ကားမှတ်တိုင်နောက်တွင်ခြင်ထောင် ထောင် အိပ်နေသူကို သား မ ယားအဖြစ် ပြုကျင့်ရန်ကြံ စည်သူအား ၀ိုင်းဝန်းဖမ်းဆီးမှု မေ၅ရက် နံနက်၁နာရီ၁၅ မိနစ်ခန့်ကဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာပဲခူးတိုင်းဒေသကြီး ညောင်လေးပင် မြို့နယ်နေ(၃၅)နှစ်အရွယ်အမျိုးသမီးတစ်ဦး ကသက်ဆိုင်ရာသို့တိုင်ကြားခဲ့ရာတွင်မိမိနှင့် (၁၂) နှစ်အရွယ် တူမတို့ လသာမြို့နယ် ဗိုလ်ချုပ်လမ်းကားမှတ်တိုင်
နောက်တွင် ခြင်ထောင်ထောင်၍အိပ်နေစဉ် အမည်မသိ လူငယ်တစ်ဦးခြင်ထောင်ထဲသို့ရောက်ရှိလာပြီး တူမဖြစ်သူအား သားမယားပြုကျင့်ရန် ကြံစည်နေသည်ကို တွေ့ရသဖြင့် ပတ်ဝန်းကျင်သို့ အကူအညီ
တောင်းဖမ်းဆီးခဲ့သည်။
အဆိုပါလူငယ် မှာ လှိုင်သာယာမြို့နယ်နေ ဇော်မင်းကို (၂၆) နှစ်ဖြစ်ကြောင်း သိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။
လသာမြို့မ ရဲစခန်းမှ (ပ)၁၂၅/၂၀၁၄၊ ပြစ်မပုဒ်မ- ၃၇၆/၅၁၁ အရ အမှုဖွင့်အရေးယူထားသည်။
စံတော်ချိန် နေ့စဉ်သတင်းစာ

မှတ်ချက်များ