နာမည်ကျန်နေရစ်မယ် ဆိုတဲ့အခွေကိုထွက်ရှိဖို့ပြင်ဆင်နေတဲ့ ဖြူဖြူကျော်သိန်း



မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ခံရသလို ဘယ်လိုမြူးဇစ်ပုံစံ၊ ဘယ်လို ပါဖောင်းမန့်စ်တွေ၊ ဘယ်လိုဖက်ရှင်တွေနဲ့ တွေ့ရဦးမလဲဆိုပြီး ပရိသတ်စိတ်ဝင်တစား စောင့်ကြည့်ခံ ရသူကတော့ ဖြူဖြူကျေယ်သိန်းပါပဲ။ သူမရဲ့ ငါးခွေမြောက်အယ်လ်ဘမ်မှာ ကိုယ်ပိုင်သံစဉ်သီချင်း တွေချည်းပဲ ပါဝင်သွားမယ်လို့ သိရတာကြောင့် အဲ့ဒါနဲ့ ပတ်သက်ပြီး ဖြူဖြူကျော်သိန်းကို မေးဖြစ်ခဲ့တဲ့အခါ 

‘ဟုတ်ပါတယ်။ အစ်မရဲ့အခွေတွေမှာ နာမည်ကြီး တေးရေးဆရာမတွေက သာ ရေးသားပေးခဲ့ကြတယ်။ ဒီအခွေမှာတော့ Underground တီးဝိုင်းတစ်ခုဖြစ်တဲ့ The Scare အဖွဲ့နဲ့ စီစဉ်ထားပါတယ်။ သီချင်းတွေကိုလည်း The Scare အဖွဲ့ကပဲ ရေးပေးထားတယ်။ The Scare အဖွဲ့ဝင်က နှစ်ယောက်တည်းပါ။ သူတို့နှစ်ယောက်နဲ့ ဒီအခွေထဲမှာ သီချင်းနှစ်ပုဒ်တွဲဆို ထားတယ်။ 

ကိုယ်ပိုင်သံစဉ်သီချင်းတွေပဲ ပါဝင်သွားမယ်။ နာမည်ကျန်နေရစ်မယ် ဆိုပြီးTittle ပေးထားပါတယ်။ သူတို့ပဲတီးတယ်။ သူတို့ပဲ ဒီတစ်ခွေလုံးကို စီစဉ်ပေးထားတယ်။ သူတို့က အရင်ကတည်းက သီချင်းရေးတာ၊ သီချင်းဆိုတာ၊ တီးတာတို့ လုပ်နေတာကြာပါပြီ။ 

အစ်မအရင်ကတည်းကလည်း ဝါသနာရှင်တွေထဲကပဲဖြစ်ဖြစ်၊ အနုပညာရှင်တွေထဲကပဲ ဖြစ်ဖြစ် ကိုယ်ပိုင်သံစဉ်သီချင်းအသစ်တွေ လိုချင်တယ်လို့ အကုန်လုံး သိအောင်ကြေညာ ထားတော့ မနှစ်က အစ်မဆီကို သီချင်းတွေ လာပြကြတယ်။ အဲဒီ့လာပြကြတဲ့သူတွေ ထဲကမှ သူတို့ရဲ့ သီချင်းတွေ အကုန်လုံးကို ကြိုက်သွားတယ်။ ပြီးတော့ အစ်မစဉ်းစားမိတာ တစ်ခုရှိတယ်။ 

ပရိသတ်တွေရဲ့သီချင်း ဘဝမှာ တစ်ခါလောက်တော့ နားထောင်ဖူးသွားသင့်တယ်လို့ ထင်တယ်လေ။ ဒါကြောင့်သူတို့နဲ့ လက်တွဲပြီးတော့ ဒီအခွေလေးကိုထုတ်ဖြစ်တာပါ’လို့ ဖြူဖြူကျော်သိန်းက ပြောပြသွား ပါတယ်။

စန္ဒီ | Trend Myanmar

မှတ်ချက်များ