မန္တလေး ဘူတာရုံ ဖြစ်စဉ်အမှန်

ဒီနေ့ အင်တာနက်မှာ သမ္မတကြီး ဦးသိန်းစိန်ကို အပုပ်ချထားတဲ့Comment အချို့ကိုတွေ့လိုက်လို့ ဒီစာကိုရေးလိုက်ရတာပါ။အပုပ်ချထားတဲ့စာထဲ မှာ သမ္မတကြီး ဦးသိန်းစိန် တပ်ရင်းမှူးဘ၀က မန္တလေး ဘူတာကြီးမှာ သူစီးမဲ့ ရထားထွက်သွားလို့သူ့ကို မစောင့်ရမလားဆိုပြီး ရုံပိုင်ချုပ်ကို လက်သီးနဲ့ထိုး တယ်ဆိုပြီး ရေးထားပါတယ်။

ဒုဗိုလ်မှူးကြီးသိန်းစိန်ကြောင့် ရုံပိုင်ချုပ်လည်း အလုပ်ပြုတ်သွားပြီး DSA တက်နေတဲ့ ရုံပိုင်ချုပ် သားလဲ ကျောင်းထုတ်ခံရတယ်လို့ရေး ထားပါတယ်။

အဲဒီအချိန်တုန်းက ကျွန်တော်ဟာ မီးရထားအရာရှိအဖြစ် မန္တလေးဘူတာမှာ တာဝန်ကျနေခဲ့တဲံအ တွက်ကြောင့်မို့လို့ ဒီဖြစ်စဉ်ကို အသေးစိတ်ကြုံတွေ့ခဲ့ရပါတယ်။အချိန်က ၁၉၉၁ ခုနှစ်မှာ ဖြစ်ပါတယ်။
ရုံပိုင်က ဦးစံရွှေမောင် လို့ ခေါ်ပါတယ်။ သူ့သားက DSA အပတ်စဉ်(၁၈)က ကိုကောင်းမြတ်သူပါ။အဲဒီလိုဖြစ်တဲ့အချိန်မှာ ကိုကောင်းမြတ်သူက တိုက်ပွဲမှာကျလို့ ဆုံးနေခဲ့ပါပြီ။

ဒါကြောင့် ဒုမှူးကြီး သိန်းစိန်နဲ့ရန်ဖြစ်လို့ DSA မှာ တက်နေတဲ့ ဗိုလ်လောင်းကျောင်းထုတ်တယ်ဆို တာ မဟုတ်ပါဘူး။အဲဒီတုန်းက ရုံပိုင်ချုပ် ဦးစံရွှေမောင်ဟာ ဘယ်လိုလူမျိုးလဲ ဆိုတာအဲဒီအချိန်က မန္တလေး ဘူတာမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၀န်ထမ်းတော်တော်များများ သိကြပါတယ်။သူဆုံးသွားလို့ သူ့အကြောင်း မကောင်းပြောတာမဟုတ်ပါဘူး။ ဖြစ်ရပ်မှန်ကိုအားလုံးသိစေချင်လို့ပါ။ အဲဒီလိုဖြစ်တဲ့နေ့က ဒုတိယဗိုလ်မှူး ကြီး သိန်းစိန် တာဝန်အရ ခရီးသွားဖို့ မနက်အစောကြီးမှာ ရထားလက်မှတ် လာဝယ်ပါတယ်။

ရုံပိုင်က ရထားထွက်ခါနီး နာရီဝက်အလိုမှာ ပစ္စည်းတွေတစ်ခါတည်းယူပြီး လာခဲ့ ဆိုပြီး ပြောလိုက်ပါ တယ်၊ဒုဗိုလ်မှူးကြီး သိန်းစိန် က ယူနီဖောင်းအပြည့်အစုံနဲ့ ရထား မထွက်ခင် (၁)နာရီ ကြိုပြီး လာပါတယ်။
ပစ္စည်းတွေလဲ ပါလာပါတယ်။အဲဒီအချိန်မှာ ရထားတွဲတွေငှားတဲ့ ကုန်သည်တွေနဲ့ ရုံပိုင်က စကားပြောနေပါတယ်။
ရုံပိုင်က ခဏစောင့်ဦး ဆိုပြီး ကုန်သည်နဲ့ ဆက်ပြီး စကားပြောနေတာပါ။ ဒီအချိန်မှာ တစ်ခြား မှောင်ခို လက်မှတ်တွေကိုတော့ တစ်ခါတည်း လုပ်ပေးတာကို တွေ့နေရပါတယ်။ဘေးမှာ ရထားက အရာရှိ တစ်ယောက် ရှိပါတယ်။ အလုပ်သင်(၄)က ဗိုလ်ကြီးနဲ့ ပြောင်းသွားတဲ့ သူပါ။အခုလက်ရှိသက်ရှိ ထင်ရှား ရှိနေပါသေးတယ်။

