၎.၄.၂၀၁၄ရက်နေ့၀၄၁၀အချိန်ဒေါပုံမြို့နယ်၊ယမုံနာလမ်းအတိုင်းသာကေတမြို့နယ်ဘက်မှ မင်္ဂလာတောင်ညွန့်မြို့နယ် ဘက်သို့ ယာဉ်မောင်း
ကျော်ကျော်လွင်(၃၄)နှစ်၊ (ဘ)ဦးအောင်သိန်းမြင့်၊ သာကေတမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ်၃ခ/---၊မီနီဘတ်ယာဉ်လိုင်းအမှတ် (၃၄)ခရီးသည်တင်ယာဉ် သည်ဒေါပုံရဲစ ခန်းရှေ့အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်တွင်ကာရံထားသည့်သံပြားတန်းကိုတိုက်မိပြီးတဘက်ယာဉ်ကြောသို့ရောက်ရှိ ကာ ဒေါပုံရဲစခန်း ၀င်းခြံ စည်းရိုးနှင့် ဒေါပုံမြို့နယ်ရဲတပ်ဖွဲ့မှူးနေထိုင်သည့် လုံးချင်းတစ်ထပ်တိုက်အိမ် ကိုဆက်လက်ဝင်ရောက် တိုက်မိခဲ့ပါသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်၊ခြံစည်းရိုးနှင့် နေအိမ်မျက်နှာစာယာဘက်ခြမ်းတို့ပျက်စီးသွားခဲ့ပြီး လူထိ ခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းသိရှိရပါသည်။
ယင်းကဲ့သို့ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ကျော်ကျော်လွင်အားဒေါပုံမြို့မရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ဖြင့်လည်းကောင်း၊ (ပ)၇၉/၂၀၁၄၊ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)ဖြင့်လည်းကောင်း အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
ပင်မ
/
အရှိန်မထိန်းနိုင်သည့် ခရီးသည်တင်ယာဉ်မှ လမ်းလယ်အကာအရံအားတိုက်မိပြီး ခြံစည်းရိုး နှင့် နေအိမ်တို့အား ဆက်လက်ဝင်ရောက်တိုက်မိ

မှတ်ချက်များ