ရာသီဥတုပူတဲ့အတွက် ရာသီနဲ့လိုက်ဖက်တဲ့ အ၀တ်အစားကိုသာ ရွေးချယ်ဝတ်တယ်လို့ဆိုတဲ့ ကောင်းပြည့်



ဒီလိုပူလွန်းတဲ့ ရာသီဥတုမှာလည်း နေပူမရှောင်၊ မိုးရွာမရှောင် ကိုယ်ချစ်တဲ့အနုပညာအတွက်အစွမ်းကုန် ကြိုးစားနေရတဲ့ အနုပညာရှင်တွေကတော့ ပရိသတ်တွေအတွက် သူတို့ရဲ့သရုပ်ဆောင်ပညာကို ချပြနေရဆဲပါ။ 

ဒီလိုကာလမှာ ရာသီဥတုနဲ့ ပတ်သက်ပြီး သူတို့စိတ်ထဲမှာ ဘယ်လိုတွေရှိနေမယ်ဆိုတာကို သရုပ်ဆောင်ကောင်းပြည့်နဲ့ တွေ့ဆုံခိုက် မေးကြည့်ဖြစ်တဲ့အခါ သူက ‘မိုးရာသီ ကိုတော့ ရာသီဥတုထဲမှာ အကြိုက်ဆုံးပဲ။ နွေရာသီကိုတော့ သဘောမကျဘူး။ အရမ်းပူတဲ့တွက် အပြင်ထွက်ရိုက်ရတဲ့ခါကျရင် သိပ်အဆင်မပြေဘူး။ မိုးတွင်းကို ကြိုက်ပေမဲ့ ခုမိုးတွင်းကလဲ မိုးလဲသိပ်မရွာဘူး။ ပူတာပဲ။ 

ဒါပေမဲ့ နွေရာသီထက်စာရင် အပူသက်သာတဲ့ အတွက်ကြိုက်တာပေါ့နော်။ မိုးတွင်းမှာတော့ ရာသီဥတုနဲ့လိုက်သော အ၀တ်အစားကိုရွေးချယ်ဝတ်ဆင်ပါတယ်။ ယောကျာ်းလေးလဲ ဖြစ်တော့ မိန်းကလေးတွေလို တော့ အ၀တ်အစားပိုင်းက သိပ်ပြီးမရွေးချယ်ရဘူးပေါ့။ သင့်တင့်လျောက်ပတ်တဲ့ အ၀တ်အစားတွေကိုပဲ ရွေးဝတ်ဖြစ်ပါတယ်’တဲ့။

ခင်ဆွေသက် | Trend Myanmar

မှတ်ချက်များ