့် ၎င်း၏ယာဉ်နောက်လိုက်ဖြစ်သူ အိမ်ရှင်မောင်ညွန့်(ခ) ခင်မောင်ညွန့်တို့သည် ယာဉ်ထွက်မည့် အလုပ်ကိစ္စတိုင်ပင်ပြောဆိုရာမှ အဆင်မပြေဖြစ်ကာ စကားများ ရန်ဖြစ်ကြစဉ် မောင်ညွန့်(ခ) ခင်မောင်ညွန့်မှ ဓါးဖြင့်ထိုးခဲ့၍ ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့ ပြစ်မှုကျူးလွန်ခဲ့သူ မောင်ညွန့်(ခ)ခင်မောင်ညွန့်၊ (၄၃)နှစ်၊ ယာဉ်နောက်လိုက်၊ (ဘ)ဦး သိန်းရွှေကို မှော်ဘီမြို့မရဲစခန်း (ပ)၁၈၅/၂၀၁၄၊ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်အရေးယူ ကာ ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်များ