iPhone 5 တွေကို ပြန်လဲပေးမယ့် ရှားပါးအစီအစဉ် တစ်ရပ်ကို iPhoneက အစပျိုးနေပါပြီ။ တချို့သော iPhone 5 တွေရဲ့ ပါဝါခလုတ် ချို့ယွင်းမှုရှိနေတဲ့အ တွက် ကောင်းကောင်း အလုပ်မလုပ်တဲ့ iPhone 5 တွေကို ပြန်လဲပေးမယ်လို့ Appleက ဧပြီ၂၅ ရက်နေ့ မှာထုတ်ပြန်ပြောကြားသွားပါတယ်။
ဒီလိုပြဿနာ ကြုံနေရတဲ့ iPhone 5 ပိုင်ရှင်တစ်ယောက် အနေနဲ့ Apple’s support ၀ဘ်ဆိုဒ်မှာ ဖုန်း serial နံပါတ်နဲ့ ၀င်ရောက်နိုင်ပါတယ်။ သတ်မှတ်ထားတဲ့အ ချက်အလက်တွေနဲ့ ကိုက်ညီတယ်ဆိုရင်တော့ Apple က အခမဲ့ ပြုပြင်ပေးသွားမှာပါ။
ပါဝါအဖွင့်အပိတ်ခလုတ်နေရာဟာ မထိတထိဖြစ်နေတာမျိုး၊ အလုပ်မလုပ်တော့တာမျိုး ဖြစ်တဲ့ ပြဿနာဟာ iPhone အသုံးပြုသူ ရာခိုင်နှုန်းအနည်းငယ်ပေါ်သာ သက်ရောက်မှုရှိပါတယ်။
သီဟနိုင် | Trend Myanmar

မှတ်ချက်များ