ငါးကို သေချာစင်အောင်ပွတ်တိုက်ဆေးပြီး ဆား ၊ ဆနွင်းမှုန့်တွေနဲ့ပါ အထပ်ထပ်ဆေးပေးထားပါ။
ဂျင်းထောင်း ၊ ငံပြာရည်အကြည် ၊ ဆနွင်းမှုန့် အ နည်းငယ်ထည့်ပြီး နယ်ပေးပါ။
ကြက်သွန်ဖြူ/နီ ၊ ဂျင်းနဲ့ ငရုတ်နှစ်ကိုထောင်းပေးပါ။
ကြက်သွန်ဖြူ/နီ ၊ ဂျင်းနဲ့ ငရုတ်နှစ်ကိုထောင်းပေးပါ။
ခရမ်းချဉ်သီးအလုံးသေးလေးတွေကို နှစ်ခြမ်းခြမ်းထားပေးပါ။
ငရုတ်သီးစိမ်း ၄ တောင့်လောက်ကို ညှပ်ထားပါ။
မြေပဲဆံအနည်းငယ် ထောင်းထားပါ။
ချက်မယ့်အိုးထဲ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်အနှစ်ကို ဆီချက်ပေးပါ။
ချက်မယ့်အိုးထဲ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်အနှစ်ကို ဆီချက်ပေးပါ။
မြေပဲဆံကိုထည့်မွှေပါ။
ငရုတ်သီးစိမ်းပါထည့်ပေးပါ။
ပြီးမှ ငါးခေါင်းကိုထည့်ပြီး အပေါ်က ခရမ်းချဉ်သီးအုပ်ပေးပါ။
ရေကို ငါးခေါင်းမြှုပ်အောင်ထည့်ပြီး အိုးဖုံးလေးဖုံးပါ။
အရည်စည်းသွားတဲ့အထိ ချက်ထားပေးပါ။
ပြီးမှ အချို အငန် မိမိကြိုက်သလိုမြည်းပြီး ထည့်ပေးပါ။
ခရမ်းချဉ်သီး အနှစ်လေးနဲ့မို့လို့ အချဉ်ကို လိုအပ်မှ မကျည်းနှစ်ဖျော်ပြီး ထည့်ပေးပါ။
အရသာအနေတော်ပြီဆိုရင်တော့ နံနံပင်ကို ရေဆေးထည့်ပေးပါ။
ခရမ်းချဉ်သီးအနှစ်နဲ့ မြန်မာ့အရသာဆန်ဆန် ငါးခေါင်းဟင်းကို ရပါပြီ
အစားအစာကမ္ဘာ

မှတ်ချက်များ