ပုစွန်ကို သေချာဆေးပြီး အခွံခွါ့ပါ။
ပြီးရင်တော့ ငံပြာရည်အရည်ကြည် ၊ အရသာမှုန့် နဲ့ ဆနွင်းနည်းနည်းထည့်ပြီး နယ်ထားပေးပါ။
ကြက်သွန်ဖြူ ၊ ကြက်သွန် နီ သေချာခွါပြီးဆေးပေး ပါ။
ကြက်သွန်နီကို ထောင်းထားပေးပါ။
ကြက်သွန်ဖြူကို ဓါးပြားရိုက်ပြီး ဆီချက်ပေးပါ။
ဆီနည်းနည်းပဲ ထည့်ပေးရမှာပါ။
ကြက်သွန်ဖြူနံ့လေး မွှေးလာပြီဆိုရင် ကြက်သွန်နီ ထောင်းထားတဲ့ အနှစ်လေးကို ထည့်မွှေပေးပါ။
ကြက်သွန်နီအနီရောင်လေးသန်းပြီး အနံ့လေး မွှေးလာပြီဆိုရင် ပုစွန်နဲ့ ကြက်သွန်နီ အရွယ်တော်တစ် လုံးကို လေးခြမ်းလောက်စီ လှီးထားတဲ့ အတုံးလေးတွေကို ထည့်မွှေပေးပါ။
ကြက်သွန်နီ ဥသေးရနိုင်ပါက ဥသေးလေးတွေကို အခွံနွာ ရေဆေးပြီး ထည့်ပေးတာက ပိုကောင်းပါတယ်။
ပုစွန်လည်းကွေး ၊ ကြက်သွန်လည်း နူးပြီဆိုပါက သရက်သီးသနပ် ချဉ်စပ်လေးကို ထည့်ပေးပါ။ မွှေ ထားပေးရမှာပါ။
သရက်သီးသနပ်ရဲ့ မွှေးဆိမ့်တဲ့ ရနံ့လေးနဲ့ ကြက်သွန်နီရဲ့ အချိုလေးနဲ့ ပုစွန်ချိုချဉ်လေး ရပါပြီရှင်။
ကြိုက်တတ်ရင်တော့ ငရုတ်သီးအတောင့်လေးကို သေချာရေဆေးပြီး ထည့်မွှေပေးပါ။
ချိုချဉ်ပုစွန် သရက်သီးသနပ်လေးကို စားတဲ့အခါ နူးအိနေတဲ့ ငရုတ်သီးစပ်စပ်လေးကို တွဲဖက်စားသုံးခြင်းဖြင့် ထူးခြားတဲ့အရသာတစ်မျိုးကို ရရှိနိုင်ပါတယ်။
အစားအစာကမ္ဘာ

မှတ်ချက်များ