ရုံပိုင်ချုပ်က ကုန်သည်တွေနဲ့ ဟေလားဝါးလား ပြောဆိုနေပြီးတော့ ဒုဗိုလ်မှူးကြီး သိန်းစိန်ကို ထိုင်ခိုင်းထား တာပါ။ရထားချိန် နီးလာတာနဲ့အမျှ ဒုဗိုလ်မှူးကြီး သိန်းစိန်က စိတ်ပူပြီး ရထားလက်မှတ်ကိစ္စ ထပ်ပြောပါ တယ်။
အဲဒီအချိန်မှာ ရုံပိုင်ချုပ် တပည့်တွေ အလျှိုလျှိုဝင်လာပြီး ရထားလက်မှတ်တွေကို မှောင်ခိုသမားတွေဆီ ပေးနေတာ ဒုဗိုလ်မှူးကြီး သိန်းစိန်က မြင်နေပါတယ်။အဲဒါနဲ့ ဒုဗိုလ်မှူးကြီး သိန်းစိန်က မနက်အစောကြီး ကတည်းက ကျွန်တော်လက်မှတ် လာဝယ်ခိုင်းထားတာပါ။ အခုထိ မရသေးဘူး။ ကျွန်တော့်မှာ အရေးကြီး တာဝန်နဲ့ပါ လို့ပြောပါတယ်။ရုံပိုင်ချုပ်က ခင်ဗျားဘာလောနေတာလဲဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း စပြောပါတယ်။

မှောင်ခိုသမားတွေ ခုမှလာပြီး လက်မှတ်တွေ ယူနေတယ်။ နိုင်ငံ့တာဝန်နဲ့သွားလာနေတဲ့သူတွေကျတော့ ဒီလိုလက်မှတ်လုပ်မပေးတာကောင်းသလားဆိုပြီး စကားများကြတာပါ။ရုံပိုင် ချုပ်က ခင်ဗျား ကျွန်တော် ပေးရင် ရမယ်-မပေးရင် မရဘူးဗျာ ဆိုပြီး ပြောပါတယ်။
ဒီမှာပဲ ခင်ဗျား ပြောတာ မိုက်ရိုင်းလှချည်လားဆိုပြီး လက်နဲ့ ရင်ဘတ်ကို ဆောင့်တွန်းတာပါ။ မထိုးပါဘူး။
ဒီမှာပဲ အကျယ်အကျယ် မဖြစ်ရအောင် ရုံပိုင်တပည့်တွေက လက်မှတ် ချက်ချင်း ထုတ်ပေးပါတယ်။ဖြစ်စဉ်က ဒါပါပဲ။

အဲဒီတုန်းက ရုံပိုင် ဘယ်လိုလူစားလဲ ဆိုတာ မကြာပါဘူး။ ပြဿနာ တက်ပါတယ်။မန္တလေး ဆေးတက္ကသိုလ်က ဆေးကျောင်းသားတွေကျောင်းပိတ်လို့ ခွင့်ပြန်ကြတဲ့အချိန်မှာ ဖြစ်တာပါ။ရုံပိုင်ကို အဲဒီတုန်းက စစ်တိုင်းမှူးက ဆေးကျောင်းသားတွေအတွက် ရထားလက်မှတ်တွေ ချန်ခိုင်းထားပါတယ်။ကျောင်းသားတွေလည်း Ok ဆိုပြီး ဘူတာကို အုပ်စုလိုက်ကြီး ရောက်လာကြပါတယ်။ဘူတာလည်းရောက်ရော ကျောင်းသားတွေဖို့ လက်မှတ်မရှိဘူး ဆိုပြီး ရုံပိုင်ချုပ်က ပြောပါတယ်။
အမှန်တော့ ကျောင်းသားတွေအတွက်လက်မှတ်တွေကို မှောင်ခိုသမားတွေလက်ထဲထည့်ချင် တဲ့ရည်ရွယ်ချက်နဲ့ အကြံအဖန်လုပ်တာပါ။

