ဂျပန်နိုင်ငံ Fuji TV Channel အတွက်ရိုက်ကူးရေး အမှတ်တရ

ဂျပန်နိုင်ငံရဲ့ ကြည့်ရှုသူပရိသတ်ပေါင်း ၄၀၀၀၀၀ ကျော်ရှိတဲ့ Fuji TV Box Channel မှာ ယခုနှစ် မေလ မှာထုတ်လွှင့်ပြသဖို့အ တွက် မြန် မာနိုင်ငံရဲ့ အထင်ကရနေရာများ ၊ မြန် မာ့ရေမြေအ လှအပများ ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာ လက်ရာများ နဲ့ နန်းခင်တို့ ဧည့်လမ်းညွှန်ဘ ဝအကြောင်းများကို ဂျပန်နိုင်ငံမှ ပြည်သူချစ် ဟာသ သရုပ်ဆောင် ၊ Director Kei Nakamura တို့နဲ့အတူ ရန်ကုန်မြို့မှာ နန်းခင် ပါဝင်ရိုက်ကူးခဲ့ပါ တယ်ရှင်။ ရိုက်ကူးခဲ့တဲ့ နေရာတွေက နန်းခင် တို့ ဗုဒ္ဓဘာသာဝင်များ ဦးခိုက်ဖူးမြော်တဲ့ ရွှေတိဂုံဘုရား၊ ဆူးလေဘုရား အပါအဝင် ဗိုလ်ချုပ်ပန်းခြံ ၊ ဗိုလ် ချုပ်အောင်ဆန်းဈေး ၊ ကန်တော်ကြီးဥယျာဉ် စတဲ့ နေရာများမှာ ၃ ရက်ကြာ ရိုက်ကူးခဲ့ပါတယ် ရှင်။ မြန်မာ့ရိုး ရာ လက်မှုအနုပညာများ၊ မြန်မာ့သနပ်ခါးအကြောင်း ၊ မြန်မာ့ရိုးရာအစားအစာများ နဲ့ မြန်မာရိုးရာဗေဒင်ပ ညာများ အကြောင်း ကိုလည်း ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။ ဒါ့အပြင် မန္တလေး ၊ ပုဂံ ၊ အင်းလေးဒေသတွေ ကိုပါ သွားရောက်ရိုက်ကူးမှာပါ။

နန်းခင် က ရန်ကုန်မြို့ ရိုက်ကူးရေး ကဏ္ဍမှာ ယခုလို မြန်မာနိုင်ငံကိုယ်စားပြု Miss Myanmar တစ်ယောက်အနေနဲ့သာမက ဧည့်လမ်းညွှန်တစ်ယောက်အနေနဲ့ ပါဝင်ခွင့်ရခဲ့လို့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်။ မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့လည်း ဂုဏ်ယူမဆုံးဖြစ်ခဲ့ရပါတယ်ရှင်….။

ဒီအစီအစဉ်မှာ ပါဝင်ရိုက်ကူးဖို့ရန် စီစဉ်ခဲ့ကြသော တာဝန်ရှိသူများအားလုံးကိုလည်း နန်းခင် ကျေးဇူးတင်ပါ တယ်လို့ ဒီနေရာကနေ ပြောကြားပါရစေရှင်။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ လို့ မေတ္တာပို့သလိုက်ပါတယ်….။

နန်းခင်ဇေယျာ(Facebook)

မှတ်ချက်များ