![]() |
| ဓါတ်ပုံ .. ဒေါန အောင်တိုး |
ဒီနေ့ မြဝတီ ကော့ကရိတ် ကုန်သည်ကားလမ်း အဆင်းရက်ဖြစ်တဲ့အတွက် လမ်းဟောင်းအ တိုင်း မြဝတီကိုသွားလို့ မဖြစ်တာကြောင့် ဖေါက်လုပ်နေဆဲ အာရှကားလမ်းအသစ်ကနေ သွားကြမှာဖြစ်ပါတယ်။ သမီးလေးရွာသားတွေလိုက်ပါမယ့် ကားတန်း လမ်းလုံခြုံရေးကိုတော့ ဒီကေဘီအေ တပ်ဖွဲ့တွေနဲ့ ကေအန်ယူ တပ်ဖွဲ့တွေက ကူညီစောင့်ရှောက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်လို့ သိရှိရပါတယ်။
သမီးလေးရွားသားတွေကို ကြိုဆိုအားပေးတဲ့ ကော့ကရိတ်မြို့က ၈၈ မျိုးဆက် ငြိမ်းချမ်း/ပွင့်လင်း အဖွဲ့ဝင်တဦး ပြောပြတာကတော့ “ရွာသားတွေဟာ အတော်ကြီး ပင်ပန်းနေကြတယ်။ ဒါပေမယ့် သူတို့အားလုံး ဒီကေဘီအေက နေရာချထားပေမယ်ဆိုတဲ့ ကျောက်ခက်ရွာကို အရောက်သွားဖို့ စိတ်စောနေကြတယ်” လို့ ရှင်ပြတယ်။
မြဝတီကိုရောက်လာမယ့် ရွာသားတွေဟာ ဖားခြောက်ကောင် ဘုန်းကြီးကျောင်းမှာ ခေတ္တနာခိုကြမှာဖြစ်ပြီး၊ မြဝတီမြို့က NLD အဖွဲ့၊ ၈၈ မျိုးဆက် ငြိမ်းချမ်း/ပွင့်လင်း လူ့အဖွဲ့အစည်း၊ ABSDF ကျောင်းသားတပ်မတော်၊ ကရင်လူငယ်အစည်းအရုံး KYO ၊ KUN စတဲ့ အဖွဲ့အစည်းတွေက ကြိုဆိုအားပေးကြမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

မှတ်ချက်များ