ဒါတွေကို ကျောင်းသားတွေက သိလို့ ပြောတဲ့အခါမှာ ကျောင်းသားတွေကကိုရုံပိုင်ချုပ်က မိုက်မိုက်ရိုင်း ရိုင်း ဆဲပါတယ်။ မင်းတို့ ဒီရထား မရလည်း နောက်ရထားရမှာပဲ..နောက်ရထား မရလည်း နောက်နေ့ ရထားရ မှာပဲ။ ငါ့လီးမို့လို့ ငါ့ကို လာပြီး ပြောနေတာလဲ ဆိုပြီး ရုံပိုင်က ပြောတာပါ။မင်းတို့လို ကောင်တွေနဲ့ ပြောရတာ အချိန်ကုန်တယ်။ မအေလိုးတွေဆိုပြီး ဆဲတာပါ။အဲတော့ ကျောင်းသားတွေက စိတ်တိုပြီး ရုံပိုင်ချုပ်ကို ၀ိုင်းရိုက်ဖို့ လုပ်ပါတယ်။ကျောင်းသားတွေကလည်း စစ်တိုင်းမှူးကို ပြောထားတယ်။ စစ်တိုင်းမှူးကလည်း ပြောထားပြီးပြီ ဆိုတော့ ရပြီဆိုပြီး စိတ်အေးလက်အေး ဘူတာဆင်းသွားကြတာပါ။အဲတုန်းက ပြဿနာဖြစ်ခဲ့တဲ့ ကျောင်းသားတွေက အသိဆုံးပါ။
ရုံပိုင်ချုပ်က ငွေမက်တယ်။

မှောင်ခိုပဲ ရောင်းစားတယ်။ တစ်ကယ် လိုချင်ရင် ဈေးကြီးပေးပြီး ၀ယ်ရတယ်။ဒီမှာပဲ ရဲတွေ ရောက်လာပြီး ကျောင်းသားတွေကိုတားပါတယ်။ ကျောင်းသားတွေအားလုံး ရုံပိုင်ကို တစ်ကယ်ရိုက်တော့မှာပါ။
နောက် လပခက စစ်သားတွေ ရောက်လာတယ်။နောက်ဆုံးမှကျောင်းသားတွေ လက်မှတ်ရပါတယ်။ ပြီးတော့ ရထားပေါ်တက်ပြီး အိမ်ပြန်လာခဲ့ကြတယ်။နောက်တော့ သတင်းကြားပါတယ်။ ရုံပိုင်ကို အဖွဲ့ဖွဲ့စစ်တော့ ကျောင်းသားတွေ နာမည်နဲ့လက်မှတ်နေရာတွေကိုမှောင်ခိုရောင်းထားတာ တွေ့ရတယ် လို့ ပြောပါတယ်။
ဒါတင်မကဘူး မရိုးမသား ထင်ရာစိုင်းလုပ်နေတဲ့ အခြား အလွဲသုံးစားတွေလည်း ပေါ်ပါတယ်။ဒီမှာပဲ ရုံပိုင်ကို အနားပေးလိုက်တာပါ။ တစ်ကယ်က ရုံပိုင်က အဲလိုလူမျိုးပါ။ကျွန်တော်အနေနဲ့ အဲဒီဖြစ်စဉ်တွေမှာ ရုံပိုင်ချုပ်နဲ့တကယ်ကြုံတွေ့ပြီး ဖြစ်စဉ်အမှန်ကို ရေးသားဖော်ပြ
ရခြင်းဖြစ်ပါတယ်။

ဦးမြ၀င်း (မီးရထားအရာရှိဟောင်းတစ်ဦး)
အမှန်တရား အား မြတ်နိုးရင် သမ္မတကြီး အတွက် ၀ိုင်းဝန်း ရှယ်ပေး
ကြပါစို့…… We Love True မှ စုံစမ်း မေးမြန်တင်ဆက်ပါသည်။

မှတ်ချက်များ