![]() |
| ပစ်ခတ်မှုနဲ့ပတ်သက်လို့ စာနယ်ဇင်း ရှင်းလင်း |
ဘာဖြစ်ခဲ့သလဲ ဆိုတာကို အတိအကျ မသိရသေးပေမဲ့၊ တပ်ဖွဲ့တခုရဲ့အဆောက်အဦးတွေထဲ သေနတ် သမားက ဝင်ပစ်ခဲ့ပြီး နောက်ဆုံး Fort Hoodတပ်ထိန်းနဲ့ ထိပ်တိုက်တွေ့စဉ် မှာ သူ့ကိုယ်သူ ပစ်ခတ်ခဲ့တဲ့
ဒဏ်ရာနဲ့သေဆုံးသွားတယ်လို့ ပြောပါတယ်။
ဘာကြောင့် ခုလို သူ ပစ်ခတ်သလဲဆိုတာကိုတော့ မသိရသေးပါဘူး၊ ဒါပေမဲ့ အကြမ်းဖက်မှုနဲ့ ဆက်နွယ်တယ်လို့တော့ အာဏာပိုင်တွေက မထင်ကြပါဘူး။ သေနတ်နဲ့ပစ်ခဲ့သူဟာ Ivan Lopez ဖြစ်တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ သူဟာ ၂၀၁၁ ခုနှစ်တုန်းက အီရတ်က အမေရိကန် တိုက်ခိုက်ရေး တပ်မှာ ၄လတာဝန်ထမ်းခဲ့ပြီး စစ်ပြန်တွေ ခံစားရတဲ့ စိတ်ဒဏ်ကို ကုသခံနေရ သူဖြစ်တယ် လို့လဲ တပ်မှုးကြီး ဒုတိယဗိုလ်ချုပ်ကြီး Milley ကပြောပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်မှု အတွက် စွန်လွှတ် အနစ်နာခံကြတဲ့ စစ်သားတွေရဲ့ မိသားစုတွေမှာ ဒါမျိုးထပ်ကြုံရတဲ့အတွက် သူ့အနေနဲ့ အင်မတန် စိတ်မကောင်းဖြစ်ရတယ်လို့ သေဆုံး ဒဏ်ရာရသူတွေအတွက် သမ္မတ အိုဘားမားက ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်၊
ဗွီအိုကေ(မြန်မာပိုင်း)

မှတ်ချက်များ