ကမ္ဘာကျော် ပက်ပ်စီ အချိုရည်ဟာ ၁၉၈၈ နောက်ပိုင်း မြန်မာပြည်မှာ လာရောက် ထုတ်လုပ် ရောင်းချခဲ့ဖူးပြီး အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် ၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံထဲက ပြန်လည် ထွက်ခွာသွားပါတယ်။
အခု ပြန်လည် ၀င်ရောက်လာတဲ့ ပက်စီ အချိုရည်ကို ကိုရီးယား အခြေစိုက် LOTTE chilsung Beverage ကုမ္ပဏီနဲ့ ဦးသိန်းထွန်းပိုင် MGS ကုမ္ပဏီတွေက ပူးပေါင်း ထုတ်လုပ်တာဖြစ်ပါတယ်။
လက်ရှိ ပုလင်းတွေနဲ့ ထုတ်လုပ်ဖြန့်ချိနေပြီး သိပ်မကြာခင် သံဗူးတွေနဲ့ပါ ထုတ်လုပ်ဖြန့်ချိသွားမယ် လို့ ဆိုပါတယ်။
ကမ္ဘာကျော် ကိုကာကိုလာ ကုမ္ပဏီကတော့ ဒီထက်စောပြီး ဈေးကွက်ထဲ ၀င်ရောက်နေပြီး သံဗူး၊ ပုလင်း၊ ပလပ်စတစ်ဗူးကြီးနဲ့ ဗူးငယ် ၄ မျိုး ထုတ်လုပ်ဖြန့်ချိနေပါတယ်။
ဒီဗွီဘီ

မှတ်ချက်များ