50 Centဟာ သူ့ရဲ့နောက်ထွက်မယ့် အယ်လ်ဘမ် ‘Animal Ambition’ အတွက် အားသွန်ခွန်စိုက် လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ထက် အရေး ကြီးတဲ့ကိစ္စတစ်ရပ် ပေါ်လာခဲ့ပါတယ်။ Sleek Audio က တရားစွဲဆိုထားတဲ့ အမှုအခင်းအတွက် ကန်ဒေါ်လာ ၁၆သန်း ပေးချေရမယ်လို့ မိုင်ယာမီ တရားရုံးဟာ 50 Cent ကို အမိန့်ချမှတ်လိုက်လို့ပါ။Sleek Audio ဆိုတာကတော့ Fiddy (50 Cent) အတွက် wireless headphones လိုင်းတစ်ခု ထုတ်ပေးဖို့ ချိတ်ဆက်ထားတဲ့ ကုမ္ပဏီတစ်ခုပါ။ ကုန်သွယ်မှုလျှို့ဝှက်ချက်တွေကို အလွဲသုံးစားလုပ်လို့ ထိခိုက်နစ်နာမှုတွေဖြစ်ရတယ်၊ ကုမ္ပဏီရဲ့ အလားအလာအပြင် ယုံကြည်ချက်တွေပါ ပျက်စီးရတယ်ဆိုပြီး Sleek Audio က 50 Cent ကို တရားစွဲဆိုခဲ့တာပါ။
50 Cent ပေးဆောင်ရမယ့် ကန်ဒေါ်လာ ၁၆သန်းမှာ တရားရုံးစရိတ် ၄ ဒဿမ ၄ သန်းပါရှိတယ်လို့ သိရပါ တယ်။
Dr.Dreဟာ သူ့ရဲ့ Beat audio နဲ့ အောင်မြင်ခဲ့တာကို 50 Centက တွေ့မြင်ခဲ့ရပြီးနောက် ၂၀၁၁ခုနှစ် အစောပိုင်းမှာ wireless headphoneတွေ ဒီဇိုင်းဆွဲဖို့ Sleek နဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ အိတ်ဖွင့်စာ သစ်များအရဆိုရင် 50 Cent ဟာ Sleek ကနေ ဒီဇိုင်းလျှို့ဝှက်ချက်တွေကို ခိုးယူတယ်ဆိုပြီး စွပ်စွဲခံရတာပါ။
ဒီလိုကိစ္စတွေဖြစ်လာပေမဲ့ 50 Cent နဲ့ သူ့ရဲ့ရှေ့နေတွေဟာ အခြေအနေအရပ်ရပ်နဲ့ပတ်သက် ပြီး နှုတ် ဆိတ်နေပါတယ်။
သီဟနိုင် | Myanmar Latest News
မှတ်ချက်များ