ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာများကို အချိန်မီဆေးကုသမှုပြုလုပ်မပေး၍ လူနာအ သက်သေဆုံးမှုဖြစ်ခဲ့ ပါက ဆေးကုသမှုပေးရန် တာဝန်ပျက်ကွက်သူကို ထောင်ချနိုင်သည့် ဥပဒေ ကြမ်းတစ်ရပ်ကို ယနေ့ ကျင်းပသော ပြည်သူ့ လွှတ်တော် သို့ ပြည်သူ့လွှတ် တော်တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီတင်က သွင်းလိုက် သည်။
အသက်ဘေးအန္တရာယ်စိုးရိမ်ရသော ထိခိုက်ဒဏ်ရာရရှိသူ လူနာများကို အချိန်မီဆေးကုသနိုင်ရေးအတွက် ကူညီစောင့်ရှောက်ပေးရေး ဥပဒေကြမ်းဟု အမည်ပေးထားသော ယင်းဥပဒေကြမ်းသည် မတော်တ ဆဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူများတွင် ဆေးကုသမှု အချိန်မီမရရှိသဖြင့် အသက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်ရေးသားထားခြင်းဖြစ်သည်ဟု ပြည်သူ့လွှတ်တော်တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုကပြောသည်။
ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာများကို ကျန်းမာရေးကုသစောင့်ရှောက်မှုပေးသူက အချိန်မီဆေးကု သရန် တာဝန်ပျက်ကွက်၍ လူနာသေဆုံးကြောင်း ပေါ်ပေါက်ပါက တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ် ချမှတ်နိုင်သည်ဟု ပြည်သူ့လွှတ်တော်သို့ တင်သွင်းသည့် ယင်းဥပဒေကြမ်းတွင် ပါရှိသည်။
ယင်းဥပဒေကြမ်းကို ဥပဒေအဖြစ် အတည်ပြုနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် တို့တွင် ဆွေးနွေးဆုံးဖြတ်ခံယူရမည်ဖြစ်သည်။
7daydaily

မှတ်ချက်များ