ဇာတ်ကားရိုက်ကူးမှုတွေ နားလိုက်ပြီဖြစ်တဲ့ ပွင့်နဒီမောင်

အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်း လာခဲ့ တာ ၁၀စုနှစ်တစ်ခုရှိသွားပြီဖြစ်တဲ့ သရုပ်ဆောင်ပွင့် နဒီမောင် တစ်ယောက် ဇာတ်ကားရိုက်ကူးခြင်းများ ရပ်နားတော့မယ် ဆိုတာနဲ့ ပတ်သက်ပြီးမေးမြန်း ဖြစ်ခဲ့တာကတော့ ‘ပိုးအိ အခုလတ်တလောမှာ သီချင်းတွေပဲ ဆိုဖြစ်နေပါတယ်။ 

အနုပညာအလုပ်တွေအပြင် တစ်ခြားစီးပွားရေး လုပ်ငန်း တွေလုပ်ဖို့စီစဉ်နေပါတယ်။ ပိုးအိဗီဒီယိုဇာတ်ကား တွေမရိုက်တော့ ပေမဲ့ ဓာတ်ပုံရိုက်တာတို့၊ ရှိုးလျှောက်တာတွေကိုတော့ လုပ်သွားမှာပါ။ ဗီဒီယို ဇာတ်ကားတွေက အခုနောက်ပိုင်း ရိုက်ရတာတွေက ဈေးကွက်တွေကအစ အရင် လိုမျိုး မဟုတ်တော့ဘူးလေ။ အရင်ကလို ကားရိုက်ရတာတွေကို မပျော်တော့ဘူး။  

ပိုးအိက အနုပညာအလုပ်တွေကို ဝါသနာပါလို့ လုပ်ခဲ့တာပါ။ စီးပွားရေးတစ်ခုအနေနဲ့ လုပ်ခဲ့တာ မဟုတ်ပါဘူး။ စိတ်ထဲမှာ အဆင်မပြေသလိုပဲ။ အရာရာအကုန်လုံးက အဆင်မပြေတော့ဘူးလို့ ထင်မိတယ်။ ပိုးအိက အလုပ်ဆိုရင် စိတ်ပါဝင်စားတဲ့ အလုပ်ကိုပဲ လုပ်ချင်တယ်။ စိတ်ညစ်နေရတဲ့ အလုပ်မျိုးကို မလုပ်ချင်တော့လို့ ကားမရိုက်တော့တာပါ။ ကားမရိုက်ဖြစ်တော့ပေမယ့် အရင်က ရိုက်ထားပြီးတဲ့ ဇာတ်ကား လက်ကျန်လေးတွေ ထွက်ဖို့တော့ ရှိပါသေးတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ နဲ့ပတ်သက်ပြီး မရိုက်ဖြစ်တော့တာကို ပရိသတ်တွေက ပိုးအိကိုနားလည်ပေးကြပါ’လို့ သူမက ဆိုပါတယ်။

စန္ဒီ | Trend

မှတ်ချက်များ