အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်ဖို့ အစီအစဉ် မရှိပါဘူးလို့ ဖွင့်ဟသွားတဲ့ အေးချမ်းမိုး



ပညာရေးတစ်ဖက်နဲ့ အနုပညာနှစ်ဖက်စလုံးမှာ ကြိုးစားလျှောက်လှမ်းနေသူလေးကတော့ မော်ဒယ်အေးချမ်းမိုး ပဲ ဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာ ကျောင်းပညာရေးတစ်ဖက်နဲ့မို့ မော်ဒယ်ရှိုးနဲ့ presenter အလုပ်ကို မျှပီးလုပ်ကိုင်နေရင်း အနုပညာခရီးကိုလျှောက်လှမ်းနေ ရသူပါ။

လက်တလောမှာ စာမေးပွဲ နီးနေတာကြောင့် ပညာရေးဖက်ကို အားစိုက်ကြိုးစားဖြစ်နေတယ်လို့ပြောလာတဲ့ အေးချမ်းမိုးနဲ့ တွေ့ဆုံခိုက် ‘လတ်တလောကတော့ ပုံမှန်အတိုင်းပဲ မဂ္ဂဇင်း ဓာတ်ပုံတွေရိုက်ဖြစ်တယ်။ presenter လုပ်ဖြစ်တယ်။ နောက်ပြီး ကျောင်းကလဲစာမေးပွဲနီးနေပြီဆိုတော့ စာဖက်ကိုလဲ ဦးစားပေးဖြစ်နေပါတယ်။ ကားရိုက်ဖက်က ကျတော့ ညီမတို့ အချိန်အများကြီးပေးရမယ်။

 ကားရိုက်ကတော့ အချိန်ပေးရတယ်လေ။ ညီမ ခု ကျောင်းပြီးအောင် လုပ်နေပါတယ်။ ကျောင်းပြီးမှပဲ စဉ်းစားဖြစ်မယ်ထင်ပါတယ်။ သီချင်းကတော့ ဆိုရတာဝါသနာပါတယ်။ ၀ါသနာအရတော့ ဆိုဖြစ်မယ်ထင် တယ်။ ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့တော့ ရပ်တည်ဖြစ်မယ် မထင်ပါဘူး။’ လို့ သူမက ပြောပါတယ်။

ခင်ဆွေသက် | Trend Myanmar 

မှတ်ချက်များ