ရုပ်ရှင်ဥပဒေ ပထမမူကြမ်း ယခုလကုန် ထွက်နိုင်ဦးမည်မဟုတ်


ရုပ်ရှင်အစည်းအရုံးမှ ဦးဆောင်ရေးဆွဲလျက်ရှိသော ရုပ်ရှင်ဥပဒေ ပထမမူကြမ်းကို ယခင်ရည်မှန်းထားသည့် ဇွန်လ ကုန်တွင် အပြီးသတ်ရေးဆွဲနိုင်ဦး မည်မဟုတ်ကြောင်း အစည်းအရုံး ဥက္ကဋ္ဌဦးလူမင်းက ပြောသည်။

‘‘ပြီးခဲ့တဲ့ရက်ကပဲ အစ်ကိုတို့ အစည်းအဝေးထိုင်သေးတယ်။ အရင်ကရုပ်ရှင်ဥပဒေ ပထမမူ ကြမ်းကို ဇွန်လကုန်မှာထွက်ဖို့မှန်း ထားပါတယ်။ ဒါပေမဲ့ ပထမမူ ကြမ်းဆိုတဲ့အဆင့်အထိ အကုန် လုံးမပြီးသေး ဘူးဆိုတော့ နောက် ထပ်အနည်းဆုံး အစည်းအဝေး နှစ်ကြိမ်လောက်လုပ်ရဦးမယ်။ အဲဒီတော့ အကုန် လုံးပြီးဖို့ဆိုရင် အချိန်နည်းနည်းတော့လိုဦးမယ်’’ ဟု ဦးလူမင်းက ပြောသည်။

ရုပ်ရှင်ဥပဒေရေးဆွဲခြင်းနှင့် ပတ်သက်၍ နောက်ဆုံးအဆင့် သို့ရောက်ရှိနေပြီဖြစ်ပြီး ယင်း ဥပဒေသည် ရုပ်ရှင်လောကသား များကို အမှန်တကယ်အကာ အကွယ်ပေးကာ ရုပ်ရှင်လောက အမှန်တကယ်အ ကျိုးဖြစ်ထွန်းနိုင် ရေးအတွက် ရည်ရွယ်ရေးဆွဲထား ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ဒီဥပဒေတစ်ခုကိုကိုင်ဆွဲ ပြီး ဆောင်ရွက်ရမှာ၊ ကျင့်သုံးရ မှာ၊ အကာအကွယ်တွေယူရမှာ ဆိုတော့ အကုန် လုံးခြုံမိအောင် ထည့်ပြီး ရေးဆွဲထားတယ်။ ကိုယ်တို့ချည်း ရေးတာလည်း မဟုတ်ဘူး။ ဥပဒေပညာကို နား လည်တဲ့ပညာရှင်တွေနဲ့ တိုင်ပင် ပြီးဆွဲနေတာ’’ဟု ၎င်းက ပြော သည်။

ရုပ်ရှင်ဥပဒေအပေါ် ရာနှုန်း ပြည့် အားရကျေနပ်မှုရှိပြီး ၎င်း၏ ဥက္ကဋ္ဌသက်တမ်းတွင် ရေးဆွဲသွား နိုင်မည်ဟု ယုံကြည်ကြောင်း ဦးလူမင်းက ပြောသည်။

7daydaily

မှတ်ချက်များ